ဆိုင်ခန်းဈေးနှုန်းများမြင့်မားမှုကြောင့် ရွေ့လျားဈေးဆိုင်များ ခေတ်စား - Property News in Myanmar from iMyanmarHouse.com
1752 Views

ဆိုင်ခန်းဈေးနှုန်းများမြင့်မားမှုကြောင့် ရွေ့လျားဈေးဆိုင်များ ခေတ်စား

ရန်ကုန်မြို့ မြို့လယ်ကောင်တွင်းရှိ ဆိုင်ခန်းဈေးနှုန်းများမြင့်တက်လာမှုကြောင့် နေရာအတည်
တကျနှင့် ဖွင့်သည့်မုန့်ဆိုင်များနေရာ တွင် ရွေ့လျားနိုင်သည့်ကားများ၊ လှည်းများ နှင့်ရောင်းချ
သည့် ရွေ့လျားဈေးဆိုင်များ အစားထိုးဝင်ရောက်လာကြောင်း ဈေးသည် များက ပြောသည်။

ရန်ကုန်မြို့၏ လမ်းမတန်းများရှိဆိုင်ခန်း အငှားဈေးကွက် ကြီးမြင့်မှုကြောင့် အစား အသောက်များ
ကို ဆိုင်ခန်းနှင့်ရောင်းချမှုထက် ရွေ့လျားဈေးဆိုင်များအဖြစ် ပြောင်းလဲဖွင့် လာကြခြင်းကြောင့်
ရွေ့လျားဈေးဆိုင် အများ အပြားကို ရန်ကုန်မြို့လမ်းမတန်းများပေါ်တွင် တွေ့မြင်လာရကြောင်း
၎င်းတို့က ပြောသည်။

"ကျွန်မလွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်း က မြစ်ကြီးနားခေါက်ဆွဲကို ဆိုင်ခန်းငှား ရောင်းလာတာ။
အခုတော့ အခန်းငှားခ မတတ်နိုင်တော့လို့ ကားနှင့်ပဲရောင်းဖြစ် တယ်။ ဆိုင်ခန်းငှားခက အရမ်း
ဈေးကြီးတယ်" ဟု ၄၆ လမ်းရှိမြစ်ကြီးနားခေါက်ဆွဲဆိုင် ပိုင်ရှင်က ပြောသည်။

ဆိုင်ဖွင့်ရန်အတွက်လိုအပ်သည့် ကားနှင့် ပြင်ဆင်စရိတ်သည် ဆိုင်ခန်း တစ်နှစ်ငှား သည့် နှုန်းနှင့်
တူညီပြီး သွားလိုသည့်နေရာ သွားရောင်းနိုင်ကြောင်း ၎င်းကပြောသည်။ မြစ်ကြီးနားခေါက်ဆွဲဆိုင်
မှာ မနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းထိပ်နှင့် ညနေဘက်တွင် မြို့တော်ခန်းမရှေ့၌
ကားပါကင်ကြေးပေး၍ ရောင်းချခြင်းဖြစ်သည်။

"ကားနဲ့ရောင်းတယ်ဆိုပေမယ့်လည်း အရင် ဆိုင်ဖွင့်ခဲ့တဲ့ နေရာနားမှာပဲ ပြန်ရောင်းတာဆိုတော့
ဖောက်သည်ကတော့ရှိပါတယ်။ မနက်ခင်းဆိုရင်လည်း ၄၆ လမ်းထိပ်မှာပဲအမြဲတမ်းရောင်းတာ
ဆိုတော့ လူသိများလာပါပြီ။ ကားနဲ့ရောင်းတာလည်း သုံးလလောက်ရှိပြီဆိုတော့ အဆင်ပြေပါ
တယ်။" ဟု မြစ်ကြီးနားခေါက်ဆွဲဆိုင်ပိုင်ရှင်က ပြောသည်။

ရွေ့လျားဈေးဆိုင်များမှာ နည်းလမ်း နှစ်မျိုးဖြင့် ရောင်းချခြင်းဖြစ်ပြီး တစ်နည်းမှာ ကားများကိုပြင်
ဆင်၍ရောင်းချခြင်းဖြစ်ကာ နောက်တစ်နည်းမှာ လှည်းများဖြင့် ရောင်းချ ခြင်း ဖြစ်သည်။

