၂၀၂၃ မကုန်ခင်သွားရောက်လည်ပတ်ခံစားသင့်တဲ့ ကမ္ဘာမြေရဲ့ အလှတရားအပိုင်းအစများ - Property Knowledge in Myanmar from iMyanmarHouse.com
1177 Views

၂၀၂၃ မကုန်ခင်သွားရောက်လည်ပတ်ခံစားသင့်တဲ့ ကမ္ဘာမြေရဲ့ အလှတရားအပိုင်းအစများ

Knowledge | Posted by Shwe Zin Win

[Unicode]

ခရီးသွားခြင်းဆိုတာ တစ်နည်းအားဖြင့် ကမ္ဘာမြေရဲ့အလှတရားတွေကို စိတ်ရောကိုယ်ပါခံစားသက်ဝင် စီးမျောခြင်းဖြစ်ပါတယ်။အသစ်အဆန်းတွေကိုစူးစမ်းလေ့လာရင်း တစ်နေရာနဲ့တစ်နေရာမတူကွဲပြားတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ တန်းဖိုးထားတဲ့စံချိန်စံနှုန်းတွေ၊ တစ်မျိုးစီဆွဲဆောင်နေတဲ့ရှုခင်းတွေကို မြင်တွေ့ခံစားရတာကိုက ခရီးသွားခြင်းရဲ့မြတ်နိုးဖွယ်အနှစ်သာရတစ်ခုပါ။ခရီးသွားလာခြင်းကိုနှစ်သက်တဲ့ သူတွေဟာ ကမ္ဘာမြေနဲ့နှလုံးသားချင်းနီးသူတွေလို့သတ်မှတ်ခံကြရပါတယ်။

ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေရဲ့တစ်ထောင့်တစ်နေရာတိုင်းစီကို သိဖူးရောက်ဖူးလေ့လာဖူးထားမယ်ဆိုရင် နှလုံးသားချင်းမနီးစရာ ဘာအကြောင်းမှမရှိတော့ပါဘူး။

ဒီနေ့မှာတော့ ကမ္ဘာမြေနဲ့နှလုံးသားချင်းနီးပြီး အလှတရားတစ်ခုချင်းစီတိုင်းကို တန်ဖိုးထားခံစားတတ် သူတွေအတွက် ၂၀၂၃ ခုနှစ်မကုန်ဆုံးခင်မှာ သွားရောက်လည်ပတ်သွားသင့်တဲ့ ကမ္ဘာပေါ်ကနေရာ (၅) နေရာကို ဖော်ပြပေးလိုက်ပါတယ်။

 

1. Peru

 

 

ခိုင်ခန့်မြင့်မားတဲ့တောင်တန်းကြီးတွေတံတိုင်းပမာကာရံထားတဲ့ ပီရူးနိုင်ငံဟာဆိုရင် သမိုင်းဝင်အမွေအနှစ်၊ သဘာဝပသာဒ၊ ယဉ်ကျေးမှုတွေကို တစ်ဝကြီးလေ့လာချင်သူတွေအကြိုက်တွေ့စေမယ့်နေရာတစ်ခုပါ။

 

ပီရူးနိုင်ငံကိုရောက်ရင် Titicaca ရေကန်ကလူတွေဖန်တီးထားတဲ့ Uros ကျွန်းမျောတွေကို မဖြစ်မနေသွားရောက်လည်ပတ်ဖို့အကြံပေးချင်ပါတယ်။ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်သေးသေးလေးတွေနဲ့ အိမ်နီးနားချင်းတွေအချင်းချင်းမတည့်အခါ ကိုယ်ပိုင်နေရာလေးကို ခွဲထုတ်ပြီးထွက်ပြေးတတ်တဲ့ ဒေသခံတွေရဲ့ ချစ်စရာဓလေ့လေးတွေက သင့်ကိုမသွား,သွားချင်အောင် ဆွဲဆောင်နေမှာအသေအချာပါပဲ။ပီရူးနိုင်ငံကိုသွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့ မေလကနေစက်တင်ဘာလအတွင်း ဖြစ်ပါတယ်။

