သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House - Property News in Myanmar from iMyanmarHouse.com
922 Views
သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House
[Unicode]
နာမည်ကြီး Horror ရုပ်ရှင်ဒါရိုက်တာ James Wan ရိုက်ကူးခဲ့သော ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းကြယ် The Conjuring ဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားထဲက သရဲခြောက်ခံရတဲ့ မိသားစုဟာလည်း အပြင်မှာ တကယ်ရှိခဲ့ပါတယ်။
 Perron မိသားစုဖြစ်တဲ့ အဖေဖြစ်သူ Roger, အမေဖြစ်သူ Carolyn နဲ့ သမီးငါးယောက်ဟာ Rhode Island အိမ်ကြီးသို့ပြောင်းရွေ့လာခဲ့ပြီး စပြောင်းလာချင်းချင်းမှာတင် အိမ်တွင်းပစ္စည်းတွေပျောက်တာ၊ နေရာရွေ့တာမျိုးတွေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ မိခင်ဖြစ်သူ Carolyn ကိုပါ ပူးကပ်လာတဲ့အထိ ဆိုးရွားလာခဲ့ပါတယ်။
မျှဝေပေးချင်တာကတော့ ဇာတ်ကားထဲက ပုဏ္ဏကဖြစ်ရပ်ဆန်းများစွာဖြစ်ပေါ်ခဲ့တဲ့ အိမ်ကြီးပါပဲ။ သက္ကရာဇ် ၁၇၀၀ ဝန်းကျင်လောက်က တည်ဆောက်ထားခဲ့တဲ့ ကိုလိုနီခေတ်ဟောင်းအိမ်ဖြစ်ပြီး လက်မခံနိုင်စရာ ပရလောကဖြစ်ရပ်ဆန်းများနှင့် သက်တမ်း ၃၀၀ အထိကြာမြင့်ခဲ့ပါပြီ။
 ၂၀၁၉ ခုနှစ်ထဲက အများပြည်သူလာရောက်ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပေးထားခဲ့ပြီး အိမ်ကြီးထဲမှာစွဲကပ်နေတဲ့ ဝိဉာဉ်တွေ့နဲ့ချိတ်ဆက်ပြီး သူတို့လှုပ်ရှားမှုများကိုခံစားနိုင်ပါတယ်။
 အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Harrisville မြို့ငယ်လေးရဲ့ Rhode Island ရွာမှာတည်ရှိပြီး သစ်ပင်များစိမ်းစိမ်းလှုပ်အုပ်မိုးနေတဲ့ လယ်တောအိမ်ငယ်ဖြစ်ပါတယ်။ အခန်း ၁၀ ခန်းအထိပါဝင်ပြီး Cory and Jennifer Heinzen တို့မိသားစုက ပိုင်ဆိုင်ထားပါတယ်။
လက်ရှိပိုင်ရှင်တွေရဲ့ ပြောစကားအရဆိုရင်တော့ အိမ်ကြီးဟာ အခုချိန်ထိတိုင် ခြောက်လှန့်နေဆဲဖြစ်ပြီး တံခါးအလိုအလျောက်ပွင့်ခြင်း၊ ပိုင်ရှင်မရှိတဲ့ ခြေလှမ်းရာများနဲ့ တံခါးခေါက်သံများ ပေးမြဲဖြစ်တယ်လို့ဆိုပါတယ်။
သဘာဝလွန်ဖြစ်ရပ်ဆန်းများကို လက်တွေ့ခံစားသိရှိလိုသူ စူးစမ်းလိုသူများအတွက် ညအိပ်ညနေအိမ်ကိုဖွင့်လှစ်ပေးထားတဲ့အတွက် လွတ်လပ်စွာသွားရောက်လေ့လာနိုင်ပါသေးတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: housecrazysarah
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
Upcoming Property Events
From 24 May To 25 May
The Rich Villa
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service