သာကေတမြို့နယ် အိမ်ခြံမြေဈေးကွက်
သာကေတထဲမှာတော့ ဈေး အကြီးဆုံးက ယမုံနာလမ်းမကြီးပေါ် မှာ ဖြစ်ပြီး တစ်ပေပတ်လည်ကို ရောင်းဈေး ခုနစ်သိန်းလောက် ရှိပြီး ငှားမယ်ဆိုရင် တစ်လကို ငှားခက ပေ ၁ဝဝ ပတ်လည် အကျယ်အဝန်း မြေကွက်ကို ၄၅ သိန်းလောက် ပေးရမယ်။
မင်းနန္ဒာလမ်းမကြီးပေါ်မှာ တော့ တစ်ပေပတ်လည်ကို ငါးသိန်း လောက်ရှိပါတယ်။ ငှားခက တစ်လ ကို သိန်း ၂ဝ အထက် ရှိတယ်။ ပေ ၄ဝ ထ ပေ ၆ဝ အကျယ် အဝန်းနဲ့ ငှားမယ့် အကွက်ရှိတယ်။ မင်းနန္ဒာ လမ်းအဆုံး သာကေတ ကျောက် တိုင်နားက မြေကွက်တွေကတော့ ဈေးအကောင်းဆုံးပဲ။ တစ်ပေပတ် လည်ကို ခြောက်သိန်းကျော် ရှိတဲ့ အပြင် လူကြိုက်များတဲ့ အချက်က တော့ သာကေတစက်မှုဇုန်နဲ့ နီးတာ ရယ်၊ Capital နဲ့ နီးတဲ့အပြင် သင်္ဃန်း ကျွန်း၊ သုဝဏ္ဏဘက်အထွက်ကလေး ဖြစ်လို့ အဝယ်ကြိုက်တာ များပေ မယ့် ရောင်းကွက်က မရှိသလောက် ကို ရှာရခက်တယ်။
သာကေတထဲက နေရာကောင်း ပြီး လမ်းမကျယ်ကြီးတွေ ဖြစ်တဲ့ ယမုံနာ၊ မင်းနန္ဒာ၊ ဧရာဝဏ်၊ မြင်တော်သာ လမ်းမကြီးတွေပေါ်မှာ ဆို အဝယ်သာ ရှိပြီး အရောင်းမရှိ သလောက် ရှားတယ်။
ဧရာဝဏ်လမ်းမကြီးပေါ်မှာ တော့ တစ်ပေပတ်လည်ကို လေး သိန်းခွဲလောက် ပေါက်ဈေးရှိပြီး ဆေးရုံ၊ ပုဂ္ဂလိက ကျောင်းဖွင့်ချင်တဲ့ လူတွေ၊ ဟိုတယ်၊ အင်း ဖွင့်ချင်တဲ့ လူတွေက ရှာတာများတယ်။
အိမ်တွေက ရန်ပြေ၊ မာန်ပြေ ထဲက အိမ်တွေငှားမယ်ဆိုရင် ပေ ၂ဝ ထ ၆ဝ အိမ်ပါ အကွက်တွေဆို ငှားခတစ်လကို ကျပ် ၂ဝဝ,ဝဝဝ အပေါ်မှာ၊ ရောင်းမယ်ဆိုရင် သိန်း ၁,၅ဝဝ နဲ့ သိန်း ၂,ဝဝဝ အတွင်း ဈေးခေါ်တာများတယ်။ သာကေတထဲက တိုက်ခန်းတွေ ငှားခကတော့ တစ်လကို တစ်သိန်း ခွဲအထက်မှာ ရှိတယ်။ အခန်း အကျယ်အဝန်း ၁၂ ပေခွဲ အခန်းတွေ ရှိသလို ၁၅ ပေအခန်းတွေလည်း ရှိပြီး တိုက်ခန်းတွေကတော့ အစား စားပဲ။ မြေညီထပ် သိန်း ၇ဝဝ လောက် ကနေ သိန်း ၃၅ဝ အတွင်း အထပ် ပေါ်မူတည်ပြီး ဈေးရှိတယ်။
အခုနောက်ပိုင်း သာကေတကို လူကြိုက်များလာတာက နေရာ အကွက်အကွင်းအရ သွားရေး၊ လာရေ အဆင်ပြေတဲ့အပြင် ဗန္ဓုလ တံတားကြီးထိုးပြီးနောက်ပိုင်း မြို့ထဲ ကို အလွယ်တကူ ရောက်နိုင်တဲ့ အပြင် သုဝဏ္ဏ၊ သင်္ဃန်းကျွန်းဘက် ကိုလည်း အလွယ်တကူ သွားလာ နိုင်တဲ့အတွက် လူနေများပြီး ဈေးက မြင့်လာတယ်။
Credit: thetradetimes