သမိုင်းတစ်လျှောက်အကျော်ကြားဆုံးဓာတ်ပုံ (သို့မဟုတ်) နှစ်ပေါင်းရာချီတိုင် ကပ်တွယ်နေသော တကယ့်သရဲစစ်စစ်ရဲ့ ဝိဉာဉ်ဓာတ်ပုံကားချပ် - Property Knowledge in Myanmar from iMyanmarHouse.com
652 Views

သမိုင်းတစ်လျှောက်အကျော်ကြားဆုံးဓာတ်ပုံ (သို့မဟုတ်) နှစ်ပေါင်းရာချီတိုင် ကပ်တွယ်နေသော တကယ့်သရဲစစ်စစ်ရဲ့ ဝိဉာဉ်ဓာတ်ပုံကားချပ်

Knowledge | Posted by Zarni Kyaw

[Unicode]

အညိုရောင်မိန်းမပျိုဟုလူသိများသော ထိုဓာတ်ပုံကို ၁၉၃၆ ခုနှစ်က ကျေးလက်ရှုခင်းရိုက်ဓာတ်ပုံဆရာတစ်ဦးမှ အမှတ်မထင်ရိုက်မိခဲ့ခြင်းဖြစ်ပြီး အမှတ်မထင်စွာပဲ ထိုဓာတ်ပုံဟာ ကမ္ဘာကျော်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ဝိဉာဉ်လောကကို မယုံကြည်သူများအတွက် ရှင်းလင်းသေချာတဲ့အဖြေ တကယ့်ဝိဉာဉ်စစ်စစ်ပုံကို ရိုက်ကူးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

၁၉၃၆ စက်တင်ဘာလမှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံဖြစ်ပြီး အင်္ဂလန်နိုင်ငံ Norfolk မြို့၊ Raynham Hall စံအိမ်ကြီးမှာ ရိုက်ကူးခဲ့မိတာဖြစ်ပါတယ်။ အညိုရောင်ဝတ်ရုံကိုခြုံလွှမ်းဝတ်ဆင်ထားတဲ့ ထိုအိမ်ကြီးရဲ့ အိမ်ကြီးသခင်မ Lady Dorothy Walpole ရဲ့ ဝိဉာဉ်ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ Lady Dorothy Walpole ဟာ ၁၇၂၆ ခုနှစ်မှာ smallpox ရောဂါကြောင့်သေဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ချို့တစ်ချို့ပုံပြင်များမှာတော့ ခင်ပွန်းသည်ဖြစ်သူ Charles Townshend က တံခါးသောခတ် ပိတ်သတ်ခဲ့တယ်လို့ ပြောစကားတွင်ခဲ့ပါတယ်။

၁၇၂၆ ခုနှစ်မှာသေဆုံးခဲ့တဲ့သူမဟာ ဝိဉာဉ်အနေနဲ့ Raynham Hall စံအိမ်ကြီးမှာ နှစ်ရာချီတိုင်လွင့်မျောနေထိုင်နေခဲ့ပြီး ၁၉၃၆ ခုနှစ်မှာတော့ သူမရှိနေတဲ့အကြောင်းဓာတ်ပုံရိပ်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုနာမည်ကြီးခဲ့တဲ့ဓာတ်ပုံမှာ Lady Dorothy Walpole ရဲ့ ဝိဉာဉ်ဟာ ခမ်းနားလှတဲ့ အိမ်ကြီးရဲ့ လှေကားမှဆင်းသက်လာပုံကိုတွေ့မြင်ရမှာဖြစ်ပြီး Brown Lady ဓာတ်ပုံဆိုပြီး တစ်စတစ်စ နာမည်ကြီးလာခဲ့ရာမှ ကမ္ဘာကျော်လာခဲ့ပါတော့တယ်။

ဓာတ်ပုံမတိုင်ခင် Lady Dorothy Walpole တည်ရှိနေကြောင်း ပထမဆုံးတွေ့မြင်ခဲ့တဲ့လူကတော့ Maj Loftus ဆိုသူဖြစ်ပါတယ်။ သူမြင်ရတဲ့ပုံကိုပြန်ပြောပြတဲ့အခါမှာ Lady Dorothy Walpole ကို အညိုရောင်ဝတ်ရုံနဲ့အတူတွေ့မြင်ခဲ့တာဖြစ်ပြီး မျက်လုံးနှစ်ဖက်က ဟောင်းလောင်းပေါက်ဖြစ်နေတယ်လို့ဆိုပါတယ်။

ခြောက်ခြားဖွယ်သမိုင်းကြောင်းများစွာနဲ့ Raynham Hall စံအိမ်ကြီးဟာ အခုအချိန်မှာတော့ အများပြည်သူလည်ပတ်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားပြီး အိမ်ကြီးတွင်းမှာရှိတဲ့ ရာစုနှစ်ချီတိုင်အံ့ဩလောက်စရာခမ်းနားလှပသော ရှေးခေတ်အင်္ဂလန်ရဲ့ ဗိသုကာလက်ရာများကိုတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Photo Credit:  countrylife

 

 

[Zawgyi]

သမိုင္းတစ္ေလွ်ာက္အေက်ာ္ၾကားဆုံးဓာတ္ပုံ (သို႔မဟုတ္) ႏွစ္ေပါင္းရာခ်ီတိုင္ ကပ္တြယ္ေနေသာ တကယ့္သရဲစစ္စစ္ရဲ႕ ဝိဉာဥ္ဓာတ္ပုံကားခ်ပ္

