“ကမ်းမယ့်လက်တို့ မှန်းမျှော်ကာနေ” - Property Knowledge in Myanmar from iMyanmarHouse.com
511 Views

“ကမ်းမယ့်လက်တို့ မှန်းမျှော်ကာနေ”

Knowledge | Posted by Hnin Ei Khin

[Unicode]

ဒီလ ၈ ရက်နေ့က လှူစရာပစ္စည်းလေးတွေကို ကားနှင့်တင်ပြီး သန်လျင် သဘာဝတရားရိပ်သာကို လှူဖို့ထွက်ခဲ့ကြသည်။

ထိုရိပ်သာသို့ အခုမှ ပထမဆုံးအကြိမ် လှူဖို့သွားခြင်းဖြစ်သည်။ ထိုသဘာဝတရားရိပ်သာသို့ ဝင်ရာလမ်းဘေးတစ်လျှောက်ကို ကြည့်သည့်အခါ ရိပ်သာကျောင်းဝင်းနှင့်တူသည်ဟု စိတ်ထဲတွင် မဖြစ်ခဲ့ပေ။ လူနေရပ်ကွက်တစ်ခုအတွင်း ဝင်လာခဲ့ရသည်ဟူ၍သာ စိတ်ထဲမှာဖြစ်နေသည်။

လမ်းဘေးဘယ်ညာတွင်ရှိသည့် အဆောက်အအုံတို့ကလည်းလူနေအဆောက်အအုံတို့သာများသည်။

 

 

 

 

လူတွေအုပ်လိုက် တန်းစီနေကြသည့် နေရာ၏ ရှေ့မျက်နှာစာနေရာတွင် ကားရပ်နားရန်နေရာတစ်ခုရှိရာ ထိုနေရာတွင် ကားများရပ်ထားပြီး ချိတ်ဆက်ထားသည့် အလှူခံမည့်ပုဂ္ဂိုလ်ကို မိမိတို့ရောက်ပြီဖြစ်ကြောင်း ဖုန်ဆက်ပြီး ကားရပ်ရာနေရာမှ စောင့်နေကြသည်။

ချိတ်ဆက်ထားသည့် အလှူခံပုဂ္ဂိုလ်အမျိုးသမီးတစ်ဦးနှင့် ယောဂီရောင်ဝတ် သီလရှင်ဆရာလေးတစ်ပါးတို့ ရောက်လာသည်။ ၎င်းတို့၏လမ်းညွှန်မှုဖြင့် လှူရမည့်နေရာကို သွားကြသည်။

 

 

 

 

လမ်းတွင်တွေ့ရသည့် သူများသည် လှုပ်လီလှုပ်လဲ့၊အိုမင်းမစွမ်းနှင့် အနာရောဂါတို့ဖြင့် ရုန်းကန်ရှင်သန် နေကြရသည့်သူများကို အများဆုံးတွေ့ရသည်။သူတို့နောက်ကလိုက်ရင်း ချိုးရမည့် လမ်းချိုးလေးတစ်ခု၏ ထိပ်တွင် အဆောက်အအုံတစ်ခု၌ မသာခေါင်းတို့ပြင်ဆင်နေသည်ကို တွေ့ရသည်။

ထိုရှေ့မှ ဘယ်ဘက်သို့ချိုးကွေ့လိုက်ပြီး တည့်တည့်ဆက်သွားခဲ့ရာတွင် ဘယ်ဘက်ခြမ်းတွင် ဆေးခန်းလိုလို အဆောက်အအုံများကိုတွေ့ရပြီး၊ထိုအဆောက်အအုံ၏လှေကားခုံတွင် ခေါင်းတွင် ပတ်တီးအဖွေးသားနှင့် လှဲနေသော အဖွားအိုတစ်ဦးကိုတွေ့ရသည်။ သူ့ဘေးတွင် ဘယ်သူမှမရှိ။

 

 

 