 

 

2.Moscow

 

ထူးခြားပြောင်မြောက်တဲ့အနုပညာ ၊ဗိသုကာလက်ရာတွေနဲ့ပြည့်နှက်နေတဲ့ မော်စကိုမြို့ဟာဆိုရင် ရုရှားနိုင်ငံကလည်ပတ်ဖို့အကောင်းဆုံးနေရာတွေထဲကတစ်ခုပါ။မော်စကိုမြို့မှာရှိတဲ့ ဘုရားကျောင်းတွေရဲ့ ပြိုင်ဘက်ကင်းအနုပညာလက်ရာတွေကို သင့်ရဲ့တစ်သက်တာမှာတစ်ခါတော့မြင်ဖူးသွားသင့်ပါတယ်။ ရှေးကျဆန်းပြားတဲ့ဗိသုကာလက်ရာတွေကြောင့် သင်ကိုယ်တိုင်နတ်သမီးပုံပြင်ထဲ ရောက်သွားသလိုခံစားရစေမယ့် မော်စကိုမြို့ရဲ့ သက်တမ်းအကြာဆုံးနဲ့ရှေးအကျဆုံး Red Square အဆောက်အဦကိုလည်း လည်ပတ်မယ့်စာရင်းထဲမှာ ချန်လှပ်မထားသင့်ပါဘူး။ဧပြီ၊ မေ နဲ့ ဒီဇင်ဘာလတွေကတော့ မော်စကိုမြို့ကို သွားလည်ဖို့အကောင်းဆုံးလတွေပါ။

3.Cinque Terre

 

 

စိမ်းပြာပြာပင်လယ်ကမ်းနံဘေးကျောက်ဆောင်ပေါ်မှာ ရောင်စုံအိမ်လေးတွေဆင့်ထားတဲ့ Cinque Terre မြို့လေးကို သွားမလည်ချင်တဲ့သူဘယ်သူရှိမလဲ။ပင်လယ်ရေလှိုင်းလေးတွေကမ်းစပ်ကိုရိုက်ခတ်တဲ့အသံကို နားထောင်ရင်း ကစားစရာအိမ်လေးတွေအလားထင်မှတ်ရတဲ့ရောင်စုံအိမ်လေးတွေမှာနေရတဲ့ခံစားချက်က စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာနေနေရသလို စိတ်လှုပ်ရှားပျော်စရာတွေနဲ့လွှမ်းခြုံနေစေမှာပါ။ကြည်နူးဖွယ် ကမ်းရိုးတန်းအလှနဲ့ အေးမြလတ်ဆတ်တဲ့လေနုအေးလေးတွေက သင့်ရဲ့ခရီးစဉ်ကိုပြည့်စုံအောင်ပံ့ပိုးပေးမယ့် လက်ဆောင်လေးတွေပေါ့။ဒီစိတ်ကူးယဉ်မြို့လေးက အီတလီနိုင်ငံမှာရှိပြီးတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေအတွင်းမှာ သွားရောက်လည်ပတ်ဖို့အကြံပေးချင်ပါတယ်။

4. Bavaria

 

 

