ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
560 Views

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

Knowledge | Posted by Shwe Zin Win

ကြက်ဥကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးနိုင်သလို ကြက်ဥခွံတွေဟာလည်း သုံးတတ်မယ်ဆိုရင်တော့ အကျိုးရှိရှိအသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။ ကြက်ဥခွံတွေကို အမှိုက်ပုံးထဲ ထည့်လိုက်မယ့်အစား အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မြေသြဇာအဖြစ် သုံးမယ်

အိမ်ထဲမှာ စိုက်တဲ့ အိမ်တွင်း အပင်လေးတွေအတွက်ပဲဖြစ်ဖြစ်၊ အလှစိုက်ပန်းတွေအတွက်ပဲဖြစ်ဖြစ် ကြက်ဥအခွံလေးတွေကို ကြိတ်ချေပြီး မြေဆွေး ဒါမှမဟုတ် လက်ဖက်ခြောက်ဖက်တို့နဲ့ ရောစပ်ကာမြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။

(၂) အဖြူရောင်အဝတ်အစားတွေ လျှော်ဖွပ်တဲ့အခါသုံးမယ်

အဖြူရောင်အဝတ်အစားတွေ အချိန်ကြာလာတာနဲ့အမျှ ဝါကျင့်ကျင်ဖြစ်မသွားစေဖို့အတွက် ကြက်ဥခွံတွေကို ကြိတ်ချေပြီး အဝတ်လျှော်ဆပ်ပြာနဲ့ရောစပ်ကာ လျှော်ဖွပ်ပေးနိုင်ပါတယ်။

(၃) အပင်တွေကို ခရုတွေ၊ ပက်ကျိတွေရန်ကနေ ကင်းဝေးစေဖို့ အသုံးပြုမယ်

သင့်ရဲ့ခြံဝန်းထဲက အပင်တွေမှာ ခရုတွေ၊ ပက်ကျိတွေကြောင့် အပင်တွေ ပျက်စီးနေမယ်ဆိုရင်တော့ အပင်ရဲ့ အောက်ခြေမှာ ကြက်ဥခွံတွေကို ထားပေးရုံနဲ့ ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) အိုးခွက်တွေက အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အသုံးပြုမယ်

မီးဖိုချောင်ထဲက အိုးခွက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အစွန်းအထင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအစွန်းအထင်း တွေကို ဖယ်ရှားဖို့အတွက် ကြက်ဥခွံတွေကို စွန်းထင်းနေတဲ့အိုးခွက်ထဲကို ကြိတ်ချေထည့်ပြီး ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ ဆူအောင်တည်ပေးပါ။ ရေဆူလာပြီဆိုရင်တော့ ပန်းကန်ဆေးအဝတ်စနဲ့ တိုက်ချွတ်ပေးလိုက်ရုံနဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

(၅) မီးဖိုချောင်က ရေပိုက်ပိတ်နေတဲ့အခါမျိုးမှာ အသုံးပြုမယ်

မီးဖိုချောင်ဘေစင်က ရေပိုက်ပိတ်နေတဲ့အခါမျိုးမှာ ကြက်ဥခွံတွေကို ကြိတ်ချေပြီး ရလာတဲ့အမှုန့်လေးတွေကို ရေဆင်းတဲ့လမ်းကြောင်းထဲထည့်ပေးပါ။ ကြက်ဥခွံအမှုန့်တွေဟာ ရေဆင်းလမ်းကြောင်းမှာ ပိတ်နေတဲ့ အညစ်အကြေးတွေကို ပျော်ကျဖယ်ရှားပေးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref:  experthometips.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service