လာမည့်ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) ၌ အိမ်ခန်းပေါင်း တစ်ထောင်ကျော်ပါဝင်သော တန်ဖိုးနည်းအိမ်ရာ ထ - Property News in Myanmar from iMyanmarHouse.com
855 Views

လာမည့်ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) ၌ အိမ်ခန်းပေါင်း တစ်ထောင်ကျော်ပါဝင်သော တန်ဖိုးနည်းအိမ်ရာ ထ

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ သစ် ( အရှေ့ ပိုင်း ) မြို့ နယ်၌ အိမ်ခန်းပေါင်း တစ်ထောင်ကျော်ပါဝင်သော တန်ဖိုးနည်းအိမ်ရာများအပြင် အခြားတန်ဖိုးနည်း၊ တန်ဖိုးလတ်အိမ်ရာများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့  တော်ဝန်ဦးလှမြင့်က ပြောဆိုခဲ့ သည်။

ကျူးကျော်

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄) တတိယနေ့ အဖြစ်စက်တင်ဘာ၂၄ရက်တွင် ကျင်းပသည့် အစည်းအဝေးတွင် ကျူးကျော်ကိစ္စ္စရပ်များကို ဆွေးနွေးရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဒဂုံမြို့ သစ်အရှေ့ ပိုင်းမှာ အိမ်ခန်းပေါင်း ၁၁၆၈ ခန်းပါဝင်တဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဆောက်လုပ်ဖို့  လျာထားပြီးတော့ ဒဂုံမြို့ သစ် (ဆိပ်ကမ်း) မြို့ နယ်၊ ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့ နယ်၊ ဒဂုံမြို့ သစ်(အရှေ့ ပိုင်း) မြို့ နယ်နဲ့ ရွှေပြည်သာ မြို့  နယ်တွေမှာလည်း တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ဖို့  စီစဉ်နေဆဲဖြစ်ပါတယ်” ဟု၎င်းကပြောဆိုသည်။



တန်ဖိုးနည်း

ထို့ ပြင်မြို့ ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက လှိုင်သာယာမြို့ နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၆၈၈ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၇၆၈ခန်း၊ ရွှေပြည်သာမြို့ နယ်တွင် တန်ဖိုးလတ်အိမ်ရာ အခန်း ၂၆၀၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့ နယ်၌ တန်ဖိုးနည်းအိမ်ရာ ၁၂၂၄ခန်း၊ ဒဂုံမြို့ သစ် (မြောက်ပိုင်း) မြို့ နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၄၈ခန်း ၊ မြောက်ဥက္ကလာပမြို့ နယ်တွင်တန်ဖိုးလတ်အိမ်ရာ ၃၁၂ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၄၄၈ခန်း၊ ဆိပ်ကမ်းမြို့ နယ်၌ တန်ဖိုးလတ်အိမ်ရာ အခန်း၁၂၀၊ တန်ဖိုးနည်းအိမ်ရာ ၁၉၀၉၂ ခန်းစသည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

“ ဒါ့အပြင်သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်းနှစ်အလိုက်အတိုင်းအတာ တစ်ခုအထိ တရားမ၀င်ကျူးကျော်ဝင်ရောက်နေထိုင်ကြသည့် ရွာနှင့် အိမ်ထောင်စုများကို သစ်တောမြေမှ စွန့် လွှတ်ပြီး ပြည်ထဲရေးအမည်ပေါက်ရွာနှင့် ကျေးရွာများ လုပ်ဆောင်ပေးနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်းလျက်ရှိပါတယ်” ဟု မြို့ တော်ဝန်က ဆက်လက်ပြောဆိုခဲ့သည်။

Credit: စံတော်ချိန်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service