ဗိသုကာပညာရှင်များ တီထွင်ထားသည့် ဗီယက်နမ်မှ တန်ဖိုးနည်းအိမ်များ လူကြိုက်များလာ - Property News in Myanmar from iMyanmarHouse.com
1649 Views

ဗိသုကာပညာရှင်များ တီထွင်ထားသည့် ဗီယက်နမ်မှ တန်ဖိုးနည်းအိမ်များ လူကြိုက်များလာ

ဗီယက်နမ် တောင်ပိုင်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသလောင်အန်းစီရင်စုရှိ တခြားအိမ်များကဲ့သို့ပင်
ဗိုဗန်ဒေါင်း၏အိမ်မှာ ၀ါး၊ အုန်းလက်တို့ဖြင့်ဆောက်လုပ်ထားသည့်
အိမ်ဖြစ်သော်လည်း တခြားအိမ်များနှင့်မတူသည်မှာ ဒေါင်း၏အိမ်ကို တိုက်ဖွန်း
မုန်တိုင်း၊ ရေကြီးမှုနှင့် ငလျင်ဒဏ်တို့ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်း ထုတ်၍ ဆောက်လုပ်ထားခြင်းဖြစ်
ပြီး ဒေါ်လာ ၄,၀၀၀ အောက်နည်းသော ကုန်ကျ စရိတ်ကြောင့် အကုန်အကျ သက်သာပြီး ရေရှည်
ခံသည့် နေအိမ်ဆောက်လုပ်မှုအဖြစ် လူသိများလာခြင်းဖြစ်သည်။

လယ်သမားဖြစ်သော ဒေါင်း၏အိမ်သစ်လေးတွင် အပြင်ဘက်ကို ၀ါး၊ွှုန်းလက် စသည်များဖြင့်
ဖွဲ့စည်းတည်ဆောက်ထား သော်လည်း အတွင်းပိုင်း အပြင်အဆင် များက အထင်နှင့်အမြင်ကို
လွဲမှားစေခဲ့ သည်။ သဘာဝဘေးအန္တရာယ်များ ကျရောက် လေ့ရှိရာ ထိုဒေသတွင် သဘာဝဘေး
ဒဏ် များက အကာအကွယ်ရနိုင်သော နံရံများ၊ စတီးဒေါက်တိုင်များ စသဖြင့် အဆင့်မြင့် နည်း
ပညာများသုံးကာ အိမ်၏ အတွင်းပိုင်းကို တည်ဆောက်ထားသည်။

"အိမ်အသစ်က ပိုပြီးလုံခြုံမှုရှိတယ်။ ပြိုကျ သွားမှာကိုလည်းမစိုးရိမ်ရဘူး" ဟု အဆိုပါ အိမ်၌
ပြောင်းရွှေကနေထိုင်နေသည်မှာ ကိုးလ ကြာမြင့်နေပြီဖြစ်သော အသက် ၄၈ နျစ် အရွယ်ရှိ
ဒေါင်းက အေအက်ဖ်ပီသို့ပြော ခဲ့သည်။ သဘာဝဘေးဒဏ် ခံရနိုင်ခြေရှိသူများ အတွက် အဆင်
ပြေစေမည့် တန်ဖိုးနည်းအိမ် များကို တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသော ဆုရ
ဗီယက်နမ် ဗိသုကာ ပညာကုမ္ပဏီတစ်ခုက ဒေါင်း၏ နေအိမ်ကို ရှေကပြေးပုံစံတစ်ခုအဖြစ်
စမ်းသပ်ဆောက် လုပ်ပေးထားခြင်းဖြစ်သည်။

