အိမ်ခြံမြေဈေးနှုန်း ၂၅ရာခိုင်နှုန်းအထိလျော့ကျနိုင် - Property News in Myanmar from iMyanmarHouse.com
3796 Views

အိမ်ခြံမြေဈေးနှုန်း ၂၅ရာခိုင်နှုန်းအထိလျော့ကျနိုင်

ငြိမ်သက်နေသောအိမ်ခြံမြေ ဈေးကွက်သည်၂ဝ၁၅ခုနှစ်အတွင်း ဈေးနှုန်းများ ကျဆင်းဖွယ်ရှိနေပြီး အမြင့်ဆုံး ၂၅ရာခိုင်နှုန်းခန့်လျော့ ကျဖွယ်ရှိကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင် မောင်အေးကပြောသည်။ ''အိမ်ခြံမြေဈေးကွက်က၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတုန်းက အရောင်း အဝယ်ကောင်း နေပါတယ်။ နှစ် လယ်လောက်မှာ ငြိမ်သက်လာပြီး နှစ်ကုန်ပိုင်းနဲ့၂ဝ၁၅အတွင်းမှ ဈေးလျှော့ ရောင်းရမယ့်အခြေအနေရှိနေတယ်''ဟုဦးခင်မောင်အေးက ပြောသည်။

၂ဝ၁၄ခုနှစ် နှစ်ဆန်းပိုင်းက ဈေးနှုန်းနှင့်ဝယ်ယူမှုများကောင်း မွန်ခဲ့သော်လည်းအခွန်ကိစ္စကိုအစိုးရကသတ်မှတ်မှု၊ ငွေကြေးခဝါချမှုနှင့် ဈေးကစားမှုတို့ကို အစိုးရကစုံစမ်း စစ်ဆေးလာခြင်း၊ နှစ်ပေါင်းများစွာဝင်ရောက်ဈေးကစားခဲ့သောတရုတ် လူမျိုးများပြန်လည်ထွက်ခွာခဲ့ခြင်း များကြောင့် အိမ်ခြံမြေဈေးမှာ နှစ်လယ်ပိုင်းမှစပြီးဆက်တိုက် ငြိမ် သက်လာခဲ့ရာလက်ရှိအချိန်တွင်အရောင်းအဝယ်မရှိသလောက်ဖြစ် လာကြောင်း ဦးခင်မောင်အေးက ပြောသည်။ ကွန်ဒိုဥပဒေ၊အိမ်ခြံမြေဥပဒေများအပေါ်စီမံခန့်ခွဲမှုများမပီပြင်ခြင်း နှင့်အစိုးရ၏နိုင်ငံရေးအခြေအနေများ နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်ရမှုတို့ကလည်းအိမ်ခြံ မြေဈေးကွက်အပေါ်သက်ရောက် ခဲ့ကြောင်းသိရသည်။

အခွန်နှုန်းတိုးမြှင့်ကောက်ခံမှု၊ကျပ်သိန်း၁ဝဝဝအထက်အိမ်ခြံမြေ ရောင်းဝယ်မှုတို့ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးခြင်းကြောင့် ဈေး ကွက်သို့ဝင်ရောက်ဈေးကစားသူများ ရပ်တန့်သွားခဲ့ပြီး၂ဝ၁၅ခုနှစ်တွင် ဈေးများကျဆင်းလာဖွယ်ရှိနေကာအများဆုံး၂၅ရာခိုင်နှုန်းအထိ လျော့ကျဖွယ်ရှိကြောင်းသိရသည်။''ဈေးဝင်ကစားနေတဲ့တရုတ် တွေလဲပြန်ထွက်သွားပြီ။ ကစားတဲ့ သူတွေလဲတန့်နေတယ်။ လူထူထပ် တဲ့နေရာတွေကလွဲရင်အခြားနေရာ တွေ၊လူမနေတဲ့နေရာတွေမှာ ဈေး ကျပါလိမ့်မယ်''ဟုဦးခင်မောင် အေးကပြောသည်။

လက်ရှိအချိန်တွင်အစိုးရအနေဖြင့်အိမ်ရာပိုင်ဆိုင်မှုကိုစိစစ်သင့်ကြောင်း၊အိမ်ရာ မြေပိုင်ဆိုင်မှုမှာတစ်ဦးတည်းတွင်အများအပြားပိုင်ဆိုင်နေခြင်းကိုကန့်သတ်သင့်ကြောင်း၊အခြေခံလူတန်းစားများဝယ်ယူနေထိုင်နိုင်သောအိမ်ရာစီမံကိန်းများကို ဖော်ထုတ်သင့်ကြောင်းအိမ်ခြံမြေအကျိုးဆောင်များကသုံးသပ်သည်။ ရန်ကုန်မြို့တွင် အိမ်ရာလိုအပ် ချက်မြင့်တက်နေရာ ကွန်ဒိုနှင့်တိုက်ခန်းဆောက်လုပ်မှုများဆက်လက်တိုးတက်ဖွယ်ရှိပြီး အငှားစနစ်သာ တွင်ကျယ်ဖွယ်ရှိကြောင်း၊၂ဝ၁၅ခုနှစ် အတွင်းဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ အရောင်းအဝယ်ဈေးကွက်အပြောင်းအလဲ ဖြစ်နိုင်ကြောင်းသုံးသပ်ထားသည်။

Credit : The Union Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service