ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လိုအားအများဆုံး နေရာဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
2126 Views

ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လိုအားအများဆုံး နေရာဖြစ်နေ

[Unicode]

 

ကရင်ပြည်နယ် ဘားအံမြို့အနီး တောင်ကလေးကျေးရွာအုပ်စုဝင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း မြေနေရာများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာများအပြင် အနောက်ဥရောပနိုင်ငံများသို့ ရောက်ရှိနေသည့်မြန်မာများကပါ စိတ်ဝင်တစားရင်းနှီးမြှုပ်နှံကြပြီး လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း ဝယ်လိုအား အများဆုံးမြေနေရာဖြစ်နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်) မှ NSK အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်သူဝင်းကပြောသည်။

‘’လက်ရှိမှာတော့ စိတ်ဝင်တစားနဲ့ရင်းနှီးမြှုပ်နှံကြတဲ့သူတွေက ကရင်ပြည်နယ်တွင်းက ဒေသခံတွေအပြင် ထိုင်းရောက်မြန်မာတွေ၊ အနောက်နိုင်ငံတွေ ဖြစ်တဲ့ ကနေဒါတို့၊ အမေရိကန်နိုင်ငံ တွေရောက်နေတဲ့ မြန်မာတွေဖြစ်ပါတယ်။

မြေကွက်ဈေးတွေက တစ်လတစ်ခါလောက်ကို သိန်း(၁၀) ဂဏန်းလောက်ကို တက်နေပါတယ်” ဟု ယင်းကပြောသည်။

အဆိုပါမြေနေရာတွင်အမှတ် ၁/မှ ၁၉/အထိ ရပ်ကွက်ကြီး ၁၉ခု ပါဝင်ပြီး ဘားအံမြို့ထက် ရပ်ကွက် ၁၀ခု ပိုများသော အိမ်ရာစီမံကိန်းမြေနေရာကြီးဖြစ်ကြောင်း၊ ယင်းမြေနေရာသည် ၉၂၈.၉၃ ဧကအတွင်း တည်ရှိကြောင်း၊ တစ်ရပ်ကွက်လျှင် မြေကွက်ပေါင်း ၆၀၀ ခန့် ပါဝင်ကြောင်း၊ အဆင့်မြင့်အိမ်ရာဖော်ဆောင်ရေး ရည်ရွယ်ချက်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

“ဒီစီမံကိန်းမြေနေရာမှာဆိုရင် ကညနရုံး၊ နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ မဟော်သဓာ(ဘက) ကိုယ်ပိုင်အထက်တန်းကျောင်း၊တောင်ဝိုင်း မင်္ဂလာဈေးစသဖြင့် မြို့တစ်မြို့ရဲ့ အင်္ဂါရပ်နဲ့အညီ အဆင့်မြင့်မြင့် ဖော်ဆောင်ထားတာဖြစ်ပါတယ်” ဟု ဦးကျော်သူဝင်းက ပြောသည်။

တောင်ကလေး တိုးချဲ့မြို့ပြအိမ်ယာစီမံကိန်းသည် တောင်များကာရံထားပြီး လေးထောင့်ပုံစံတည်ဆောက်ထားသည်။ ကုန်းမြင့်ပေါ်တွင်တည်ရှိသော မြေကွက်များပါရှိသလို မြေပြင်ညီပေါ်ရှိမြေကွက်များ တည်ရှိကြောင်း၊ လက်ရှိတွင် အမှတ်၁၂/ ၊ အမှတ်၁၃/ ၊အမှတ်၁၆/၊ အမှတ်၁၇/နှင့် အမှတ်၁၈/ရပ် ကွက်များမှာ မြေကွက်ဖော်ဆောင်မှုမလုပ်ရသေးကြောင်း သိရသည်။

 

မြေကွက်များကို ပေ ၃၀ x ပေ ၈၀၊ ပေ ၄၀ x ပေ ၆၀၊ ပေ ၆၀ x ပေ ၈၀ နှင့် ပေ၈၀ x ပေ၆၀ ဟုအမျိုးအစားလေးမျိုးရှိပြီး ဈေးနှုန်းများမှာလည်း မြေနေရာအလိုက် သိန်း ၅၀ ကျပ်မှ သိန်း ၁၀၀၀ ကျပ်ခန့် အထိရှိနေကြောင်းသိရသည်။

ကရင်ပြည်နယ် ဘားအံမြို့အနီး တောင်ကလေးကျေးရွာအုပ်စုဝင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ယာစီမံကိန်းမြေနေရာသည် ဘားအံမြို့မှ ကားဖြင့်၁၅မိနစ်ခန့်သွားလျှင်ရောက်နိုင်ပြီး တောင်ဝိုင်းသို့ မိနစ်၁၅ခန့်သွားလျှင်ရောက်နိုင်ကြောင်းသိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Credit to Photo - ( NSK )

 

 

[Zawgyi]

 

ျပည္ပေရာက္ျမန္မာမ်ားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည့္ ေတာင္ကေလးတိုးခ်ဲ႕ၿမိဳ႕ျပအိမ္ရာစီမံကိန္းေျမေနရာသည္ ကရင္ျပည္နယ္တြင္း ဝယ္လိုအားအမ်ားဆုံး ေနရာျဖစ္ေန

 

