ကျူးကျော်များအတွက် အငှားအိမ်ရာများ တည်ဆောက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1160 Views

ကျူးကျော်များအတွက် အငှားအိမ်ရာများ တည်ဆောက်ပေးမည်

မန္တလေးမြို့ရှိ ကျူး ကျော်နေထိုင်သူများအတွက် အ ငှားအိမ်ရာများဆောက်လုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

အဆိုပါ အငှားအိမ်ရာတိုက် ခန်းများကို ၂၀၁၅ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ခြေရာခြေမရှိသူများအတွက် သက်သာသော နှုန်းထားများဖြင့် ငှားရမ်းပေးသွားမည် ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတွဲဖက်အ တွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

ကျူးကျော်နေထိုင်သူများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့်အဆိုပါ လူတန်းစားများနေထိုင် ရာနေရာများနှင့် ၎င်းတို့လုပ်ကိုင် နေသည့် လုပ်ငန်းများအနီးတွင် တည်ဆောက်ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ကျူးကျော်နေထိုင် သူအများဆုံးတည်ရှိရာ အောင် မြေသာစံမြို့နယ် ဧရာဝတီမြစ် ကမ်းနားလမ်းတစ်လျှောက် (၁၂) လမ်းမှ ကန်တော်ကြီးလမ်းအနီး ထိ တည်ဆောက်သွားမည်ဖြစ် ကြောင်း မန္တလေးစည်ပင်မှ ကော်မတီဝင်အချို့က ပြောသည်။

‘‘အခြေခံလူတန်းစားဖြစ်တဲ့ အတွက်ဝယ်ပြီး နေဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတော့အစိုးရအနေနဲ့ စဉ်းစားပေးတာပါ။ တစ်လကို ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းလေးနဲ့ ငှားပေးမှာပေါ့’’ဟု တွဲဖက်အတွင်းရေးမှူးက ပြော ကြားသည်။ အငှားအိမ်ရာမှာ ငါး ထပ်ခန့်ပါဝင်နိုင်ပြီး စည်ပင်သာ ယာပိုင်မြေများတွင် ဆောက်လုပ် သွားမည်ဖြစ်ကာ ကျူးကျော်များ နေထိုင်နေသည့် အခြားနေရာများ ၌လည်း ဆက်လက်တည် ဆောက်သွားမည်ဟု ဦးသက်နိုင်ထွန်းကဆိုသည်။

မန္တလေးမြို့တွင် ၂၀၁၅ အတွင်း တန်ဖိုးနည်းအိမ်ရာနှင့် တန်းဖိုးမျှတအိမ်ရာ အခန်းငါးထောင်ခန့် တည်ဆောက်သွားမည်ဟု မန္တလေးစည်ပင်အရာရှိများက ပြောကြားထားသည်။ ယခုလက်ရှိ မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက် အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တည် ဆောက်ထားသည့် တန်ဖိုးနည်း အိမ်ရာနှင့် တိုင်းဒေသကြီးမြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသည့် တန်ဖိုး မျှတအိမ်ရာအခန်းပေါင်း ၁,၈၀၀ နီးပါးရှိနေပြီ ဖြစ်သည်။

အငှားအိမ်ရာတိုက်ခန်းများ အား ငှားရမ်းနေထိုင်ရန် အဆင် ပြေနိုင်မည်မဟုတ်ကြောင်း ကမ်း နားလမ်းရှိ ကျူးကျော်နေထိုင်သူ အချို့က ပြောသည်။ ‘‘အိမ်ငှားခ တောင် မတက်နိုင်လို့ ဒီနေရာလာ နေတာပါ။ အလုပ်အဆင်ပြေရင် တော့ ငှားနေနိုင်မလားမပြောတတ်ဘူး။ တစ်နေ့ဝင်ငွေ နှစ်ထောင်သုံးထောင်နဲ့တော့ ဘယ်လိုမှ ငှား နေနိုင်မှာ မဟုတ်ဘူး’’ဟု ဂေါဝိန် ဆိပ်မှ ကျူးကျော်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service