ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ - Property News in Myanmar from iMyanmarHouse.com
1527 Views

ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ

[Unicode]

 

ကရင်ပြည်နယ် ဘားအံမြို့ ပေါ်နှင့် အနီးတစ်ဝိုက်အတွင်း ကျပ်သိန်း (၁၀၀) ဝန်းကျင်ရှိသော ခြံမြေများသာ လတ်တလောကာလ၌ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ကရင်ပြည်နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကပင် တန်ဖိုးမြင့်အိမ်ခြံမြေများ ရောင်းအားတက်ခဲ့ပြီးနောက် ယခုနှစ်ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့နှင့် အနီးတစ်ဝိုက်ရှိ အိမ်ခြံမြေများ၏ အဝယ်ဈေးကွက်မှာ အနည်းငယ်တည်ငြိမ်သွားကြောင်း သိရသည်။

‘ အခုလက်ရှိအခြေအနေမှာတော့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်က အနည်းငယ်အေးနေပါတယ်။ တန်ဖိုးမြင့်အိမ်ခြံမြေတွေက အဝယ်အရောင်း တန့်နေပြီး တန်ဖိုးအသင့်အတင့်ရှိတဲ့ အိမ်ခြံတွေကတော့ အနည်းငယ်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။” ဟု NSK အိမ်ခြံမြေအကျိုးဆောင် ဦးကျော်သူဝင်းက ပြောသည်။

လက်ရှိတွင် ဘားအံမြို့နှင့်အနီးတစ်ဝိုက်ရှိ ဝယ်သူအကြိုက်ဖြစ်နေသော မြေနေရာများမှာ တောင်ကလေး တောင်ဝိုင်းအနီးရှိ တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာ၊ လှာကမြင်အိမ်ရာစီမံကိန်းမြေနေရာ၊ တောင်ကလေးဈေးမသွယ်ကျေးရွာအုပ်စုဝင် အိမ်ခြံမြေတို့ဖြစ်ကြောင်း သိရသည်။

ဘားအံမှာတော့ ဝယ်ကိုင်တဲ့လူတွေက ရွှေနဲ့မြေကို ကစားကြတာများတယ်။ ရွှေဈေးတက်လာရင် မြေအဝယ်က အိမ်ဆောက်နေမယ့် လူလောက်ပဲလာဝယ်ကြတယ်။ ရွှေဈေးကျရင် ရွှေရောင်းပြီး မြေဘက်မှာလာပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ ရွှေဈေးအတက်အကျပေါ်မူတည်ပြီး အိမ်ခြံမြေဈေးကွက်က လှုပ်နေတာပါပဲ။ လတ်တလောမှာ အိမ်ခြံမြေဝယ်ရောင်းဈေးကွက်အခြေအနေမှာဆိုရင် ကျပ်သိန်း (၁၀၀) ပတ်လည် အကွက်တွေကတော့ အရောင်းအဝယ်အနည်းငယ် ဖြစ်ပါတယ်။

ခုလက်ရှိ တန်ဖိုးကြီးအိမ်ခြံမြေအရောင်းအဝယ်ကတော့ အေးသလောက်ပါပဲ။ တောင်ဝိုင်းဘက်ကတော့ သိန်း (၁၀၀) ပတ်လည်လောက် မြေကွက်တွေတော့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးမသွယ်ကတော့ လှာကမြင်ကွက်သစ် (က) တန်း ကပ်လျက်အကွက်လေးတွေလောက်ပဲ အရောင်းအဝယ်ဖြစ်ပါ” ဟု ဘားအံမြို့မှ အိမ်ခြံမြေအကျိုးဆောင် ကိုလင်းနိုင်ဖြိုး ကပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ေပၚႏွင့္ အနီးတစ္ဝိုက္ သိန္း (၁၀၀) ဝန္းက်င္ျခံေျမမ်ားသာ အေရာင္းအဝယ္႐ွိေန

 

