ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ - Property News in Myanmar from iMyanmarHouse.com
1375 Views
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
[Unicode]
အိမ်ခြံမြေဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးများ နှစ်ဆကျော်သုံးဆနီးပါး ဈေးတက်လာခြင်းကြောင့် အိမ်ခြံမြေ ‌‌ရောင်းဝယ်ရေးလုပ်ငန်း ဈေးပိုမိုမြင့်တက်လာကြောင်း အကျိုးဆောင်များထံမှ သိရသည်။
ပြည်တွင်းရှိဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအများစုမှာ နိုင်ငံခြားမှတင်သွင်း ရောင်းချနေခြင်းဖြစ်ရာ အိမ်ခြံမြေနှင့်တိုက်ခန်းများ ဆောက်လုပ်မှုကုန်ကျစရိတ် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
“ရန်ကုန်တစ်ခုတည်း ဈေးတက်တာမဟုတ်ဘူး၊ နယ်မြို့တွေမှာလဲ အိမ်ဆောက်ပြီး ပြန်ရောင်းရင် ဈေးပိုပေးနေရတယ်။ လုံးချင်းအိမ် RC တစ်ထပ်တိုက်တောင် သိန်းတစ်ထောင်လောက်နီးပါး ဆောက်လုပ်‌ရေး ကုန်ကျစရိတ်ရှိတယ်။ လွန်ခဲ့တဲ့နှစ်တွေကလို အိမ်သစ်ဆောက်ပြီးပြန်ရောင်းဖို့ ခက်သွားပြီ” ဟု လိုင်စင်ရ ကန်ထရိုက်တာ တစ်ဦးကပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်စည်များမှာ အခြေခံသံဖြတ်လွှ တစ်ချောင်းလျှင် ယခင်က နှစ်ရာကျပ်ဝန်းကျင်သာရှိသော်လည်း လက်ရှိကာလတွင် ရှစ်ရာကျပ်ဝန်းကျင်သို့ ဈေးနှုန်းမြင့်တက်လာသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများအတွင်း နိုင်ငံခြားမှ တင်သွင်းသည့် ကုန်စည် ၉၀ ရာခိုင်နှုန်း ကျော်အသုံးပြုနေရပြီး ပြည်တွင်းမှထွက်ရှိသော အုတ်၊သဲ၊ကျောက် နှင့် ဘိလပ်မြေများလည်း ဈေးမြင့်တက်နေကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service