သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
741 Views

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

[Unicode]

 

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာစနစ်ဖြင့် ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်အထိ တပ်ဆင်ထုတ်လုပ်နိုင်ရေးကို အဆင့်အလိုက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန မှ သိရသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် စက်ရုံသုံးရုံတွင် ဆိုလာစနစ်များ တပ်ဆင်ထားပြီး ဓာတ်အား ၂ မဂ္ဂါဝပ်ခန့် ထုတ်လုပ်အသုံးပြုနေသည့် ဇုန်အတွင်း ဆိုလာစနစ်တပ်ဆင် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ဇုန်ကုမ္ပဏီများ၏ လေ့လာစူးစမ်းမှု ပြုထားချက်များအရ ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်အထိ ဆိုလာစနစ်တပ်ဆင် ဓာတ်အားထုတ်လုပ်နိုင်မည်ကို တွေ့ရှိထားကြောင်း သိရသည်။

မြန်မာ - ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (MJTD) သည် ဆိုလာစနစ် တပ်ဆင်ပြီးပါက အသုံးပြုနေသော ဝန်အားထက် ဆိုလာစနစ်မှဓာတ်အားထုတ်လုပ်နိုင်မှု ပိုနေချိန်များတွင် ချိတ်ဆက်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဓာတ်အားလိုင်းမှ တစ်ဆင့် အဆိုပါအထူးစီးပွားရေးဇုန်အတွင်းရှိ အခြားစက်ရုံများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် ၆၆၇ ဒသမ ၂၇၅ ဟက်တာ (၁၆၅၀ ဧက နီးပါး) ကျယ်ဝန်းပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၄ ခုက ရင်းနှီးမြှုပ်နှံထားကာ လက်ရှိ မြန်မာနိုင်ငံ၌ စီးပွားရေးဇုန်သုံးခုအနက် အအောင်မြင်ဆုံးလည်ပတ်နေသည့် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ကြောင်း သိရသည်။

ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားရရှိပါက ဇုန်အတွင်း မူလသုံးစွဲရသည့် လျှပ်စစ်ဓာတ်အားကို အခြားလိုအပ်သည့်နေရာတွင် သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Photo Credit: MTSH

  

[Zawgyi]

 

သီလဝါ စက္မႈဇုန္တြင္ (၁၄) မဂၢါဝပ္ ဆိုလာဓါတ္အားေပးစနစ္ တည္ေဆာက္မည္

 

သီလဝါအထူးစီးပြားေရးဇုန္အတြင္း ဆိုလာစနစ္ျဖင့္ ဓာတ္အား ၁၄ မဂၢါဝပ္ခန္႔အထိ တပ္ဆင္ထုတ္လုပ္ႏိုင္ေရးကို အဆင့္အလိုက္အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန မွ သိရသည္။

လက္႐ွိတြင္ သီလဝါအထူးစီးပြားေရးဇုန္၌ ေနေရာင္ျခည္စြမ္းအင္မွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈအေနျဖင့္ စက္႐ုံ သုံး႐ုံတြင္ ဆိုလာစနစ္မ်ား တပ္ဆင္ထားၿပီး ဓာတ္အား ၂ မဂၢါဝပ္ခန္႔ ထုတ္လုပ္အသုံးျပဳေနသည့္ ဇုန္အတြင္း ဆိုလာစနစ္တပ္ဆင္ ဓာတ္အားထုတ္လုပ္ႏိုင္ေရးအတြက္ ဇုန္ကုမၸဏီမ်ား၏ ေလ့လာစူးစမ္းမႈ ျပဳထားခ်က္မ်ားအရ ဓာတ္အား ၁၄ မဂၢါဝပ္ခန္႔အထိ ဆိုလာစနစ္တပ္ဆင္ ဓာတ္အား ထုတ္လုပ္ႏိုင္မည္ကို ေတြ႕႐ွိထားေၾကာင္း သိရသည္။

ျမန္မာ - ဂ်ပန္ သီလဝါဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီလီမိတက္ (MJTD) သည္ ဆိုလာစနစ္ တပ္ဆင္ၿပီးပါက အသုံးျပဳေနေသာ ဝန္အားထက္ ဆိုလာစနစ္မွ ဓာတ္အားထုတ္လုပ္ႏိုင္မႈ ပိုေနခ်ိန္မ်ားတြင္ ခ်ိတ္ဆက္ထားသည့္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ ဓာတ္အားလိုင္းမွ တစ္ဆင့္ အဆိုပါအထူးစီးပြားေရးဇုန္အတြင္း႐ွိ အျခားစက္႐ုံမ်ားသို႔ ဓာတ္အားပို႔လႊတ္ ျဖန္႔ျဖဴးေပးသြားမည္ျဖစ္ေၾကာင္း ယင္းဝန္ႀကီးဌာနမွ သိရသည္။

သီလဝါအထူးစီးပြားေရးဇုန္သည္ ၆၆၇ ဒသမ ၂၇၅ ဟက္တာ (၁၆၅၀ ဧက နီးပါး) က်ယ္ဝန္းၿပီး ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံမွ ကုမၸဏီေပါင္း ၁၁၄ ခုက ရင္းႏွီးျမႇဳပ္ႏွံထားကာ လက္႐ွိ ျမန္မာႏိုင္ငံ၌ စီးပြားေရးဇုန္ သုံးခုအနက္ အေအာင္ျမင္ဆုံးလည္ပတ္ေနသည့္ အထူးစီးပြားေရးဇုန္ တစ္ခုျဖစ္ေၾကာင္း သိရသည္။

ဆိုလာစနစ္မွ လွ်ပ္စစ္ဓာတ္အားရ႐ွိပါက ဇုန္အတြင္း မူလသုံးစြဲရသည့္ လွ်ပ္စစ္ဓာတ္အားကို အျခားလိုအပ္သည့္ေနရာတြင္ သုံးစြဲႏိုင္မည္ျဖစ္သည့္အတြက္ သီလဝါအထူးစီးပြားေရးဇုန္အတြင္း ဆိုလာ လွ်ပ္စစ္မီးရ႐ွိေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Photo Credit: MTSH

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service