အညိဳေရာင္မိန္းမပ်ိဳဟုလူသိမ်ားေသာ ထိုဓာတ္ပုံကို ၁၉၃၆ ခုႏွစ္က ေက်းလက္႐ႈခင္း႐ိုက္ဓာတ္ပုံဆရာတစ္ဦးမွ အမွတ္မထင္႐ိုက္မိခဲ့ျခင္းျဖစ္ၿပီး အမွတ္မထင္စြာပဲ ထိုဓာတ္ပုံဟာ ကမ႓ာေက်ာ္လာခဲ့ပါတယ္။ အေၾကာင္းအရင္းကေတာ့ ဝိဉာဥ္ေလာကကို မယုံၾကည္သူမ်ားအတြက္ ႐ွင္းလင္းေသခ်ာတဲ့အေျဖ တကယ့္ဝိဉာဥ္စစ္စစ္ပုံကို ႐ိုက္ကူးႏိုင္ခဲ့လို႔ျဖစ္ပါတယ္။

၁၉၃၆ စက္တင္ဘာလမွာ ႐ိုက္ကူးခဲ့တဲ့ဓာတ္ပုံျဖစ္ၿပီး အဂၤလန္ႏိုင္ငံ Norfolk ၿမိဳ႕၊ Raynham Hall စံအိမ္ႀကီးမွာ ႐ိုက္ကူးခဲ့မိတာျဖစ္ပါတယ္။ အညိဳေရာင္ဝတ္႐ုံကိုျခဳံလႊမ္းဝတ္ဆင္ထားတဲ့ ထိုအိမ္ႀကီးရဲ႕ အိမ္ႀကီးသခင္မ Lady Dorothy Walpole ရဲ႕ ဝိဉာဥ္ျဖစ္တယ္လို႔ မွတ္ယူၾကပါတယ္။ Lady Dorothy Walpole ဟာ ၁၇၂၆ ခုႏွစ္မွာ smallpox ေရာဂါေၾကာင့္ေသဆုံးခဲ့ျခင္းျဖစ္ၿပီး တစ္ခ်ိဳ႕တစ္ခ်ိဳ႕ပုံျပင္မ်ားမွာေတာ့ ခင္ပြန္းသည္ျဖစ္သူ Charles Townshend က တံခါးေသာခတ္ ပိတ္သတ္ခဲ့တယ္လို႔ ေျပာစကားတြင္ခဲ့ပါတယ္။

၁၇၂၆ ခုႏွစ္မွာေသဆုံးခဲ့တဲ့သူမဟာ ဝိဉာဥ္အေနနဲ႔ Raynham Hall စံအိမ္ႀကီးမွာ ႏွစ္ရာခ်ီတိုင္လြင့္ေမ်ာေနထိုင္ေနခဲ့ၿပီး ၁၉၃၆ ခုႏွစ္မွာေတာ့ သူမ႐ွိေနတဲ့အေၾကာင္းဓာတ္ပုံရိပ္ထဲမွာ ထြက္ေပၚလာခဲ့ပါတယ္။ ထိုနာမည္ႀကီးခဲ့တဲ့ဓာတ္ပုံမွာ Lady Dorothy Walpole ရဲ႕ ဝိဉာဥ္ဟာ ခမ္းနားလွတဲ့ အိမ္ႀကီးရဲ႕ ေလွကားမွဆင္းသက္လာပုံကိုေတြ႕ျမင္ရမွာျဖစ္ၿပီး Brown Lady ဓာတ္ပုံဆိုၿပီး တစ္စတစ္စ နာမည္ႀကီးလာခဲ့ရာမွ ကမ႓ာေက်ာ္လာခဲ့ပါေတာ့တယ္။

ဓာတ္ပုံမတိုင္ခင္ Lady Dorothy Walpole တည္႐ွိေနေၾကာင္းပထမဆုံးေတြ႕ျမင္ခဲ့တဲ့လူကေတာ့ Maj Loftus ဆိုသူျဖစ္ပါတယ္။ သူျမင္ရတဲ့ပုံကိုျပန္ေျပာျပတဲ့အခါမွာ Lady Dorothy Walpole ကို အညိဳေရာင္ဝတ္႐ုံနဲ႔အတူေတြ႕ျမင္ခဲ့တာျဖစ္ၿပီး မ်က္လုံးႏွစ္ဖက္က ေဟာင္းေလာင္းေပါက္ျဖစ္ေနတယ္လို႔ဆိုပါတယ္။

ေျခာက္ျခားဖြယ္သမိုင္းေၾကာင္းမ်ားစြာနဲ႔ Raynham Hall စံအိမ္ႀကီးဟာ အခုအခ်ိန္မွာေတာ့ အမ်ားျပည္သူလည္ပတ္ၾကည့္႐ႈႏိုင္ရန္ ဖြင့္လွစ္ေပးထားၿပီး အိမ္ႀကီးတြင္းမွာ႐ွိတဲ့ ရာစုႏွစ္ခ်ီတိုင္အံ့ဩေလာက္စရာခမ္းနားလွပေသာ ေ႐ွးေခတ္အဂၤလန္ရဲ႕ ဗိသုကာလက္ရာမ်ားကိုေတြ႕ျမင္ႏိုင္မွာပဲျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Photo Credit:  countrylife

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service