ရန်ကုန်အိမ်ခြံမြေဈေးကွက် ဈေးနှုန်းအမြင့်ဘက်ရှိနေတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေသုံးသပ် - Property News in Myanmar from iMyanmarHouse.com
1062 Views
ရန်ကုန်အိမ်ခြံမြေဈေးကွက် ဈေးနှုန်းအမြင့်ဘက်ရှိနေတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေသုံးသပ်
[Unicode]
လတ်တလော  အိမ်ခြံမြေ  ဈေးကွက်ဟာ ဈေးနှုန်းအမြင့်ဘက်မှာရှိနေပြီး ရန်ကုန်မြို့တွင်းမှာဆိုရင် နေရာပေါ်မူတည်ပြီးဈေးအတက်ဘက်ကိုသာဦးတည်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတွေက သုံးသပ်နေကြပါတယ်။ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုအပြင် ဝယ်လိုအားတက်လာမှု စီမံကိန်းတချို့ကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက် ဟာ အရင် ၂၀၂၂ ခုနှစ်ထက် အရောင်းဝယ်ပိုများလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကပြောဆိုထားပါတယ်။
ရန်ကုန်မြို့နဲ့အနီးဆုံးဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မြို့သစ်ဧရိယာထဲမှာပါဝင်တဲ့  ဒလမြို့  ဟာလည်း အခုသုံးလ အတွင်းမှာ ဈေးနှုန်းသုံးဆ နီးပါး မြင့်တက်လာတယ်လို့ ဒလမြို့ခံတွေနဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။လက်ရှိ ဒလမြို့ ရဲ့အိမ်ခြံမြေပေါက်ဈေးဟာ နေရာနဲ့မြေအကျယ်အဝန်း ပေါ်မူတည်ပြီး သိန်း ၂၀၀၀ ကနေ သိန်း ၅၀၀၀ ဝန်းကျင်အထိပေါက်ဈေးရှိနေပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လည်း  အိမ်ခြံမြေဈေးကွက် ဟာ ဈေးအတက်ဘက်မှာရှိနေပြီးဈေးပြန်ကျဖို့မရှိဘူးလို့ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးအောင်ထွန်းက ဇူလိုင်လ ၁၅ ရက်နေ့က Sky Star ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ အိမ်ခြံမြေ အကျိုးဆောင်များ ဆိုင်ရာအသိပညာပေးဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။
အိမ်ခြံမြေဈေးနှုန်းများမြင့်တက်နေတာဟာ ငွေကြေးလက်ဝယ်မကိုင်ထားလိုသူတွေအနေနဲ့ ပိုမိုခိုင်မာတဲ့ အိမ်ခြံမြေများအပေါ်မှာရင်းနှီးမြှုပ်နှံထားလိုသူတွေကြောင့်ဖြစ်တယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတချို့သုံးသပ်ထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service