ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ - Property News in Myanmar from iMyanmarHouse.com
907 Views

ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ

[Unicode]

 

ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်းအား ဆက်လက်တည်ဆောက်ရန်စီစဉ်နေသည့်အပြင်၊ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာဒုံစက်မှုဥယျာဉ်စီမံကိန်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသိရသည်။

Yangon Amata မြို့သစ်စီမံကိန်း ကို ထိုင်းနိုင်ငံအခြေစိုက် Amata Corporation PCL နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူဖော်ဆောင်သည့် စီမံကိန်းတစ်ခု ဖြစ်သည် ။

စီမံကိန်းကို ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ် အတွင်း လေးထောင့်ကန်ကျေးရွာအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

‌ယင်းစီမံကိန်း၏ ကနဦးရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန်ဒေါ်လာသန်း (၂၇၀) ကျော် အသုံးပြုမည်ဖြစ်ပြီး၊စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရှယ်ယာ (၂၀) ရာခိုင်နှုန်းနှင့် Amata Corporation PCL လက်အောက်ခံ Amata Asia (Myanmar) Limited က ရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စီမံကိန်းအတွင်းပါဝင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေသန့်စင်စက်ရုံကို စတင်ဆောက်လုပ်နေကြောင်းသိရသည်။

Yangon Amata မြို့သစ်စီမံကိန်း အား ယခင် အရပ်သားအစိုးရလက်ထက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းက မြေဧက (၂,၀၀၀) ပေါ်၌ အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များ နောက်ပိုင်း ယာယီရပ်နားထားကြောင်း တရားဝင်ကြေညာခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ယာယီရပ္နားထားသည့္ Yangon Amata ၿမိဳ႕သစ္စီမံကိန္း ေဖၚေဆာင္ရန္ စီစဥ္ေန

 

ယာယီရပ္နားထားသည့္ Yangon Amata ၿမိဳ႕သစ္စီမံကိန္းအား ဆက္လက္တည္ေဆာက္ရန္စီစဥ္ေနသည့္အျပင္၊ရန္ကုန္တိုင္းအတြင္း႐ွိ မဂၤလာဒုံစက္မႈဥယ်ာဥ္စီမံကိန္း၊ ကိုရီးယား-ျမန္မာ စက္မႈဇုန္စီမံကိန္း၊ ႏိုင္ငံတကာအဆင့္မီ ပန္းလိႈင္ေဂါက္ကြင္းႏွင့္ အဆင့္ျမင့္ အိမ္ရာစီမံကိန္းမ်ားကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

Yangon Amata ၿမိဳ႕သစ္စီမံကိန္း ကို ထိုင္းႏိုင္ငံအေျခစိုက္ Amata Corporation PCL ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ အက်ိဳးတူေဖာ္ေဆာင္သည့္ စီမံကိန္းတစ္ခု ျဖစ္သည္ ။

စီမံကိန္းကို ရန္ကုန္တိုင္း႐ွိ ဒဂုံၿမိဳ႕သစ္(အေ႐ွ႕ပိုင္း)ႏွင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕ နယ္ အတြင္း ေလးေထာင့္ကန္ေက်း႐ြာအနီးတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

‌ယင္းစီမံကိန္း၏ ကနဦးရင္းႏွီးျမႇဳပ္ႏွံမႈ မွာ အေမရိကန္ေဒၚလာသန္း (၂၇၀) ေက်ာ္ အသုံးျပဳမည္ျဖစ္ၿပီး၊စီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ႐ွယ္ယာ (၂၀) ရာခိုင္ႏႈန္းႏွင့္ Amata Corporation PCL လက္ေအာက္ခံ Amata Asia (Myanmar) Limited က ႐ွယ္ယာ (၈၀) ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားျခင္းျဖစ္သည္။

လက္႐ွိအခ်ိန္တြင္ စီမံကိန္းအတြင္းပါဝင္ေသာ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ ေရသန္႔စင္စက္႐ုံကို စတင္ေဆာက္လုပ္ေနေၾကာင္းသိရသည္။

Yangon Amata ၿမိဳ႕သစ္စီမံကိန္း အား ယခင္ အရပ္သားအစိုးရလက္ထက္တြင္ ဒဂုံၿမိဳ႕သစ္အေ႐ွ႕ပိုင္းက ေျမဧက (၂,၀၀၀) ေပၚ၌ အေကာင္အထည္ေဖာ္ရန္ စီစဥ္ခဲ့ၿပီး ၂၀၂၁ ေဖေဖာ္ဝါရီလ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္စဥ္မ်ား ေနာက္ပိုင္း ယာယီရပ္နားထားေၾကာင္း တရားဝင္ေၾကညာခဲ့သည့္ စီမံကိန္းတစ္ခု ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service