ဒဂုံတောင်ပိုင်းနှင့်ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများ အငှားဈေးကွက် အားကောင်းနေ - Property News in Myanmar from iMyanmarHouse.com
2142 Views
ဒဂုံတောင်ပိုင်းနှင့်ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများ အငှားဈေးကွက် အားကောင်းနေ
[Unicode]
ဒဂုံတောင်ပိုင်းမြို့နယ်အတွင်းရှိသည့် တန်ဖိုးနည်းအိမ်ရာများဖြစ်သော အောင်မြင့်မိုရ်အိမ်ရာ၊ ရိုးမအိမ်ရာ၊ သုခဒဂုံပြည်သူ့အငှါးအိမ်ရာ၊ ဗန္ဓုလအငှါးအိမ်ရာ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များအတွင်းရှိ ကနောင်တန်ဖိုးနည်းအိမ်ရာ၊ ဒီဇင်ဘာတန်ဖိုးနည်းအိမ်ရာ စသည်တို့တွင် လက်ရှိအခြေအနေမှာ အငှါးဈေးကွက် အားကောင်းနေကြောင်း ယင်းအိမ်ရာများကို ရောင်းဝယ်ငှါးအကျိုးဆောင်နေသော အသိုင်းအဝိုင်းမှ သိရသည်။
‘ဒီအိမ်ရာတွေထဲမှာက ပြန်လည်ရောင်းချပိုင်ခွင့်ရှိတဲ့တန်ဖိုးနည်းအိမ်ရာနဲ့ အငှါးအိမ်ရာဆိုပြီး (၂) မျိုးရှိပါတယ်။ လတ်တလောကာလမှာတော့ အရောင်းအဝယ်ဈေးကွက်ထက် အငှါးဈေးကွက်ကပိုပြီး အလုပ်ဖြစ်နေပါတယ်” ဟု အိမ်ခြံမြေအကျိုးဆောင် မထိုက်ထိုက်အောင်က iMyanmarHouse သို့ပြောသည်။
အဆိုပါတန်းဖိုးနည်းအိမ်ရာများသည် မူလပိုင်ဆိုင်သူမှ တစ်ဆင့်ပြန်လည်ရောင်းချခွင့်ရှိကြောင်းလည်း ယင်းကဆက်လက်ပြောကြားသည်။ ယင်းအိမ်ရာများသည် (၆)ခန်းတွဲ (၄) ထပ်ဆောင်နှင့် (၈) ခန်းတွဲ (၄) ထပ်ဆောင်များအဖြစ် ဖွဲ့စည်းတည်ဆောက်ထားပြီး လက်ရှိအချိန်တွင် နေထိုင်သူလူဦးရေ အတော်အသင့် ရှိနေပြီဖြစ်ကြောင်း၊ နောက်ထပ်လည်း အငှါးအိမ်ရာများတွင် နေထိုင်လိုသူများအတွက် မဲဖောက်ပေးမည့် အစီအစဉ်များကိုလည်း ထပ်မံဖော်ဆောင်ရန်ရှိနေကြောင်း၊ လျှောက်လွှာများကို မိမိနေထိုင်ရာအနီးရှိ ထွေအုပ်ရုံးများတွင်ယူနိုင်ကြောင်း ထပ်မံသိရှိရသည်။
အဆိုပါအိမ်ရာများ၏ အငှားဈေးနှုန်းများက မြေညီထပ်မှာ ကျပ်တစ်သိန်းခွဲမှ ကျပ်တစ်သိန်းခုနှစ်သောင်းထိ လည်းကောင်း၊ ပထမထပ်မှ တတိယထပ်မှာ ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းသုံးသောင်းခန့်ထိရှိကြောင်း၊ အရောင်းအဝယ်ဈေးနှုန်းမှာ တိုက်ခန်းအပြင်အဆင်ပေါ်မူတည်ပြီး မြေညီထပ်မှ တတိယအထပ်အထိ ကျပ်သိန်း(၂၀၀) မှ ကျပ်သိန်း (၅၀၀) လောက်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ အောင်မြင့်မိုရ်အိမ်ရာ၊ ရိုးမအိမ်ရာ၊ သုခဒဂုံအိမ်ရာနှင့် ဗန္ဓုလအိမ်ရာတို့မှာ အမှတ်(၂)လမ်းမကြီးပေါ်ရှိ ကညနရုံး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်အတွင်းတည်ရှိကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service