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ေပၚႏွင့္ အနီးတစ္ဝိုက္အတြင္း က်ပ္သိန္း (၁၀၀) ဝန္းက်င္႐ွိေသာ ျခံေျမမ်ားသာ လတ္တေလာကာလ၌ အိမ္ျခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ျဖစ္ေနေၾကာင္း ကရင္ျပည္နယ္႐ွိ အိမ္ျခံေျမအက်ိဳးေဆာင္မ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ႏွစ္ကပင္ တန္ဖိုးျမင့္အိမ္ျခံေျမမ်ား ေရာင္းအားတက္ခဲ့ၿပီးေနာက္ ယခုႏွစ္ဇန္နဝါရီလ ဒုတိယအပတ္မွ စတင္ၿပီး ကရင္ျပည္နယ္ ဘားအံၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္႐ွိ အိမ္ျခံေျမမ်ား၏ အဝယ္ေဈးကြက္မွာ အနည္းငယ္ တည္ၿငိမ္သြားေၾကာင္း သိရသည္။

‘ အခုလက္႐ွိအေျခအေနမွာေတာ့ အိမ္ျခံေျမအေရာင္း အဝယ္ေဈးကြက္က အနည္းငယ္ေအးေနပါတယ္။ တန္ဖိုးျမင့္အိမ္ျခံေျမေတြက အဝယ္အေရာင္း တန္႔ေနၿပီး တန္ဖိုးအသင့္အတင့္႐ွိတဲ့ အိမ္ျခံေတြကေတာ့ အနည္းငယ္ေတာ့ အေရာင္းအဝယ္ျဖစ္ေနပါတယ္။” ဟု NSK အိမ္ျခံေျမအက်ိဳး ေဆာင္ဦး ေက်ာ္သူဝင္းက ေျပာသည္။

လက္႐ွိတြင္ ဘားအံၿမိဳ႕ႏွင့္အနီးတစ္ဝိုက္႐ွိ ဝယ္သူအႀကိဳက္ျဖစ္ေနေသာ ေျမေနရာမ်ားမွာ ေတာင္ကေလး ေတာင္ဝိုင္းအနီး႐ွိ ေတာင္ကေလး တိုးခ်ဲ႕ၿမိဳ႕ျပအိမ္ရာစီမံကိန္းေျမေနရာ၊ လွာကျမင္အိမ္ရာစီမံကိန္းေျမေနရာ၊ ေတာင္ကေလးေဈးမသြယ္ေက်း႐ြာအုပ္စုဝင္ အိမ္ျခံေျမတို႔ျဖစ္ေၾကာင္း သိရသည္။

ဘားအံမွာေတာ့ ဝယ္ကိုင္တဲ့လူေတြက ေ႐ႊနဲ႔ေျမကို ကစားၾကတာမ်ားတယ္။ ေ႐ႊေဈးတက္လာရင္ ေျမအဝယ္က အိမ္ေဆာက္ေနမယ့္ လူေလာက္ပဲလာဝယ္ၾကတယ္။ ေ႐ႊေဈးက်ရင္ ေ႐ႊေရာင္းၿပီး ေျမဘက္မွာလာၿပီး ရင္းႏွီးျမႇဳပ္ႏွံၾကပါတယ္။ ေ႐ႊေဈးအတက္အက်ေပၚမူတည္ၿပီး အိမ္ျခံေျမေဈးကြက္က လႈပ္ေနတာပါပဲ။ လတ္တေလာမွာ အိမ္ျခံေျမဝယ္ေရာင္းေဈးကြက္အေျခအေနမွာဆိုရင္ က်ပ္သိန္း (၁၀၀) ပတ္လည္ အကြက္ေတြကေတာ့ အေရာင္းအဝယ္ အနည္းငယ္ျဖစ္ပါတယ္။

ခုလက္႐ွိ တန္ဖိုးႀကီးအိမ္ျခံေျမ အေရာင္းအဝယ္ကေတာ့ ေအးသေလာက္ပါပဲ။ ေတာင္ဝိုင္းဘက္ကေတာ့ သိန္း (၁၀၀) ပတ္လည္ေလာက္ ေျမကြက္ေတြေတာ့ အေရာင္းအဝယ္ျဖစ္ပါတယ္။ ေဈးမသြယ္ကေတာ့ လွာကျမင္ကြက္သစ္ (က) တန္း ကပ္လ်က္အကြက္ေလးေတြေလာက္ပဲ အေရာင္းအဝယ္ျဖစ္ပါ” ဟု ဘားအံၿမိဳ႕မွ အိမ္ျခံေျမအက်ိဳးေဆာင္ ကိုလင္းႏိုင္ၿဖိဳး ကေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service