လမ်းသစ်တိုးချဲ့မည့် သတင်းကြောင့် မုံရွာမြို့ မီးရထားလမ်းဘေး မြေဈေးများတက် - Property News in Myanmar from iMyanmarHouse.com
1356 Views

လမ်းသစ်တိုးချဲ့မည့် သတင်းကြောင့် မုံရွာမြို့ မီးရထားလမ်းဘေး မြေဈေးများတက်

မုံရွာမြို့၊ ပြည်ထောင်စု လမ်းမကြီးနှင့်အပြိုင် မီးရထား လမ်းအရှေ့ဘက် လမ်းသစ်တိုးချဲ့ဖောက်လုပ်ရန် စီစဉ်နေသော သတင်းများထွက်ပေါ်လာသည့် နောက်ပိုင်း မီးရထားလမ်းအရှေ့ ဘက်ရှိ လမ်းဘေးအိမ်ခြံမြေဈေး များ မြင့်တက်သွားကြောင်း မုံရွာဒေသခံအိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

‘‘မုံရွာအိမ်ခြံမြေဈေးကွက် အနေနဲ့ ဒီရက်ပိုင်းအရောင်းအ ၀ယ်အေးနေတယ်။ ပြည်ထောင်စု လမ်းနဲ့အပြိုင် လမ်းသစ်တိုးချဲ့ ဖောက်လုပ်ဖို့ စီစဉ်နေတဲ့ သတင်း တွေထွက်ပေါ်လာတဲ့နောက်ပိုင်း မီးရထားလမ်းအရှေ့ဘက်အိမ်ခြံ မြေဈေးက ခုန်တက်သွားတယ်။ တိုးချဲ့လမ်းမြေလွတ်ပြီး အိမ်ခြံ မြေ၀င်းအပြည့်ရတဲ့ မြေကွက်တွေအရောင်းအ၀ယ်ဖြစ်တယ်။ ၀ယ် တဲ့သူတွေကလည်း လမ်းမြေနဲ့ လွတ်၊ မလွတ်စောင့်ကြည့်နေလို့ အ၀ယ်ပါးတာလည်းရှိတယ်’’ဟု မုံရွာမြို့ ၀ါရင့်အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးကသုံးသပ် ပြောကြားသည်။

မုံရွာမြို့ ကျွဲရဲလမ်းဆုံ အောင်မင်္ဂလာ အ၀ိုင်းမှ ဘိုးဘွားရိပ်သာအနီး လမ်းဆုံအ၀ိုင်းအထိ ပြည်ထောင်စု လမ်းမကြီးနှင့် အ ပြိုင်မီးရထားလမ်းအရှေ့ဘက် အခြမ်းတွင် ယခုဖေဖော်ဝါရီလ ဆန်း၌ လမ်းသစ်ဖောက်လုပ်ရန် တိုင်းတာမှုများ ဆောင်ရွက်ခဲ့ သည့်နောက်ပိုင်း မီးရထားလမ်း အရှေ့ဘက်လမ်းဘေးအိမ်ခြံမြေဈေး မြင့်တက်လာခြင်းဖြစ်ကြောင်း ယင်းဒေသခံအိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

ထန်းတောနှင့် လယ်တီရပ် ကွက်တို့တွင် မီးရထားလမ်း အ ရှေ့ဘက်ပေ ၄၀×၆၀ အိမ်ခြံ မြေတစ်ကွက်လျှင် ယခင်ကျပ် သိန်းတစ်ထောင်ခန့်သာ အ ရောင်းအ၀ယ်ဖြစ်ခဲ့ရာမှ လမ်းတိုးချဲ့ဖောက်လုပ်မည့် သတင်းများ ကြောင့် အချို့မြေကွက်များမှာ ကျပ်သိန်းတစ်ထောင့်ငါးရာမှ ကျပ်သိန်းနှစ်ထောင်ခန့်အထိ ဈေးနှုန်းမြင့်တက်သွားသည်။ အဆိုပါလမ်းပိုင်းအချို့အိမ်ခြံမြေများသည် လမ်းတိုးချဲ့ရာတွင် လမ်းမြေနှင့် မလွတ်ကင်း၍ ဖယ်ရှားရမည့်အနေအထားနှင့် ကြုံတွေ့ခဲ့သည့်အိမ်ခြံမြေများ အရောင်းအ၀ယ် မဖြစ်သည်အထိ ဖြစ်ပေါ်ခဲ့သည်။

မုံရွာမြို့ အောင်ချမ်းသာရပ် ကွက်နှင့် အင်းရွာသစ်ရပ်ကွက်တို့ တွင် မီးရထားလမ်းနှင့် ၇၅ ပေ အကွာအဝေးအား လမ်းမြေ အ ဖြစ်ထားရှိသည့် ပေ ၈၀× ပေ ၆၀မြေတစ်ကွက်လျှင် ယခင်က ကျပ်သိန်း ၁,၀၀၀မှ ကျပ်သိန်း ၁,၅၀၀ ၀န်းကျင်အထိ အရောင်းအ၀ယ်ဖြစ်ခဲ့သည်။ ပေ ၃၀× ၆၀ မြေတစ်ကွက်လျှင် ယခင်ကျပ်သိန်း ၃၀၀ ၀န်းကျင်ရှိရာမှ လမ်းတိုးချဲ့ဖောက်လုပ်မည့် သတင်းများကြောင့် ကျပ်သိန်း ၅၀၀ ထိ ဈေးမြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

‘‘လမ်းသစ်စီမံကိန်းကြောင့် အိမ်ခြံမြေဈေးကတော့ တစ် ထောင်တန်မြေက တစ်ထောင့်ငါး ရာတက်သွားတယ်။ အင်းရွာသစ် မြောက်ဘက်က စိုက်ပျိုးယာမြေ တွေဆို အရင်ယာမြေတစ်ဧက တစ်ထောင်ဝန်းကျင်အထိ ရှိခဲ့ တာ။ အခုကျပ်သိန်းတစ်ထောင့် ငါးရာအထိ ဈေးခေါ်နေကြပြီ။ အတွင်းဘက်ပိုင်းက ယာမြေတွေ ကလည်း အရင်တစ်ဧကကျပ် သိန်းနှစ်ရာဝန်းကျင်ရှိတာ အခု ကျပ်သိန်းငါးရာဝန်းကျင်အထိ အရောင်းအ၀ယ်ဖြစ်လာတယ်။ အရောင်းအ၀ယ်ပါးနေပေမယ့် လမ်းတိုးချဲ့မယ့်သတင်းကြောင့် ကြိုက်ရောင်းကြိုက်ဝယ်တော့ အရောင်းအ၀ယ်ဖြစ်နေတယ်’’ဟု မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် စိန်နန်းတော် အိမ်ခြံမြေအကျိုး ဆောင်ဦးညိုဝင်းက ပြောကြား သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service