ရန်ကုန်မြို့မှ ၁၀ မိုင်ကျော်တွင် စီးပွားရေးအချက်အချာ နယ်မြေငယ်များ ထပ်မံဖော်ထုတ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1705 Views

ရန်ကုန်မြို့မှ ၁၀ မိုင်ကျော်တွင် စီးပွားရေးအချက်အချာ နယ်မြေငယ်များ ထပ်မံဖော်ထုတ်မည်ဟုဆို

ရန်ကုန်မြို့မှ ၁၀ မိုင်နှင့် ၁၅ မိုင်အကွာတွင် စီးပွားရေးအချက်အချာနယ်မြေငယ်များ ထပ်မံဖော်ထုတ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။

အဆိုပါ နယ်မြေများမှာ လက်ရှိ မရမ်းကုန်းမင်းဓမ္မတွင် ဖော်ထုတ်မည့် ရန်ကုန်၏ဒုတိယ မြောက် စီးပွားရေးအချက်အချာ နယ်မြေနှင့် ဆက်စပ်မှု ရှိစေရန် Sub-Centre ငယ်လေးများအ ဖြစ် ထပ်မံဖော်ထုတ်သွားရန် စီ စဉ်ထားကြောင်း ဦးတိုးအောင်က ဆိုသည်။ Sub-Centre ဆိုသည်မှာ ပြဇာတ်ရုံများ၊ စီးပွားရေးအ ဆောက်အအုံများ၊ ရုံးခန်းများ၊ ရှော့ပင်းမောလ်များ၊ ရောင်းဝယ် ရေးလုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်သည်။

အဆိုပါ နယ်မြေများကို ထောက်ကြန့်၊ မင်္ဂလာဒုံ၊ လှိုင် သာယာကဲ့သို့ မြို့နယ်များတွင် လတ်တလောလျာထားပြီး လုပ် ကိုင်လိုသည့် လုပ်ငန်းရှင်များက မြေနေရာကို အဆိုပြုတင်ပြ လျှောက်ထားနိုင်ရန် စီစဉ်ပေး မည်ဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။

‘‘ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း ကို အဆိုပြုလွှာလာတင်။ သင့် တော်တဲ့နေရာမှာ သင့်တော်သလို ခွင့်ပြုပေးမယ်’’ဟု ဦးတိုးအောင် ကရှင်းပြသည်။ လက်ရှိရန်ကုန်မြို့ လယ်၌ စီးပွားရေး အဆောက် အအုံများ၊ လူနေအိမ်ရာများ၊ ရုံး လုပ်ငန်းများဖြင့် ကျပ်တည်းလာမှုကို ဖြေရှင်းရန် ၂၀၁၄ က မရမ်းကုန်းမြို့နယ် မင်း​ဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဧကတွင် အကောင်အထည်ဖော်ရန် The First Myanmar ဆောက်လုပ်ရေးကုမ္ပဏီကို စီးပွားရေးအဆောက်အအုံများ လုပ်ကိုင်ရန် လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။

‘‘ထောက်ကြန့်မှာနေတဲ့ သူ က ရုပ်ရှင်ကောင်းကောင်းကြည့် ချင်ရင် မြို့ထဲကို လာရတယ်။ စီး ပွားရေးအချက်အချာတွေ ပါလာ ရင်တော့ ကိုယ့်ရဲ့ အနီးအနား တစ်ဝိုက်မှာပဲ ကြည့်နိုင်မယ့် သဘောပေါ့’’ဟု မြို့ပြစီမံကိန်း ပညာရှင် ဦးဝင်းမြင့်က ဆိုသည်။

ဒုတိယစီးပွားရေး အချက် အချာနယ်မြေအဖြစ် ဖော်ထုတ် မည့် CBD ဧရိယာသည် စည်ပင် မှ အကောင်အထည်ဖော်ရာတွင် မြေဧကလွန်စွာ နည်းပါးသော ကြောင့် CBD အင်္ဂါရပ်နှင့်ပင် ညီ ညွတ်နိုင်ဖွယ်မရှိဟု အထက်ပါ ပညာရှင်က ဝေဖန်သည်။

ယခုဖော်ထုတ်မည့် Sub-Centre များထက် လူနေတန်ဖိုး နည်း၊ တန်ဖိုးသင့် အိမ်ရာများကို သာ အစိုးရအနေဖြင့် အခန်းအ ရေအတွက်များများ ထွက်ပေါ် လာရန် လုပ်ဆောင်သင့်ကြောင်း မြို့ပြပညာရှင်များက အကြံပြု ထားသည်။


Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service