ဆက်လျှောက်လာခဲ့ရာတွင် ရှေ့တည့်တည့်တွင် လမ်းကိုကန့်လန့်ဖြတ် ဆောက်ထားသောအထပ်မြင့် အဆောက်အအုံတစ်ခုကိုလည်း တွေ့ရသည်။ ဆေးရုံဟုပြောရမည်လား၊ ဂီလာနအဆောင်ဟု ပြောရမည်လား မသိသော အဆောက်အအုံတစ်ခုဖြစ်သည်။

ကျွန်တော့်အထင်တော့ ဆေးရုံဟုထင်ပါသည်။ ထိုအဆောက်အအုံထဲတွင် လူအချို့သည် ဆေးရုံဆေးပေးခန်း တို့တွင်လုပ်သော သူများကဲ့သို့ ဝတ်စုံများကို ဝတ်ထားကြသည်ကိုတွေ့ရသည်။ အောက်စီဂျင်ဘူးများနှင့် သက်ကြီးရွယ်အိုများကိုလည်းတွေ့ရသည်။

ထိုအဆောက်အအုံအောက်ထပ်တွင် ကျွန်တော်တို့ လှူကြမည့် ပစ္စည်းများကို ကားပေါ်မှ ချကြသည်။ အထုပ်များက ကြီးသဖြင့် လှူသည့်ပစ္စည်းကိုကိုင်ပြီး မှတ်တမ်းဓာတ်ပုံ မရိုက်ဖြစ်ကြ။ ထိုဆေးရုံအဆောက် အအုံကို နောက်ခံထားပြီးသာ ကျွန်တော်တို့အဖွဲ့ ဓာတ်ပုံရိုက်လိုက်ရသည်။

 

 

 

ထိုဂီလာန အဆောက်အအုံမှ ယခင်ကားရပ်နားရာနေရသို့ ပြန်လျှောက်လာခဲ့ရာ လမ်းတစ်လျှောက်တွင် ဘဝနေဝင်ချိန်တို့ နီးကပ်နေပြီဖြစ်သော အိုမင်းမစွမ်းသူတွေ အများအပြားကိုတွေခဲ့ရသည်။

ပြုစုယုယ ဖေးကူကြရမည့် အရွယ်များဖြစ်သည်။ ထောက်ပံ့ အားဖြည့်ပေးကြရမည့် အနေအထားဖြစ်သည်။ ကားရပ်နားသည့်နေရာအနီးရောက်လာသည့်အခါ စားဖိုဆောင်က စားစရာတို့ဝေငှနေသည်ကိုတွေ့ရသည်။ မရသေးသူများကတန်းစီနေကြသေးသလို ဝေစုရရှိပြီးသော သူတို့လည်း မိမိတို့နေထိုင်ရာ၊စတည်းချရာနေရာသို့ ပြန်နေကြသည်ကိုတွေ့ရသည်။ လှုပ်လီလှုပ်လဲ့၊ တုန်တုန်ချိချိ။ အမျိုးအဆွေ အားကိုးမှီတွယ်ရာတို့ ပါးရှားခဲ့သောကြောင့် သာသနာ့အေးရိပ်တွင် လာရောက်မှီခိုကြခြင်းပင်ဖြစ်ပေမည်။

 

 

ကျွန်တော့်တို့ ကားတံခါးကိုဖွင့်ပြီးဝင်ထိုင်ကာ ကျန်သူများကို စောင့်နေကြသည်။ ထိုအချိန်တွင် ကားတံခါးဝတွင်လာပြီး အလှူခံကြသည်။ လှူနိုင်သူတို့ လှူကြလေသည်။

“ကမ်းမယ့်လက်တို့ မှန်းမျှော်ကာနေ” ကြပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

“ကမ္းမယ့္လက္တို႔ မွန္းေမွ်ာ္ကာေန”

 

ဒီလ ၈ ရက္ေန႔က လႉစရာပစၥည္းေလးေတြကို ကားႏွင့္တင္ၿပီး သန္လ်င္ သဘာဝတရားရိပ္သာကို လႉဖို႔ထြက္ခဲ့ၾကသည္။