ခမ်းနားထည်ဝါတဲ့နန်းတော်ကြီးတွေ၊ ရဲတိုက်ကြီးတွေနဲ့ ဆွတ်ဆွတ်ဖြူတဲ့ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တန်းကြီးတွေဆိုတာ အိပ်ရာဝင်ပုံပြင်တွေမှာပဲရှိတာမဟုတ်ပါဘူး။တကယ့်လက်တွေ့ဘဝမှာ သူရဲကောင်းတွေ ၊ မင်းသမီးလေးတွေရှိတဲ့အိပ်ရာဝင်ပုံပြင်တွေထဲကိုအလည်သွားချင်တယ်ဆိုရင် ဂျာမနီနိုင်ငံက ဘဗရီးယားပြည်နယ်ကိုသွားလို့ရပါတယ်။ခမ်းနားကြီးကျယ်လွန်းတဲ့ ရဲတိုက်ကြီးတွေက သင့်ကိုအံ့ဩမှင်သက်သွားစေမှာဖြစ်ပြီး နှင်းတွေအပြည့်နဲ့တောင်တန်းတွေကတော့ ခြေလျင် တောင်တက်ခြင်း၊ စကိတ်စီးခြင်းစတာတွေကိုပြုလုပ်ဖို့ သင့်ကိုဖိတ်ခေါ်နေမှာပါ။ရာသီအလိုက်ကျင်းပတဲ့ ပွဲတော်တွေနဲ့ကြုံချင်ရင် ဇွန်လကနေ စက်တင်ဘာလအတွင်းသွားရောက်လည်ပတ်လို့ရပြီး ဆောင်းရာသီရဲ့အငွေ့အသက်ကိုအပြည့်အဝသိမ်းပိုက်ချင်ရင်တော့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်းသွားနိုင်ပါတယ်။

5.Rio De Janeiro

 

 

ဖြူလွှလွှသဲသောင်ပြင်နဲ့ ဂီတသံစဉ်တွေမင်းမူထားတဲ့ ဘရာဇီးနိုင်ငံက ရီယိုဒီဂျနရိုမြို့ဟာ ကမ်းခြေချစ်သူတွေအတွက် သီးသန့်ဖန်ဆင်းပေးထားတဲ့နိဗ္ဗာန်ဘုံလေးတစ်ခုလို့ တင်စားမယ်ဆိုရင်မမှားပါဘူး။။နူးညံ့တဲ့သဲသောင်ပြင်ရဲ့ အထိအတွေ့ကိုနဲ့ Sugarloaf တောင်တန်းရဲ့ရင်သပ်ရှုမောဖွယ်နေဝင်ချိန်အလှတရားက ရီယိုဒီဂျနရိုမြို့ကို စွဲမက်စေတဲ့အကြောင်းအရင်းတွေထဲကတစ်ခုပါ။ အပန်းဖြေခရီးထွက်ဖို့သင့်တော်ရုံသာမကဘဲ အစဉ်အလာကြီးမားတဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကိုပါ တစ်ပါတည်းလေ့လာလို့ရတဲ့ ရီယိုဒီဂျနရိုမြို့ကို သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့ ဒီဇင်ဘာလကနေ မတ်လအထိဖြစ်ပြီး ပွဲတော်တွေကိုပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့ ဖေဖော်ဝါရီလမှာသွားလို့ရပါတယ်။

iMyanmarHouse.com ကနေ ဖော်ပြပေးခဲ့နေရာ(၅) နေရာကို ပရိတ်သတ်ကြီးတို့ နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။

အခါအခွင့်သင့်ခဲ့ရင် ပြိုင်စံရှားအလှတရားကိုယ်စီရှိကြတဲ့ လှပတဲ့နေရာတိုင်းဆီကို အသက်ရှင်နေစဉ်အချိန်အတွင်းမှာ တစ်ကြိမ်တစ်ခါတော့ သွားဖြစ်အောင်သွားပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : thediaryofanomad.com

 

 

 

[Zawgyi]

၂၀၂၃ မကုန္ခင္သြားေရာက္လည္ပတ္ခံစားသင့္တဲ့ ကမ႓ာေျမရဲ႕ အလွတရားအပိုင္းအစမ်ား

 

