အာရှပစိဖိတ် အိမ်ခြံမြေကွန်ဗေးရှင်း နှီးနှောဖလှယ်ပွဲကို မြန်မာအိမ်ခြံမြေလုပ်ငန်းရှင်များတက်ရောက် - Property News in Myanmar from iMyanmarHouse.com
394 Views

အာရှပစိဖိတ် အိမ်ခြံမြေကွန်ဗေးရှင်း နှီးနှောဖလှယ်ပွဲကို မြန်မာအိမ်ခြံမြေလုပ်ငန်းရှင်များတက်ရောက်

[Unicode]

 

အောက်တိုဘာလ (၅) ရက်နေ့ကနေ(၆)ရက်နေ့အထိ ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာရှပစိဖိတ်အိမ်ခြံမြေ ကွန်ဗေးရှင်းနှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ မြန်မာအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်တွေကို ကမာ္ဘ့အိမ်ခြံမြေအဖွဲ့ချုပ်(FIABCI) က ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆေင်မှု လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတာဖြစ်ပြီး နိုင်ငံတကာက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေတက်ရောက်မှာဖြစ်လို့ မြန်မာ့အိမ်ခြံမြေလောကအတွက် အကျိုးအမြတ်များတယ်လို့ အိမ်ခြံမြေဝန်ဆေင်မှုလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ အခုနှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်းမှာသာမကဘဲ ပြည်ပနိုင်ငံတွေ အထိမှာပါ အိမ်ခြံမြေတွေကိုဝယ်ယူနေကြပါတယ်။

ထိုင်းအစိုးရရဲ့ ထိုင်းနိုင်ငံအတွင်း အိမ်ခြံမြေဝယ်ယူမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့်(၈) နေရာမှာရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ကွန်ဒိုအများဆုံးဝယ်ယူသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရုရှားနိုင်ငံသားတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ တတိယအများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ပျှမ်းမျှ ဘတ်(၇) သန်းတန်လောက်ရှိတဲ့ကွန်ဒိုတွေ ဝယ်ယူနေကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။

အခုနှစ်ဝက်အထိ ထိုင်းမှာ ကွန်ဒိုတိုက်ခန်းပေါင်း (၁၈၂)ခန်းကို မြန်မာနိုင်ငံကဝယ်ယူထားပြီး ကာလတန်ဖိုး ဘတ်ငွေ(၁၂၇၄) သန်းအထိ ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

အာရွပစိဖိတ္ အိမ္ၿခံေျမကြန္ေဗးရွင္း ႏွီးေႏွာဖလွယ္ပြဲကို ျမန္မာအိမ္ၿခံေျမလုပ္ငန္းရွင္မ်ားတက္ေရာက္

 

ေအာက္တိုဘာလ (၅) ရက္ေန႔ကေန(၆)ရက္ေန႔အထိ ထိုင္းႏိုင္ငံမွာက်င္းပေနတဲ့ အာရွပစိဖိတ္အိမ္ၿခံေျမ ကြန္ေဗးရွင္းႏွီးေႏွာဖလွယ္ပြဲကို တက္ေရာက္ဖို႔ ျမန္မာအိမ္ၿခံေျမဝန္ေဆာင္မႈ လုပ္ငန္းရွင္ေတြကို ကမာၻ႔အိမ္ၿခံေျမအဖြဲ႕ခ်ဳပ္(FIABCI) က ဖိတ္ေခၚခဲ့တာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆင္မႈ လုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။

အဲဒီေဆြးေႏြးပြဲကို ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွာ က်င္းပေနတာျဖစ္ၿပီး ႏိုင္ငံတကာက အိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံသူေတြ၊ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြနဲ႔ အိမ္ၿခံေျမ အက်ိဳးေဆာင္ေတြတက္ေရာက္မွာျဖစ္လို႔ ျမန္မာ့အိမ္ၿခံေျမေလာကအတြက္ အက်ိဳးအျမတ္မ်ားတယ္လို႔ အိမ္ၿခံေျမဝန္ေဆင္မႈလုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။ အခုႏွစ္ပိုင္းအတြင္းမွာ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ျပည္တြင္းမွာသာမကဘဲ ျပည္ပႏိုင္ငံေတြ အထိမွာပါ အိမ္ၿခံေျမေတြကိုဝယ္ယူေနၾကပါတယ္။

ထိုင္းအစိုးရရဲ႕ ထိုင္းႏိုင္ငံအတြင္း အိမ္ၿခံေျမဝယ္ယူမႈစာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္(၈) ေနရာမွာရွိေနပါတယ္။ ထိုင္းႏိုင္ငံမွာ ကြန္ဒိုအမ်ားဆုံးဝယ္ယူသူေတြဟာ တ႐ုတ္ႏိုင္ငံသားေတြျဖစ္ၿပီး ဒုတိယအမ်ားဆုံးကေတာ့ ႐ုရွားႏိုင္ငံသားေတြျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံကေတာ့ တတိယအမ်ားဆုံးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံသားေတြကေတာ့ ပွ်မ္းမွ် ဘတ္(၇) သန္းတန္ေလာက္ရွိတဲ့ကြန္ဒိုေတြ ဝယ္ယူေနၾကတာျဖစ္တယ္လို႔ ထိုင္းႏိုင္ငံရဲ႕ အိမ္ၿခံေျမသတင္းျပန္ၾကားေရးမွာ ေဖာ္ျပထားပါတယ္။

အခုႏွစ္ဝက္အထိ ထိုင္းမွာ ကြန္ဒိုတိုက္ခန္းေပါင္း (၁၈၂)ခန္းကို ျမန္မာႏိုင္ငံကဝယ္ယူထားၿပီး ကာလတန္ဖိုး ဘတ္ေငြ(၁၂၇၄) သန္းအထိ ရွိေနတယ္လို႔လည္း ထိုင္းႏိုင္ငံရဲ႕ အိမ္ၿခံေျမသတင္းျပန္ၾကားေရးမွာ ေဖာ္ျပထားပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

Upcoming Property Events

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service