ထိုရိပ္သာသို႔ အခုမွ ပထမဆုံးအႀကိမ္ လႉဖို႔သြားျခင္းျဖစ္သည္။ ထိုသဘာဝတရားရိပ္သာသို႔ ဝင္ရာလမ္းေဘးတစ္ေလွ်ာက္ကို ၾကည့္သည့္အခါ ရိပ္သာေက်ာင္းဝင္းႏွင့္တူသည္ဟု စိတ္ထဲတြင္ မျဖစ္ခဲ့ေပ။ လူေနရပ္ကြက္တစ္ခုအတြင္း ဝင္လာခဲ့ရသည္ဟူ၍သာ စိတ္ထဲမွာျဖစ္ေနသည္။

လမ္းေဘးဘယ္ညာတြင္႐ွိသည့္ အေဆာက္အအုံတို႔ကလည္းလူေနအေဆာက္အအုံတို႔သာမ်ားသည္။

လူေတြအုပ္လိုက္ တန္းစီေနၾကသည့္ ေနရာ၏ ေ႐ွ႕မ်က္ႏွာစာေနရာတြင္ ကားရပ္နားရန္ေနရာတစ္ခု႐ွိရာ ထိုေနရာတြင္ ကားမ်ားရပ္ထားၿပီး ခ်ိတ္ဆက္ထားသည့္ အလႉခံမည့္ပုဂၢိဳလ္ကို မိမိတို႔ေရာက္ၿပီျဖစ္ေၾကာင္း ဖုန္ဆက္ၿပီး ကားရပ္ရာေနရာမွ ေစာင့္ေနၾကသည္။

ခ်ိတ္ဆက္ထားသည့္ အလႉခံပုဂၢိဳလ္အမ်ိဳးသမီးတစ္ဦးႏွင့္ ေယာဂီေရာင္ဝတ္ သီလ႐ွင္ဆရာေလးတစ္ပါးတို႔ ေရာက္လာသည္။ ၎တို႔၏လမ္းၫႊန္မႈျဖင့္ လႉရမည့္ေနရာကို သြားၾကသည္။

လမ္းတြင္ေတြ႕ရသည့္ သူမ်ားသည္ လႈပ္လီလႈပ္လဲ့၊အိုမင္းမစြမ္းႏွင့္ အနာေရာဂါတို႔ျဖင့္ ႐ုန္းကန္႐ွင္သန္ ေနၾကရသည့္သူမ်ားကို အမ်ားဆုံးေတြ႕ရသည္။သူတို႔ေနာက္ကလိုက္ရင္း ခ်ိဳးရမည့္ လမ္းခ်ိဳးေလးတစ္ခု၏ ထိပ္တြင္ အေဆာက္အအုံတစ္ခု၌ မသာေခါင္းတို႔ျပင္ဆင္ေနသည္ကို ေတြ႕ရသည္။

ထိုေ႐ွ႕မွ ဘယ္ဘက္သို႔ခ်ိဳးေကြ႕လိုက္ၿပီး တည့္တည့္ဆက္သြားခဲ့ရာတြင္ ဘယ္ဘက္ျခမ္းတြင္ ေဆးခန္းလိုလို အေဆာက္အအုံမ်ားကိုေတြ႕ရၿပီး၊ထိုအေဆာက္အအုံ၏ေလွကားခုံတြင္ ေခါင္းတြင္ ပတ္တီးအေဖြးသားႏွင့္ လွဲေနေသာ အဖြားအိုတစ္ဦးကိုေတြ႕ရသည္။ သူ႕ေဘးတြင္ ဘယ္သူမွမ႐ွိ။

