ဗဟိုဘဏ်၏ Online Trading Platform မှတဆင့် တရုတ်ယွမ် ၅ သန်းကျော် နှင့် ထိုင်းဘတ် ၅၆ သန်း ထပ်မံရောင်းချပေး - Property News in Myanmar from iMyanmarHouse.com
462 Views
ဗဟိုဘဏ်၏ Online Trading Platform မှတဆင့် တရုတ်ယွမ် ၅ သန်းကျော် နှင့် ထိုင်းဘတ် ၅၆ သန်း ထပ်မံရောင်းချပေး
[Unicode]
ဗဟိုဘဏ်မှ Online Trading Platform မှတဆင့် လေးကြိမ်မြောက်အဖြစ် မတ်လ၂၂ ရက်နေတွင် အမေရိကန်ဒေါ်လာ ၈.၆ သန်းကျော်၊တရုတ်ယွမ်ငွေ ၂.၁ သန်းကျော်နှင့် ထိုင်းဘတ်ငွေ ၅၆.၆ သန်းကျော် ဗဟိုဘဏ်ကဈေးကွက်အတွင်းထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
“အဓိက ရောင်းပေးတာက ငွေလဲလုပ်ငန်းလုပ်ကိုင်ခွင်ဘဏ်တွေကိုပါ။ သူတို့ကနေတဆင့်သွင်းကုန်/ပိုကုန်လုပ်ငန်းရှင်တွေ ကဝယ်ကြပါတယ်။ မတ်လ ၂၂ အွန်လိုင်းပေါက်ဈေးက တစ်ဒေါ်လာ ၃၃၇၄ ကျပ်၊ တရုတ်တယွမ်ကို ၄၇၃ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ၉၇ ကျပ် ပေါက်ဈေးရှိပါတယ် “ဟု ဗဟိုဘဏ် နိုင်ငံခြားငွေရောင်းဝယ်ရေးဌာနမှအရာရှိတစ်ဦးကပြောသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၃,၅၀၀ ကျပ် ဝန်းကျင်သာရှိနေရာမှ ဖေဖော်ဝါရီလမှစတင်ကာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ မတ် ၂၂ ရက်အထိ အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၇၀ ကျပ် ၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၅၀၅ ကျပ် နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၃ ကျပ်အထိ အထိ မြင့်တက်နေခြင်းဖြစ်သည်။
ထို့ပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ ၁ ရက်မှစ၍ မတ်လ ၄ ရက်အထိ နှစ်လကျော်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ ၁၅ ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ ၁၅ ကြိမ်အတွင်း အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားကာ ဇန်နဝါရီ ၁၉ ရက်မှစ၍ မတ်လ ၄ ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း ၁၃၀၀ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
shwe-wutthmone
kt
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service