ခရီးသြားျခင္းဆိုတာ တစ္နည္းအားျဖင့္ ကမ႓ာေျမရဲ႕အလွတရားေတြကို စိတ္ေရာကိုယ္ပါခံစားသက္ဝင္ စီးေမ်ာျခင္းျဖစ္ပါတယ္။အသစ္အဆန္းေတြကိုစူးစမ္းေလ့လာရင္း တစ္ေနရာနဲ႔တစ္ေနရာမတူကြဲျပားတဲ့ ဓေလ့ထုံးတမ္းအစဥ္အလာေတြ၊ တန္းဖိုးထားတဲ့စံခ်ိန္စံႏႈန္းေတြ၊ တစ္မ်ိဳးစီဆြဲေဆာင္ေနတဲ့႐ႈခင္းေတြကို ျမင္ေတြ႕ခံစားရတာကိုက ခရီးသြားျခင္းရဲ႕ျမတ္ႏိုးဖြယ္အႏွစ္သာရတစ္ခုပါ။ခရီးသြားလာျခင္းကိုႏွစ္သက္တဲ့ သူေတြဟာ ကမ႓ာေျမနဲ႔ႏွလုံးသားခ်င္းနီးသူေတြလို႔သတ္မွတ္ခံၾကရပါတယ္။

ကိုယ္ေနထိုင္တဲ့ ကမ႓ာေျမရဲ႕တစ္ေထာင့္တစ္ေနရာတိုင္းစီကို သိဖူးေရာက္ဖူးေလ့လာဖူးထားမယ္ဆိုရင္ ႏွလုံးသားခ်င္းမနီးစရာ ဘာအေၾကာင္းမွမ႐ွိေတာ့ပါဘူး။

ဒီေန႔မွာေတာ့ ကမ႓ာေျမနဲ႔ႏွလုံးသားခ်င္းနီးၿပီး အလွတရားတစ္ခုခ်င္းစီတိုင္းကို တန္ဖိုးထားခံစားတတ္ သူေတြအတြက္ ၂၀၂၃ ခုႏွစ္မကုန္ဆုံးခင္မွာ သြားေရာက္လည္ပတ္သြားသင့္တဲ့ ကမ႓ာေပၚကေနရာ (၅) ေနရာကို ေဖာ္ျပေပးလိုက္ပါတယ္။

 

1. Peru

ခိုင္ခန္႔ျမင့္မားတဲ့ေတာင္တန္းႀကီးေတြတံတိုင္းပမာကာရံထားတဲ့ ပီ႐ူးႏိုင္ငံဟာဆိုရင္ သမိုင္းဝင္အေမြအႏွစ္၊ သဘာဝပသာဒ၊ ယဥ္ေက်းမႈေတြကို တစ္ဝႀကီးေလ့လာခ်င္သူေတြအႀကိဳက္ေတြ႕ေစမယ့္ေနရာတစ္ခုပါ။ ပီ႐ူးႏိုင္ငံကိုေရာက္ရင္ Titicaca ေရကန္ကလူေတြဖန္တီးထားတဲ့ Uros ကြၽန္းေမ်ာေတြကို မျဖစ္မေနသြားေရာက္လည္ပတ္ဖို႔အၾကံေပးခ်င္ပါတယ္။ကြၽန္းေပၚမွာ တည္ေဆာက္ထားတဲ့ အိမ္ေသးေသးေလးေတြနဲ႔ အိမ္နီးနားခ်င္းေတြအခ်င္းခ်င္းမတည့္အခါ ကိုယ္ပိုင္ေနရာေလးကို ခြဲထုတ္ၿပီးထြက္ေျပးတတ္တဲ့ ေဒသခံေတြရဲ႕ ခ်စ္စရာဓေလ့ေလးေတြက သင့္ကိုမသြား,သြားခ်င္ေအာင္ ဆြဲေဆာင္ေနမွာအေသအခ်ာပါပဲ။ပီ႐ူးႏိုင္ငံကိုသြားေရာက္လည္ပတ္ဖို႔အေကာင္းဆုံးအခ်ိန္ကေတာ့ ေမလကေနစက္တင္ဘာလအတြင္း ျဖစ္ပါတယ္။

 

