မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
784 Views

မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း အဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးခရိုင်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ စွန့်ခဲ့ရသူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရန် လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။

လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅,၀၀၀ နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ၎င်းတို့ကို အဆိုပါစီမံကိန်း၏ ရှစ်ခန်းတွဲ လေးထပ်နှင့် လေးခန်း တွဲ လေးထပ်တို့ကို ရောင်းချပေးသွားမည် ဖြစ်သည်။ ၀ယ်ယူ ထားသည့် လျှောက်လွှာများကို ဇန်န၀ါရီ ၂၆ ရက်မှ ၃၀ ရက်အတွင်း တိုက်ခန်း ၀ယ်ယူခွင့်ရရှိရန် ပြန်လည် တင်ပြရမည် ဖြစ်သည်။ ထိုတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို သုံးနေရာခွဲ ရောင်းချပေးလျက် ရှိသည်။

အငြိမ်းစားဝန်ထမ်းများ လျှောက်ထားပါက လျှောက်ထားသူသည် မန္တလေးခရိုင် အတွင်းနေထိုင်သူဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ မရှိသူ၊ အငြိမ်းစားပင်စင်စာအုပ်ကို တင်ပြ ရမည်ဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင် နေသူလုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းများကမူ ၀န်ထမ်းကတ်၊ လုပ်သက်ထောက်ခံစာများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး မသန်စွမ်းသူများကမူ တိုင်းပြည် တာဝန်ထမ်းဆောင်စဉ် ကိုယ်အင်္ဂါစွန့်ခဲ့ သူများ လျှောက်ထားနိုင်သည်ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများကို လက်ငင်း ငွေချေစနစ်သို့မဟုတ် ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ပြီး ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူပါက လျှောက်ထားသူ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာ သော အထောက်အထားများ တင်ပြလျှောက်ထားနိုင်သည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ် တစ်ဦးက “အဘတို့မှာ အိုးပိုင်အိမ်ပိုင်နေရဖို့ ဒီတစ်သက် အိပ်မက် တောင် မမက်ဖူးဘူး။ လက်ထဲမှာ ငွေရှိလို့ လာလျှောက်တာတော့ မဟုတ်ဘူး။ အဘတို့အနေနဲ့ကတော့ မှန်မှန် ကန်ကန်လေး လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

တပ်မတော်သား တစ်ဦးကလည်း “ဖြစ်ရင်တော့ အလကား ပေးစေချင်တာပေါ့ဗျာ။ ကျွန်တော်တို့က တိုင်း ပြည်အတွက် အသက်ပေးပြီး ကိုယ်အင်္ဂါ စွန့်ခဲ့ရသူတွေဆိုတော့ တပ်ကထွက်ချိန်မှာ ဘာမှလက်ထဲ မရှိဘူး။ကြုံသလိုပဲ နေနေရတယ်။ အခု အဲဒီဘ၀က ကျွတ်ပြီလို့ ထင်တယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်မယ်” ဟု ပြော သည်။

အဆိုပါ တိုက်ခန်းများကို မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ လျှောက်ထားခွင့်ရှိကြောင်း၊ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငါးနှစ် အတွင်း တိုက်ခန်းများကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်၍ တိုက်ခန်းများ ပြန်လည်ရောင်းချလိုပါက စည်ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ရှိသည်ဟု စည်းကမ်းချက်များ သတ်မှတ်ထားသည်။

စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “ဒီလိုတွေ သတ်မှတ်ရတာကတော့ ဝယ်ယူပြီး ဈေး ကစားလိုက်ရင် အိမ်ရာဈေးနှုန်းတွေ မြင့်မားလာမှာမို့ ကာကွယ်တဲ့ သဘောပါ။ အဲလို ရောင်းချတာ၊ လွှဲပြောင်းတာတွေ လုပ်တာကို စစ်ဆေးတွေ့ရှိရင်တော့ တိုက်ခန်းကို ပြန်သိမ်းပြီး အရေးယူသွားမယ်” ဟု ပြောသည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service