ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
1183 Views
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
[Unicode]
အိမ်ခြံမြေနှင့်တိုက်ခန်းအပါအဝင် ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျ ဝယ်ယူသောလုပ်ငန်းအများစုမှာ ဘဏ်ချေးငွေ ဖြင့်ဝယ်ယူနေခြင်းဖြစ်ရာ လတ်တလော ငွေကြေးဖေါင်းပွမှုများကြောင့် အခက်အခဲ ကြုံတွေ့ နေရကြောင်း ဘဏ်လုပ်ငန်းရှင်များ ထံမှသိရသည်။
ငွေကြေးဖောင်းပွမှုမှာ သုံးနှစ်အတွင်းနှစ်ဆကျော်မြင့်တက်ခဲ့ပြီး လက်ရှိတွင် အိမ်ခြံမြေဝယ်ယူမှုအပေါ် ချေးငွေအသစ်များ စီစစ် ထုတ်ပေးနေသော်လည်း ရေရှည်အတွက် အခက်အခဲဖြစ်ပေါ်နေသည်။
“ အိမ်ဝယ်ဖို့စုဆောင်းငွေ တွေကတော့ အရင်ကတည်းက ရှိတယ်အသစ် ထပ်မဝင်လာဘူး ။ အိမ်ဝယ်တဲ့ ချေးငွေပိုင်းမှာလဲ ပြန်ဆပ်ဖို့ ပျက်ကွက်တာတွေရှိနေတယ် ။ ဘဏ်အတိုးနှုန်းထက် ငွေကြေးဖောင်းပွမှုကပိုမြင့်နေတော့ ဘဏ်မှာငွေစုတဲ့သူနည်းလာတယ်။ ရေရှည်ဆိုရင် အိမ်ရာချေးငွေတွေ ဆက်လည်ပတ်ဖို့ ခက်လာမယ်” ဟု မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ငွေကြေးဖေါင်းပွမှု ကွာခြားချက်မှာ ကျဥ်းမြောင်းသော်လည်း မြန်မာနိုင်ငံတွင် 2021 နိုင်ငံရေးအပြောင်းအလဲ များကြောင့် ငွေကြေးဖေါင်းပွမှုမြင့်တက်နေသည်။
လက်တလော ငွေကြေးဖောင်းပွမှုနှုန်းအရ 2021 ခုနှစ် နှင့်နှိုင်းယှဉ်ပါက 2024 ခုနှစ်တွင် အခြေခံစားသောက်ကုန်များ အထိ ဈေးနှုန်း နှစ်ဆမှ သုံးဆဝန်းကျင်အထိ မြင့်တက်လာခြင်းဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Upcoming Property Events
From 06 Sep To 07 Sep
Mingalar Market
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service