2.Moscow

ထူးျခားေျပာင္ေျမာက္တဲ့အႏုပညာ ၊ဗိသုကာလက္ရာေတြနဲ႔ျပည့္ႏွက္ေနတဲ့ ေမာ္စကိုၿမိဳ႕ဟာဆိုရင္ ႐ု႐ွားႏိုင္ငံကလည္ပတ္ဖို႔အေကာင္းဆုံးေနရာေတြထဲကတစ္ခုပါ။ေမာ္စကိုၿမိဳ႕မွာ႐ွိတဲ့ ဘုရားေက်ာင္းေတြရဲ႕ ၿပိဳင္ဘက္ကင္းအႏုပညာလက္ရာေတြကို သင့္ရဲ႕တစ္သက္တာမွာတစ္ခါေတာ့ျမင္ဖူးသြားသင့္ပါတယ္။ ေ႐ွးက်ဆန္းျပားတဲ့ဗိသုကာလက္ရာေတြေၾကာင့္ သင္ကိုယ္တိုင္နတ္သမီးပုံျပင္ထဲ ေရာက္သြားသလိုခံစားရေစမယ့္ ေမာ္စကိုၿမိဳ႕ရဲ႕ သက္တမ္းအၾကာဆုံးနဲ႔ေ႐ွးအက်ဆုံး Red Square အေဆာက္အဦကိုလည္း လည္ပတ္မယ့္စာရင္းထဲမွာ ခ်န္လွပ္မထားသင့္ပါဘူး။ဧၿပီ၊ ေမ နဲ႔ ဒီဇင္ဘာလေတြကေတာ့ ေမာ္စကိုၿမိဳ႕ကို သြားလည္ဖို႔အေကာင္းဆုံးလေတြပါ။

3.Cinque Terre

စိမ္းျပာျပာပင္လယ္ကမ္းနံေဘးေက်ာက္ေဆာင္ေပၚမွာ ေရာင္စုံအိမ္ေလးေတြဆင့္ထားတဲ့ Cinque Terre ၿမိဳ႕ေလးကို သြားမလည္ခ်င္တဲ့သူဘယ္သူ႐ွိမလဲ။ပင္လယ္ေရလိႈင္းေလးေတြကမ္းစပ္ကို႐ိုက္ခတ္တဲ့အသံကို နားေထာင္ရင္း ကစားစရာအိမ္ေလးေတြအလားထင္မွတ္ရတဲ့ေရာင္စုံအိမ္ေလးေတြမွာေနရတဲ့ခံစားခ်က္က စိတ္ကူးယဥ္ကမ႓ာေလးထဲမွာေနေနရသလို စိတ္လႈပ္႐ွားေပ်ာ္စရာေတြနဲ႔လႊမ္းျခဳံေနေစမွာပါ။ၾကည္ႏူးဖြယ္ ကမ္း႐ိုးတန္းအလွနဲ႔ ေအးျမလတ္ဆတ္တဲ့ေလႏုေအးေလးေတြက သင့္ရဲ႕ခရီးစဥ္ကိုျပည့္စုံေအာင္ပံ့ပိုးေပးမယ့္ လက္ေဆာင္ေလးေတြေပါ့။ဒီစိတ္ကူးယဥ္ၿမိဳ႕ေလးက အီတလီႏိုင္ငံမွာ႐ွိၿပီးေတာ့ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလေတြအတြင္းမွာ သြားေရာက္လည္ပတ္ဖို႔အၾကံေပးခ်င္ပါတယ္။

4.Bavaria

 