"ကျွန်တော် ဒီလိုလှည်းနဲ့ရောင်းဖို့ရွေး ဖြစ်တာကတော့ ၀ယ်ယူသူတွေ အပြင်မထွက် ဘဲ ၀ယ်နိုင်
အောင်လို့ပါ။ ပြီးတော့ သန့်သန့် ရှင်းရှင်းလည်း စားသုံးလို့ရတာပေါ့။ ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်
ကတည်းက ကြံရည်ကို လှည်းနဲ့ရောင်းလာတာ" ဟု ကိုစိုးမိုးကြည်က ပြောသည်။

ရွေ့လျားဈေးဆိုင်များသည် ဆိုင်ခန်း ငှားခ သက်သာပြီး လူစည်ကားသည့် ကျောင်း နှင့်
ဈေးများရှေ့တွင်သွားရောက်ရောင်းချနိုင် သည့်အတွက် စီးပွားရေး အဆင်ပြေသော် လည်း
တစ်နေကုန် မတ်တတ်ရပ်ပြီး ရောင်းရ သည့် အတွက်ဈေးဆိုင်ဖွင့်သူများထက် ပိုမိုပင်ပန်းကြောင်း
၎င်းကပြောသည်။

ဝယ်ယူစားသုံးသူများကလည်း ရွေ့လျား ဈေးဆိုင်များက လူကိုသက်သာစေပြီးအဆင်ပြေကြောင်း
ပြောသည်။

"ကားနဲ့ရောင်းတဲ့ ဟမ်ဘာဂါစားရတာကို ကျွန်မအရမ်းကြိုက်တယ်။ ဟမ္ဘာဂါက ဆုိင္ကအရသာ
နဲ့ မကွာဘူး။ ပြီးတော့ လမ်းသွားနေရင်းတွေ့ရင် ၀ယ်စားလို့ရတယ်။ ဆိုင်ကို တကူးတကသွားဝယ်
ဖို့မလိုတော့ဘူး ဟု" ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မစုမြတ်က ပြောသည်။

ရွေ့လျားဈေးဆိုင်ဆိုသည့်အတိုင်း တစ် နေရာတည်းတွင် အတည်တကျရောင်းချခြင်း မျိုးမဟုတ်
သည့်အတွက် နောက်တစ်ကြိမ် စားချင်လျှင် အဆင်မပြေမှုများရှိသော်လည်း ကားနှင့် ရောင်းချ
သည့် ဟမ်ဘာဂါမှာအရသာရှိပြီး သန့်ရှင်းကြောင်း ၎င်းက ပြောသည်။ ကားနှင့်ရောင်းရသည့်
အတွက် ထိုင်ပြီး စားသောက်ရန် နေရာအခက်အခဲရှိသဖြင့် စားသောက်ဆိုင်ကို ပိုနှစ်သက်ကြ
သူများ လည်းရှိကြောင်း စားသုံးသူတစ်ဦးက ပြောသည်။

"ကားနဲ့ရောင်းတဲ့မုန့်တွေကို ကြိုက်ပေမယ့်လည်း ထိုင်ဖို့နေရာကမရှိဘူး။ ဆိုင်မှာ သွားစားမယ်
ဆိုရင် သူငယ်ချင်းတွေနဲ့ အေး အေးဆေးဆေး စကားပြောပြီး စားလို့ ရတယ်" ဟု ၂၃ နှစ်အရွယ်
ကုမ္ပဏီဝန်ထမ်း မအိမွန်ထွေးက ပြောသည်။ ကားနှင့်ရောင်းသည့်အတွက် ရန်ကုန် မြို့တော်စည်
ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီသို့ပေးရသည့် လိုင်စင်ကြေးသည် ဆိုင်ခန်းဖွင့်သည့်လိုင်စင်
ကြေးနှင့် အတူတူ ဖြစ်ပြီး ကားပါကင်ကြေးနှင့် ကားအတွက်ညအိပ်ခွန်ကိုပါ ပေးဆောင်ရသည်ဟု
မြစ်ကြီး နား ခေါက်ဆွဲဆိုင်ပိုင်ရှင်က ပြောသည်။

"အခုလက်ရှိတော့ ကားနဲ့ရောင်းရတာ အဆင်ပြေတယ်။ စားသောက်ဆိုင်ထက်ပိုပြီး တော့
ကောင်းတယ်။ စားသုံးသူတွေကလည်း တဖြည်းဖြည်းနဲ့ ပိုသိလာကြတော့ ဖောက် သည်လည်း
ပိုရလာတယ်" ဟု ၎င်းက ပြောသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service