ကျေးရွာများနှင့်စပ်လျဉ်း၍ ၃(က) ဝန်ခံကတိပြုချက်လက်မှတ် လျှောက်ထားရယူမည်ဆိုပါက သိရှိ ထားသင့်သည့်အချက်အလက်များကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြရေးသားပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
363 Views

ကျေးရွာများနှင့်စပ်လျဉ်း၍ ၃(က) ဝန်ခံကတိပြုချက်လက်မှတ် လျှောက်ထားရယူမည်ဆိုပါက သိရှိ ထားသင့်သည့်အချက်အလက်များကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြရေးသားပေးလိုက်ပါတယ်။

Knowledge | Posted by Hnin Ei Khin

[Unicode]

ရွာမြေတွေကို ရွာနယ်နိမိတ်အလိုက် မြေဧကထွက်ရှိကာ မြေပုံရေးဆွဲထားခြင်းသာရှိပြီး မြေစာရင်းဌာနမှာ အဆိုပါမြေပုံအား အရောင်ခြယ်ထားပါတယ်။ မြေကွက်တစ်ကွက်ချင်းစီအလိုက် မြေရာဇဝင်၊ မြေကွက်အမှတ်၊ ကွင်း/အကွက်အမှတ်၊ မြေအကျယ်တိုင်းတာထားခြင်း မရှိသေးလို့ မြေစာရင်းဌာနက မြေကွက်တစ်ကွက်ချင်းစီ မြေပုံထုတ်ပေးလို့တော့ မရပါဘူး။

ရွာမြေ၊ ကျေးရွာမြေများကို အခွန်ကင်းလွတ်ခွင့်လဲ ပေးထားပါတယ်။ ရွာမြေနှင့်ကျေးရွာ မြေမှာလဲ ကွာခြားချက်ရှိပြီး ကျေးရွာမြေများအား အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး ဂရန်ပေးစီမံချက်ဖြင့် မြေငှားဂရန်လဲ ထုတ်ပေးနိုင်ပါတယ်။

ကျေးရွာမြေများတွင် လူနေထိုင်ရန်အတွက် မြေကွက်ဖော်ဆောင်ရာတွင်လဲ ခရိုင်အုပ်ချုပ်ရေး မှူးအမိန့်ဖြစ်သာ ဖော်ဆောင်နိုင်ပါတယ်။ လယ်ယာမြေ၊ ယာမြေတို့နှင့် ကင်းလွတ်ကြောင်း ကျေးရွာမြေ ဖြစ်ကြောင်း အထောက်အထားခိုင်လုံရန်၊ ပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် ဂရန်ပေးစီမံချက် မရှိသေး သော ကျေးရွာများတွင် ယခင်က 3 B Certificate လျှောက်ထားနိုင်ပါသည်။

(၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)ပါ၊ [ ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကား ရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင် ]အရဟု ဆိုသော ကြောင့် ယခု 3 A Certificateသာ ရယူလျှောက်ထားရမည်ဖြစ်ပါတယ် ။

3 A Certificate လျှောက်ထား ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်းထုတ်ပြန် ဆောင်ရွက်နေ သော်လည်း အခြားတိုင်း ဒေသကြီး/ပြည်နယ်များတွင် ညွှန်ကြားများ အဆင့်ဆင့်ထွက်ရှိမှသာ လျှောက်ထားရယူနိုင်မည်ဖြစ်ပါတယ်။

လျှောက်ထားလိုသူသည် မြေပိုင်ဆိုင်မှုအထောက်အထားအပြင် တည်နေရာပြမြေပုံကြမ်း၊ မြေနှင့်ပတ်သတ်သော မြေခွန်ပြေစာများ ၊ ကျမ်းကျိန်လွှာများ လိုအပ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြေအမျိုးအစား- B၊ ရွာမြေ၊ G-ဥယျာဉ်ခြံမြေနှင့် မြေပိုင်မြေ(R1,R2,R3) မြေများကိုသာ 3 A Certificate ရရှိအောင် ဆောင်ရွက်ပေး ပါတယ်။ လယ်ယာမြေတွေ၊ ယာမြေတွေထဲပါရင် လျှောက်ထားခွင့်မရှိပါဘူး။

တနည်းအားဖြင့် 3 A Certificate မြေဆိုတာ အိမ်ရာမြေအဖြစ် သတ်မှတ်ပေးခြင်းသာဖြစ်ပြီး မူလမြေပိုင်ရှင် အမည်အတိုင်းသာ Certificate ထုတ်ပေးကြောင်း ဖော်ပြရေးသားပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 


 














 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွ
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service