သီလ၀ါစီးပွားရေးဇုန် ပထမအဆင့်တွင် နိုင်ငံကိုးခုမှ ကုမ္ပဏီ ၂၈ ခု နေရာချထားပေးပြီး ဒီဇင်ဘာတွင် ကုမ္ပဏီအချို့မှ တည်ဆောက်ရေးလုပ်ငန်းများ စတင်မည် - Property News in Myanmar from iMyanmarHouse.com
803 Views

သီလ၀ါစီးပွားရေးဇုန် ပထမအဆင့်တွင် နိုင်ငံကိုးခုမှ ကုမ္ပဏီ ၂၈ ခု နေရာချထားပေးပြီး ဒီဇင်ဘာတွင် ကုမ္ပဏီအချို့မှ တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်

သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့် မြေဧရိယာအတွင်း နိုင်ငံကိုးနိုင်ငံမှ ကုမ္ပဏီ ၂၈ ခုအထိ နေရာချထားပေးပြီး ဒီဇင်ဘာလအတွင်း ကုမ္ပဏီအချို့မှ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင်း ရင်းနှီးတည်ဆောက်မှုများနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုမျိုးနှင့်မျှ ပါဝင်ပတ်သက်ခြင်း ပြုမည်မဟုတ်ကြောင်း ကတိပြုဝန်ခံချက်အား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ-ဂျပန် သီလဝါဒီဗလော့မန့် လီမိတက်တို့သည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် မည်သည့်လာဘ်ပေးလာဘတ်ယူမူများတွင် ပါဝင်ပတ်သက်ခြင်း ပြုမည်မဟုတ်ကြောင်း ကတိပြုရန်အတွက် မြန်မာ-ဂျပန် သီလဝါဒီဗလော့မန့်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှုရှိစေရန်အတွက် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုကင်းစင်သော အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ဟတ်တာ ၄ဝဝ ရှိသည့် အပိုင်း(က) စီမံကိန်းတွင် ၁၈၉ ဟတ်တာအား ပထမအဆင့်အနေဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများမှာ လက်ရှိအချိန်တွင် ၄၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို ရင်းနှီးတည်ဆောက်ရန် မြန်မာနှင့်ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာအရ Myanmar Thilawa SEZ Holdings Public Limited၊ ဂျပန်ကုမ္ပဏီများဖြစ်သည့် Mitsubishi Corporation၊ Marubemi Corporation နှင့် Sumitomo Corporation တို့အကြား ၂ဝ၁၃ ခုနှစ် မေ ၂၅ ရက်တွင် နားလည်မှုမှတ်တမ်းလွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာအရ သီလဝါအထူးစီးပွားရေးဇုန်၏ ဟတ်တာ ၄ဝဝ ခန့်ကျယ်ဝန်းသည့် စီမံကိန်းအပိုင်း(က)ကို ရင်းနှီးတည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဈေးကွက်တင်ရောင်းချခြင်းနှင့် စီမံကိန်းအပိုင်း (က)အပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း မည်သည့်နေရာတွင်မဆို လုပ်ကိုင်ဆောင်ရွက်ရန် Myanmar Thilawa SEZ Holdings Public Limited၊ Thilawa SEZ Management Committee နှင့် Mitsubishi Corporation၊ Marubemi Corporation နှင့် Sumitomo Thilawa Development L.td တို့သည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် JV လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ JV အရ ဖွဲ့စည်းခဲ့သည့် Myanmar Japan Thilawa Development Ltd တွင် Myanmar Consortium ဘက်တွင် မြန်မာအစိုးရမှ ၁ဝ ရာခိုင်နှုန်း အပါအဝင် ၅၁ ရာခိုင်နှုန်းနှင့် ဂျပန် Consortium ဘက်တွင် ဂျပန်အစိုးရမှ ၁ဝ ရာခိုင်နှုန်းအပါအဝင် ၄၉ ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ထားကြောင်း သိရသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service