ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ အတွင်း လယ်ယာမြေအချို့ပါဝင်နေ - Property News in Myanmar from iMyanmarHouse.com
961 Views

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ အတွင်း လယ်ယာမြေအချို့ပါဝင်နေ

ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်လိုသူများအတွက်အကြံပေးကုမ္ပဏီကဩဂုတ်လအစောပိုင်းက ရေးဆွဲထုတ်ပြန်ခဲ့သည့်အထူးစီမံကိန်းစာတမ်းအရဇုန်တည် ဆောက်ရန် မူလသတ်မှတ်ထားသည့် မြေ ဧရိယာသတ်မှတ်မှုနှင့် ကွာခြားမှုမရှိဘဲလယ်ယာမြေဧကအချို့တည်ဆောက်မြေတွင်ပါဝင်လျက်ရှိသည်။ သို့သော် ဇုန်တည်ဆောက်ရာတွင် အဆိုပါ လယ်ယာမြေများ ဖယ်ရှားခံရမှုမရှိနိုင်ဘဲ ဖယ်ရှားခံရပါကကမ္ဘာ့ဘဏ်ကသတ်မှတ်ထားသည့် လျော်ကြေးနှုန်းထားအတိုင်း ပေးလျော်သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးမြင့် သိန်းက ပြောသည်။

"အကြံပေးကုမ္ပဏီကထုတ်ပြန်ခဲ့တဲ့စာတမ်းက ယေဘုယျအကြမ်းသဘောပါပဲ။ကျန်တာတွေကတည်ဆောက်မယ့်ကုမ္ပဏီ တွေ ပူးပေါင်းပြီး အသေးစိတ်ပြန်လည် ရေးဆွဲ ပြီးမှ လုပ်လို့ရမှာပါ"ဟု ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်မှုတွင် နိုင်ငံ တကာ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး
ရင်းနှီး မြှုပ်နှံမှု ပြုရန်ရည်ရွယ်ထားသည့် ဂိုးဒင်းလန်း ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးဖိုးချိုက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကနဦးအဆင့် တည်ဆောက်မှုတွင် မြေဧက
၎,၀၀၀ ကျော်ကို အသုံးပြု ဖော်ဆောင်သွားရန် စီမံကိန်းစာတမ်း၌ ရေးဆွဲ ထားပြီး ၂၀၁၅ ခုနှစ်၊
မတ်လတွင် စတင် အကောင်အထည်ဖော်ရန် လျာထားပြီး အဆိုပါစာတမ်းတွင် ဖော်ပြထားချက်
အရ သတ်မှတ်မြေနေရာတွင် လယ်ယာ မြေဧက ၄၀ ကျော် ပါဝင်လျက်ရှိသည်။

"ကနဦးစိတ်ဝင်စားမှု တင်ဒါခေါ်ယူမှုအဆင့်က ပြီးသွားပါပြီ။ တည်ဆောက်လိုသူ တွေအတွက်
စိစစ်မှုနဲ့တင်ဒါဆက်လက် ဆောင်ရွက်မှုကို နိုဝင်ဘာလ ၂၄ ရက်ထိ ခွင့်ပြုပေးထားတယ်။ ဒါက
လုပ်ငန်းစဉ်သဘောမျိုး သွားတာဖြစ်တဲ့အတွက် တစ်ဆင့်ချင်း လုပ် ဆောင်သွားမှာပါ။ ဒီနှစ်
မကုန်မီမှာ တင်ဒါခေါ်ယူမှုအားလုံး ပြီးစီးသွားမှာပါ" ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါ
စိစစ် ခေါ်ယူရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။

ကနဦးတည်ဆောက်ရန် လျာထားသည့် မြေဧက ၄,၀၀၀ ကျော်တွင် ရေနက်ဆိပ်ကမ်း၊ စက်မှု
ဥယျာဉ်နှင့် လူနေအိမ်ရာ တည်ဆောက် ခြင်းများကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး
လယ်ယာမြေများ ဖယ်ရှားခံရမှု အနည်း ဆုံးဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် ယခင်လျာထားသည့် မြေယာရှိရွှံ့မီးတောင်
သည် ယခုလအစောပိုင်းအတွင်း က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လယ်ယာ မြေအချို့ ရွှံ့ချော်ရည်
ဖုံးလွှမ်းခံခဲ့ရသည်။

ယင်းနေရာ သည် မူလက ကျောက်ဖြူအထူးစီးပွားရေးဇုန် ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စက်မှု
ဇုန် တည်ဆောက်ရန် လျာထားသည့်နေရာဖြစ် သော်လည်း ရွှံ့မီးတောင်တည်ရှိခြင်းနှင့်လယ်ယာ
မြေဧက ၈၀ ကျော်ပါဝင်နေခြင်းကြောင့် နေရာရွှေ့ပြောင်းရန် အကြံပေး ကုမ္ပဏီ၏ အကြံပြုချက်ဖြင့်
ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် စက်မှုဇုန်တည်ဆောက် ရန် ရွှေ့ပြောင်းခဲ့သည့် နေရာသတ်မှတ်မှုကို အတည်တကျ
သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း ဦးဖိုးချိုက ပြောသည်။ "ဘယ်နေရာကို ရွှေ့ဖြစ်မလဲတော့
ကျွန်တော်တို့လည်း အခုထိ အတိအကျမသိရသေးဘူး။ ကျွန်တော်သိသလောက်တော့ ရေနက်
ဆိပ်ကမ်းနေရာတော့ ပြောင်းရွှေ့ဖို့ မရှိဘူး။ မူလသတ်မှတ်ထားတဲ့ နေရာမှာပဲ လုပ်ဖြစ်မယ်" ဟု
၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်အပါအ၀င် ရခိုင်ပြည်နယ် အတွင်း စက်မှုဇုန်
သုံးခုကို အကောင်အထည်ဖော်သွားရန်ရှိပြီး လယ်ယာမြေပြဿနာ ဖြစ်ပွားမှုအနည်းဆုံးဖြစ်ရန်
ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး
ဌာန ၀န်ကြီး ဦးမောင်စံရွှေက ပြောသည်။ လုံခြုံရေးအခြေအနေများအရ အထူး စက်မှုဇုန်အဖြစ်
အကောင်အထည်ဖော်မည့် ဘူးသီးတောင်နှင့် မောင်တောစီမံကိန်းများ သည် ကြန့်ကြာဦးမည်
ဖြစ်သော်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပြည်ထောင်စုအဆင့် စီမံကိန်းအဖြစ် အကောင်
အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

"လောလောဆယ်တော့ ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်မှုနဲ့ပတ်သက်လို့ အီးအိုင်
အေ စစ်ဆေးမှု မလုပ်ရသေးဘူး။ တကယ်တမ်း တည်ဆောက်မယ်ဆိုရင် လယ်ယာ မြေတွေအပါ
အ၀င် ငါးမျိုးစေ့ ပြုန်းတီး ပျောက် ဆုံးမှုတွေရှိလာနိုင်တယ်" ဟု မြန်မာလေ့လာ သုံးသပ်မှုသုတေ
သနအဖွဲ့ အီးအိုင်အေဌာန၊ ဌာနမှူး ဦးတင်သန်းက ပြောသည်။

Credit : myanmar.mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service