ခမ္းနားထည္ဝါတဲ့နန္းေတာ္ႀကီးေတြ၊ ရဲတိုက္ႀကီးေတြနဲ႔ ဆြတ္ဆြတ္ျဖဴတဲ့ ဆီးႏွင္းေတြဖုံးလႊမ္းေနတဲ့ ေတာင္တန္းႀကီးေတြဆိုတာ အိပ္ရာဝင္ပုံျပင္ေတြမွာပဲ႐ွိတာမဟုတ္ပါဘူး။တကယ့္လက္ေတြ႕ဘဝမွာ သူရဲေကာင္းေတြ ၊ မင္းသမီးေလးေတြ႐ွိတဲ့အိပ္ရာဝင္ပုံျပင္ေတြထဲကိုအလည္သြားခ်င္တယ္ဆိုရင္ ဂ်ာမနီႏိုင္ငံက ဘဗရီးယားျပည္နယ္ကိုသြားလို႔ရပါတယ္။ခမ္းနားႀကီးက်ယ္လြန္းတဲ့ ရဲတိုက္ႀကီးေတြက သင့္ကိုအံ့ဩမွင္သက္သြားေစမွာျဖစ္ၿပီး ႏွင္းေတြအျပည့္နဲ႔ေတာင္တန္းေတြကေတာ့ ေျခလ်င္ ေတာင္တက္ျခင္း၊ စကိတ္စီးျခင္းစတာေတြကိုျပဳလုပ္ဖို႔ သင့္ကိုဖိတ္ေခၚေနမွာပါ။ရာသီအလိုက္က်င္းပတဲ့ ပြဲေတာ္ေတြနဲ႔ၾကဳံခ်င္ရင္ ဇြန္လကေန စက္တင္ဘာလအတြင္းသြားေရာက္လည္ပတ္လို႔ရၿပီး ေဆာင္းရာသီရဲ႕အေငြ႕အသက္ကိုအျပည့္အဝသိမ္းပိုက္ခ်င္ရင္ေတာ့ ႏိုဝင္ဘာလကေန ေဖေဖာ္ဝါရီလအတြင္းသြားႏိုင္ပါတယ္။

5.Rio De Janeiro

ျဖဴလႊလႊသဲေသာင္ျပင္နဲ႔ ဂီတသံစဥ္ေတြမင္းမူထားတဲ့ ဘရာဇီးႏိုင္ငံက ရီယိုဒီဂ်န႐ိုၿမိဳ႕ဟာ ကမ္းေျခခ်စ္သူေတြအတြက္ သီးသန္႔ဖန္ဆင္းေပးထားတဲ့နိဗၺာန္ဘုံေလးတစ္ခုလို႔ တင္စားမယ္ဆိုရင္မမွားပါဘူး။။ႏူးညံ့တဲ့သဲေသာင္ျပင္ရဲ႕ အထိအေတြ႕ကိုနဲ႔ Sugarloaf ေတာင္တန္းရဲ႕ရင္သပ္႐ႈေမာဖြယ္ေနဝင္ခ်ိန္အလွတရားက ရီယိုဒီဂ်န႐ိုၿမိဳ႕ကို စြဲမက္ေစတဲ့အေၾကာင္းအရင္းေတြထဲကတစ္ခုပါ။ အပန္းေျဖခရီးထြက္ဖို႔သင့္ေတာ္႐ုံသာမကဘဲ အစဥ္အလာႀကီးမားတဲ့ ယဥ္ေက်းမႈသမိုင္းေၾကာင္းကိုပါ တစ္ပါတည္းေလ့လာလို႔ရတဲ့ရီယိုဒီဂ်န႐ိုၿမိဳ႕ကို သြားေရာက္လည္ပတ္ဖို႔အေကာင္းဆုံးအခ်ိန္ကေတာ့ ဒီဇင္ဘာလကေန မတ္လအထိျဖစ္ၿပီး ပြဲေတာ္ေတြကိုပါဝင္ဆင္ႏႊဲခ်င္တယ္ဆိုရင္ေတာ့ ေဖေဖာ္ဝါရီလမွာသြားလို႔ရပါတယ္။

iMyanmarHouse.com ကေန ေဖာ္ျပေပးခဲ့ေနရာ(၅) ေနရာကို ပရိတ္သတ္ႀကီးတို႔ ႏွစ္သက္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

အခါအခြင့္သင့္ခဲ့ရင္ ၿပိဳင္စံ႐ွားအလွတရားကိုယ္စီ႐ွိၾကတဲ့ လွပတဲ့ေနရာတိုင္းဆီကို အသက္႐ွင္ေနစဥ္အခ်ိန္အတြင္းမွာ တစ္ႀကိမ္တစ္ခါေတာ့ သြားျဖစ္ေအာင္သြားပါလို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : thediaryofanomad.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service