စတော့ရှယ်ယာဈေးကွက်စတင်ပါက အိမ်ခြံမြေ ဈေးကွက် ဖြည်းဖြည်းချင်းသာ ကျနိုင်ဟုဆို
မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် စတင်ဖြစ် ပေါ်လာပါက အိမ်ခြံမြေဈေးကွက် မှာ လျင်မြန်စွာဈေးနှုန်းကျဆင်း သွားမည်မဟုတ်ဘဲ ဖြည်းဖြည်း ချင်းသာ ဈေးနှုန်းကျဆင်းနိုင် ကြောင်း စီးပွားရေးပညာရှင်အချို့ ကပြောသည်။
‘‘စတော့စရင် အိမ်ခြံမြေဈေး ကွက် ချက်ချင်းကြီးမကျဘူးဆို တာကတော့ ဖြစ်နိုင်တယ်။ ဒါပေ မဲ့ တစ်နှစ်၊ ၂နှစ်အတွင်းမှာတော့ ဈေးကမဖြစ်မနေကျလာတတ် တယ်’’ဟု စီးပွားရေးပညာရှင်ဦး လှမောင်ကသုံးသပ်သည်။
အနိမ့်ဈေးဖြင့် တဖြည်းဖြည်း ကျဆင်းနေသည့် အိမ်ခြံမြေဈေး ကွက်သည် မြန်မာနိုင်ငံတွင် မရှိ သေးသည့် စတော့အိတ်ချိန်းဈေး ကွက်စတင်ပေါ်ပေါက်လာပါက ဈေးနှုန်းကျဆင်းရန် ရာခိုင်နှုန်း အားဖြင့် လွန်စွာနည်းပါးနိုင် ကြောင်း ရန်ကုန်အခြေစိုက်ဝါရင့် အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။
ဇန်န၀ါရီ ၁၀ရက်က ဘဏ္ဍာ ရေးဒုဝန်ကြီးဒေါက်တာမောင် မောင်သိမ်းက စတော့ရှယ်ယာပေါ်ပေါက်လာပါက လက်ရှိမြင့် တက်နေသည့် အိမ်ခြံမြေဈေးနှုန်း များကျဆင်းဖွယ်ရှိသည်ဆိုသော ပြောဆိုချက်ကို အိမ်ခြံမြေအကျိုး ဆောင်များက ပြန်လည်တုံ့ပြန် ပြောဆိုကြခြင်းဖြစ်သည်။
‘‘စတော့ အိတ်ချိန်းချက်ချင်း စလည်း ဘဏ်စနစ်က ဒီနိုင်ငံမှာ အားမကောင်းသေးဘူး။စတော့ ကိုမ၀င်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်း ရှင်တွေက အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံကျမှာပဲ’’ဟု အိမ်ခြံမြေအ ကျိုးဆောင် ဦးစိုင်းခွန်နောင်က ဆိုသည်။
လက်ရှိ ငြိမ်သက်နေသည့် အိမ်ခြံမြေဈေးနှုန်းဈေးအတက် ဘက်သို့ ပြန်လည်ဦးတည်လာနိုင် ကြောင်းဦးစိုင်းခွန်နောင်က ခန့်မှန်းသည်။ လက်ရှိဈေးနှုန်းများ ငြိမ်သက်နေရခြင်းမှာ တိုင်းပြည် ၏နိုင်ငံရေးအပြောင်းအလဲနှင့် သက်ဆိုင်နေပြီး ရွေးကောက်ပွဲနှင့် များစွာဆက်စပ်မှုရှိကြောင်းဦး စိုင်းခွန်နောင်က ဆိုသည်။
အိမ်ခြံမြေ ဈေးကွက်တွင် ကောလာဟလ အတည်မပြုနိုင် သော သတင်းများပေါ်မူတည်ပြီး မကြာခဏအတက်အကျဖြစ်ပေါ် လျက်ရှိရာ စတော့ဈေးကွက်ဂ ယက်ကလည်း ဈေးကစားလိုသူတို့အ တွက် လေသံပစ်ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း မြမြင့်မိုရ် အိမ်ခြံ မြေအကျိုးဆောင်ကဆိုသည်။
‘‘စတော့ကြောင့် ဘာ ကြောင့်ဈေးတွေလျှော့ရောင်းနေပြီဆိုတာမဟုတ်ပါဘူး။ မြို့စွန် မြေကွက် တွေကအရောင်းအ၀ယ်ကိုမရှိ တာ’’ဟု အထက်ပါအကျိုးဆောင်က ဆိုသည်။
ဥပမာအားဖြင့် အိမ်နီးချင်း လာအိုနိုင်ငံတွင်ပင် မြန်မာနိုင်ငံ ထက် ဆောလျင်စွာစတော့ရှယ် ယာဈေးကွက်ပေါ်ပေါက်နေပြီ ဖြစ်သော်လည်း စတော့အတွင်းသို့ ၀င်ရောက်မှတ်ပုံတင်လုပ်ကိုင် သည့် ကုမ္ပဏီ လွန်စွာနည်းပါး သဖြင့် အောင်မြင်မှုမရရှိကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ်ကုန်ဖြစ်သောအောက်တို ဘာတွင် စတင်မည်ဆိုထားသည့် အတွက် စတော့ဈေးကွက်၌ ရင်း နှီးမြှုပ်နှံသူများငွေကြေးရင်းနှီးရန် ကုမ္ပဏီများစွာရွေးချယ် နိုင်ခြင်းမရှိသေး၍ စတော့ဈေး ကွက်ကြောင့် ယခုတစ်နှစ်လုံးတွင် အိမ်ခြံမြေဈေးကွက်ကို သက် ရောက်မှုရှိလာမည် မဟုတ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့ကဆိုသည်။
Credit: 7 day daily