ကရင္ျပည္နယ္ ဘားအံၿမိဳ႕အနီး ေတာင္ကေလးေက်း႐ြာအုပ္စုဝင္ ေတာင္ကေလး တိုးခ်ဲ႕ၿမိဳ႕ျပအိမ္ရာစီမံကိန္း ေျမေနရာမ်ားသည္ ထိုင္းႏိုင္ငံသို႔ ေရာက္႐ွိေနသည့္ ျမန္မာမ်ားအျပင္ အေနာက္ဥေရာပႏိုင္ငံမ်ားသို႔ ေရာက္႐ွိေနသည့္ျမန္မာမ်ားကပါ စိတ္ဝင္တစားရင္းႏွီးျမႇဳပ္ႏွံၾကၿပီး လက္႐ွိအခ်ိန္တြင္ ကရင္ျပည္နယ္အတြင္း ဝယ္လိုအား အမ်ားဆုံးေျမေနရာျဖစ္ေနေၾကာင္း ျမန္မာႏိုင္ငံအိမ္ျခံေျမဝန္ေဆာင္မႈအသင္း(ကရင္ျပည္နယ္) မွ NSK အိမ္ျခံေျမ အက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္သူ ဦးေက်ာ္သူဝင္းကေျပာသည္။

‘’လက္႐ွိမွာေတာ့ စိတ္ဝင္တစားနဲ႔ရင္းႏွီးျမႇဳပ္ႏွံၾကတဲ့သူေတြက ကရင္ျပည္နယ္တြင္းက ေဒသခံေတြအျပင္ ထိုင္းေရာက္ျမန္မာေတြ၊ အေနာက္ႏိုင္ငံေတြ ျဖစ္တဲ့ ကေနဒါတို႔၊ အေမရိကန္ႏိုင္ငံ ေတြေရာက္ေနတဲ့ ျမန္မာေတြျဖစ္ပါတယ္။

ေျမကြက္ေဈးေတြက တစ္လတစ္ခါေလာက္ကို သိန္း(၁၀) ဂဏန္းေလာက္ကို တက္ေနပါတယ္” ဟု ယင္းကေျပာသည္။

အဆိုပါေျမေနရာတြင္အမွတ္ ၁/မွ ၁၉/အထိ ရပ္ကြက္ႀကီး ၁၉ခု ပါဝင္ၿပီး ဘားအံၿမိဳ႕ထက္ ရပ္ကြက္ ၁၀ခု ပိုမ်ားေသာ အိမ္ရာစီမံကိန္းေျမေနရာႀကီးျဖစ္ေၾကာင္း၊ ယင္းေျမေနရာသည္ ၉၂၈.၉၃ ဧကအတြင္း တည္႐ွိေၾကာင္း၊ တစ္ရပ္ကြက္လွ်င္ ေျမကြက္ေပါင္း ၆၀၀ ခန္႔ ပါဝင္ေၾကာင္း၊ အဆင့္ျမင့္အိမ္ရာေဖာ္ေဆာင္ေရး ရည္႐ြယ္ခ်က္ျဖင့္ စတင္အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း သိရသည္။

“ဒီစီမံကိန္းေျမေနရာမွာဆိုရင္ ကညန႐ုံး၊ နည္းပညာတကၠသိုလ္၊ အစိုးရစက္မႈလက္မႈသိပၸံ၊ မေဟာ္သဓာ(ဘက) ကိုယ္ပိုင္အထက္တန္းေက်ာင္း၊ေတာင္ဝိုင္း မဂၤလာေဈးစသျဖင့္ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ အဂၤါရပ္နဲ႔အညီ အဆင့္ျမင့္ျမင့္ ေဖာ္ေဆာင္ထားတာျဖစ္ပါတယ္” ဟု ဦးေက်ာ္သူဝင္းက ေျပာသည္။

ေတာင္ကေလး တိုးခ်ဲ႕ၿမိဳ႕ျပအိမ္ယာစီမံကိန္းသည္ ေတာင္မ်ားကာရံထားၿပီး ေလးေထာင့္ပုံစံတည္ေဆာက္ထားသည္။ ကုန္းျမင့္ေပၚတြင္တည္႐ွိေသာ ေျမကြက္မ်ားပါ႐ွိသလို ေျမျပင္ညီေပၚ႐ွိေျမကြက္မ်ား တည္႐ွိေၾကာင္း၊ လက္႐ွိတြင္ အမွတ္၁၂/ ၊ အမွတ္၁၃/ ၊အမွတ္၁၆/၊ အမွတ္၁၇/ႏွင့္ အမွတ္၁၈/ရပ္ ကြက္မ်ားမွာ ေျမကြက္ေဖာ္ေဆာင္မႈမလုပ္ရေသးေၾကာင္း သိရသည္။

ေျမကြက္မ်ားကို ေပ ၃၀ x ေပ ၈၀၊ ေပ ၄၀ x ေပ ၆၀၊ ေပ ၆၀ x ေပ ၈၀ ႏွင့္ ေပ၈၀ x ေပ၆၀ ဟုအမ်ိဳးအစားေလးမ်ိဳး႐ွိၿပီး ေဈးႏႈန္းမ်ားမွာလည္း ေျမေနရာအလိုက္ သိန္း ၅၀ က်ပ္မွ သိန္း ၁၀၀၀ က်ပ္ခန္႔ အထိ႐ွိေနေၾကာင္းသိရသည္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕အနီး ေတာင္ကေလးေက်း႐ြာအုပ္စုဝင္ ေတာင္ကေလး တိုးခ်ဲ႕ၿမိဳ႕ျပအိမ္ယာစီမံကိန္းေျမေနရာသည္ ဘားအံၿမိဳ႕မွ ကားျဖင့္၁၅မိနစ္ခန္႔သြားလွ်င္ေရာက္ႏိုင္ၿပီး ေတာင္ဝိုင္းသို႔ မိနစ္၁၅ခန္႔သြားလွ်င္ေရာက္ႏိုင္ေၾကာင္းသိရသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit to Photo - ( NSK )

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service