ဆက္ေလွ်ာက္လာခဲ့ရာတြင္ ေ႐ွ႕တည့္တည့္တြင္ လမ္းကိုကန္႔လန္႔ျဖတ္ ေဆာက္ထားေသာအထပ္ျမင့္ အေဆာက္အအုံတစ္ခုကိုလည္း ေတြ႕ရသည္။ ေဆး႐ုံဟုေျပာရမည္လား၊ ဂီလာနအေဆာင္ဟု ေျပာရမည္လား မသိေသာ အေဆာက္အအုံတစ္ခုျဖစ္သည္။ ကြၽန္ေတာ္႕အထင္ေတာ့ ေဆး႐ုံဟုထင္ပါသည္။ ထိုအေဆာက္အအုံထဲတြင္ လူအခ်ိဳ႕သည္ ေဆး႐ုံေဆးေပးခန္း တို႔တြင္လုပ္ေသာ သူမ်ားကဲ့သို႔ ဝတ္စုံမ်ားကို ဝတ္ထားၾကသည္ကိုေတြ႕ရသည္။ ေအာက္စီဂ်င္ဘူးမ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားကိုလည္းေတြ႕ရသည္။

ထိုအေဆာက္အအုံေအာက္ထပ္တြင္ ကြၽန္ေတာ္တို႔ လႉၾကမည့္ ပစၥည္းမ်ားကို ကားေပၚမွ ခ်ၾကသည္။ အထုပ္မ်ားက ႀကီးသျဖင့္ လႉသည့္ပစၥည္းကိုကိုင္ၿပီး မွတ္တမ္းဓာတ္ပုံ မ႐ိုက္ျဖစ္ၾက။ ထိုေဆး႐ုံအေဆာက္ အအုံကို ေနာက္ခံထားၿပီးသာ ကြၽန္ေတာ္တို႔အဖြဲ႕ ဓာတ္ပုံ႐ိုက္လိုက္ရသည္။

ထိုဂီလာန အေဆာက္အအုံမွ ယခင္ကားရပ္နားရာေနရသို႔ ျပန္ေလွ်ာက္လာခဲ့ရာ လမ္းတစ္ေလွ်ာက္တြင္ ဘဝေနဝင္ခ်ိန္တို႔ နီးကပ္ေနၿပီျဖစ္ေသာ အိုမင္းမစြမ္းသူေတြ အမ်ားအျပားကိုေတြခဲ့ရသည္။

ျပဳစုယုယ ေဖးကူၾကရမည့္ အ႐ြယ္မ်ားျဖစ္သည္။ ေထာက္ပံ့ အားျဖည့္ေပးၾကရမည့္ အေနအထားျဖစ္သည္။ ကားရပ္နားသည့္ေနရာအနီးေရာက္လာသည့္အခါ စားဖိုေဆာင္က စားစရာတို႔ေဝငွေနသည္ကိုေတြ႕ရသည္။ မရေသးသူမ်ားကတန္းစီေနၾကေသးသလို ေဝစုရ႐ွိၿပီးေသာ သူတို႔လည္း မိမိတို႔ေနထိုင္ရာ၊စတည္းခ်ရာေနရာသို႔ ျပန္ေနၾကသည္ကိုေတြ႕ရသည္။ လႈပ္လီလႈပ္လဲ့၊ တုန္တုန္ခ်ိခ်ိ။ အမ်ိဳးအေဆြ အားကိုးမွီတြယ္ရာတို႔ ပါး႐ွားခဲ့ေသာေၾကာင့္ သာသနာ့ေအးရိပ္တြင္ လာေရာက္မွီခိုၾကျခင္းပင္ျဖစ္ေပမည္။

ကြၽန္ေတာ္႕တို႔ ကားတံခါးကိုဖြင့္ၿပီးဝင္ထိုင္ကာ က်န္သူမ်ားကို ေစာင့္ေနၾကသည္။ ထိုအခ်ိန္တြင္ ကားတံခါးဝတြင္လာၿပီး အလႉခံၾကသည္။ လႉႏိုင္သူတို႔ လႉၾကေလသည္။

“ကမ္းမယ့္လက္တို႔ မွန္းေမွ်ာ္ကာေန” ၾကပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service