S-House 2 ဟု အမည်ပေးထားသော ၎င်း၏အိမ်ကို အဆိုပါကုမ္ပဏိက အခမဲ့ ဆောက်လုပ်
ပေးခဲ့ခြင်း ဖြစ်သော်လည်း အကယ်၍ ထိုကဲ့သို့သော တန်ဖိုးနည်း အိမ်များ ဆောက်လုပ်ရောင်း
ချခဲ့မည်ဆိုလျှင် တန်ဖိုး ဒေါ်လာ ၄,၀၀၀ အောက်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း၏အိမ်သစ်လေးကို အိမ်နီးချင်းများ က သဘောကျနေကြကြောင်း ဒေါင်းက ဆိုရင်း
"အိမ်အဟောင်းနဲ့ နေတုန်းကဆိုရင် ခေါင်းမိုးကလည်း မိုးယိုတယ်။ တစ်ခါတလေ လေပြင်းတိုက်
ရင် အိမ်ပြိုသွားမှာကိုလည်းကြောက်နေခဲ့ရတယ်" ဟု ၎င်းကပြောသည်။ သဘာဝပတ်ဝန်းကျင်နှင့်
ကိုက်ညီမှုရှိအောင် ဒီဇိုင်းထွင်ထားသည့် ယင်းအိမ်မှာ ဗိုထရောင်ငဟီယာ (Vo Trong Nghia) ၏
တီထွင်ဖန်တီးမှုဖြစ်သည်။

ဆူနာမီဒဏ် ခံရသည့် ဒုက္ခသည်များခိုလှုံရန် အရေးပေါ်အခြေအနေ၌ အလွယ်တကူ တည်ဆောက်
နိုင်သည့် အိမ်များမှ ကွန်တိန်နာအိမ်များ အထိ အမျိုးမျိုးသော လူနေအိမ်များကိုဆောက် လုပ်ရာတွင်
လွယ်ကူ ဈေးသက်သာစေရန် ကြိုးစားလျက်ရှိသော ကမ္ဘာတစ်ဝန်းမှ တခြားဗိသုကာပညာရှင်များနှင့်
အတူ ၎င်းက ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ "နေထိုင်ရ အဆင်ပြေပြီး အပေါ်ယံအပြင် အဆင်
တွေထက် လုံခြုံမှုကို ပိုပြီးပေးစွမ်းနိုင် မယ့် နေရာတွေမှာ နေထိုင်ဖို့အတွက် ဆင်းရဲ သားတွေမှာ
လည်း အခွင့်အရေးရှိပါတယ်" ဟု ငဟီယာက အေအက်ဖ်ပီသို့ ပြောကြား ခဲ့သည်။

ထို့ပြင် ဆင်းရဲသားများကို အကူ အညီပေးရန် ဗိသုကာပညာရှင်တိုင်း၌ တာဝန် ရှိသည်ဟု ၎င်းက
ဆိုသည်။ အလွယ်တကူ တည်ဆောက်နိုင်သည့် အိမ်များ တီထွင်ရန် ၎င်း၏အဖွဲ့က အိမ်ဒီဇိုင်း
အတွက် စဉ်းစားကြံဆနေကြဆဲဖြစ်သည်။ နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်သော S-House ၃ တွင် လူ
ငါးဦးတည်းဖြင့် သုံးနာရီအတွင်း အိမ်တစ်လုံးကို တည်ဆောက်နိုင်မည်ဖြစ်သည်။

"S-House အတွက် ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ပိုင်ရှင်တွေက သူတို့အိမ် ကို ကိုယ်တိုင်
ဆောက်လုပ်နိုင်ဖို့ဖြစ်ပါတယ်" ဟု အဆိုပါကုမ္ပဏီမှ ကိုဆူကီ နီရှီဂျီးမားက ပြောကြားခဲ့သည်။

S-House 2 အိမ်၏ အပြင်ဘက်၌ ထည့်သွင်းထားသည့် အုန်းလက်များမှာ လေးနှစ်တစ်ကြိမ်
လဲလှယ်ပေးဖို့ လိုအပ်သော်လည်း ကြီးကြီးမားမား ကုန်ကျမည့် အခြားပြုပြင်မှုမျိုး မလိုအပ်ကြောင်း
အင်ဂျင် နီယာ Lien Phuoc HuyPhuong က ပြောသည်။ ယင်းအိမ်မှာ အတွင်းဘက်၌
ကျယ်ဝန်းကာ တံခါးများနှင့် ပြတင်းပေါက်များ ကြီးမားပြီး လေ၀င်လေထွက် ကောင်းသည်ကို
တွေ့ရသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service