အဖြေရှာမရတဲ့ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံကခြောက်ခြားဖွယ်တောအုပ် - Property News in Myanmar from iMyanmarHouse.com
2458 Views

အဖြေရှာမရတဲ့ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံကခြောက်ခြားဖွယ်တောအုပ်

[Unicode]

 

သဘာဝကလက်ဆောင်ပေးထားတဲ့ သစ်ပင်သစ်တောတွေရဲ့အရိပ်အာဝါသဟာ အေးမြခြင်း နဲ့စိတ်ကြည်နူးရွှင်လန်းခြင်းကို အချိန်အခါမလပ်ဝတ္တရားမပျက်ပေးစွမ်းနိုင်ပါတယ်။ပင်ပန်းနွမ်းနယ် နေတဲ့အချိန်မှာ သစ်ပင်အရိပ်အောက်ဝင်လိုက်တာနဲ့ အေးချမ်းပြီးအမောပြေသွားတဲ့ခံစားချက်ကို လူတိုင်းခံစားဖူးကြမှာပါ။သစ်ပင်တစ်ပင်တည်းရဲ့ အရိပ်တောင် ဒီလောက်အေးချမ်းနေရင် သစ်ပင်တွေအပြည့်နဲ့စိမ်းညို့နေတဲ့တောအုပ်လေးသာဆို ဘယ်လောက်တောင် အေးချမ်းလိုက်မလဲ။

ဒီလိုအေးချမ်းခြင်းရဲ့နောက်ကွယ်မှာ ကြောက်စရာနာမည်ဆိုးတွေကပ်ပါလာမယ်ဆိုရင်ရော

စိမ်းစိုမြင့်မားတဲ့သစ်ပင်တွေနဲ့တောအုပ်လေးက လူပေါင်းများစွာရဲ့အသက်ကိုနုတ်ယူနေတယ်ဆိုရင်ရော

ယုံနိုင်စရာမရှိပေမဲ့ ဂျပန်နိုင်ငံမှာရှိတဲ့သစ်တောတစ်တောကတော့ တကယ်ပဲလူပေါင်းများစွာရဲ့အသက်ကို နုတ်ယူနေတာဖြစ်ပါတယ်။

 

 

Aokigahara လို့ အမည်လှလှလေးရှိတဲ့ ဂျပန်နိုင်ငံကသစ်တောတစ်တောဟာ လူပေါင်းများစွာရဲ့အသက်ကို နုတ်ယူနေတယ်ဆိုတဲ့ ခြောက်ခြားစရာနာမည်ဆိုးနဲ့ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Aokigahara ရဲ့အဓိပ္ပာယ်ကတော့ Sea of trees ဖြစ်ပြီး လက်ညှိုးထိုးမလွဲသစ်ပင်တွေအပြည့်နဲ့ စိမ်းစိမ်းစိုစို သစ်ပင်ပင်လယ်ကြီးတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး။ Aokigahara ဟာ ဂျပန်နိုင်ငံ၊ ဖူဂျီတောင်ခြေမှာရှိတဲ့ ဟိုရှူးကျွန်းပေါ်မှာတည်ရှိတာဖြစ်ပြီး ဒေသခံတွေကတော့ Jukai လို့‌ခေါ်ကြပါတယ်။

နာမည်တွေအများကြီးရှိပေမဲ့ အားလုံးနဲ့အရင်းနှီးဆုံးကတော့ Suicide Forest ပါ။ ဒါဆိုရင် Suicide Forest က ဘယ်လိုဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတာလဲ…

၁။ ဖဲကြိုးတွေရဲ့သ‌င်္ကေတ

 

သင့်အနေနဲ့ Suicide Forest ထဲကိုရောက်ရင်ပထမဆုံးသတိထားမိမယ့်အရာက ဖဲကြိုးတွေပါ။ နည်းနည်းထူးဆန်းတယ်လို့ထင်ရပေမဲ့ အဲဒီမှာရှိတဲ့ဖဲကြိုးတစ်ခုချင်းစီတိုင်းက သစ်တောထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့တဲ့လူတစ်ယောက်ချင်းစီကို ကိုယ်စားပြုတယ်လို့ပြောရင် သင်ပိုအံ့ဩသွားပါလိမ့်မယ်။ဟုတ်ပါတယ်။Suicide Forest ထဲကိုလာတဲ့လူတိုင်းက သူတို့နဲ့အတူရောင်စုံဖဲကြိုးတွေကို အတူတကွယူလာလေ့ရှိကြပါတယ်။ဒီလိုယူလာတာမှာ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ ပထမဖြစ်နိုင်ချေက လှပတဲ့ဖဲကြိုးလေးကို မြင့်မားတဲ့သစ်ကိုင်းပေါ်မှာချည်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ဖြစ်ပါတယ်။ဒုတိယဖြစ်နိုင်ချေကတော့ တောထဲမှာလမ်းပျောက်မသွားအောင် သစ်ပင်မှာဖဲကြိုးလေးတွေချည်ပြီး အမှတ်အသားလုပ်ဖို့ပါ။တစ်ခါတစ်လေမှာ ဖဲကြိုးလေးတွေ လမ်းပြတဲ့အတိုင်းလိုက်သွားခဲ့မယ်ဆိုရင် အဆုံးမှာ လူသေအလောင်းတစ်ခုကို တွေ့ရတတ်တယ်လို့ဆို ကြပါတယ်။တစ်ခါတစ်လေမှာတော့ ဖဲကြိုးလေးတွေဟာ သစ်တောထဲကနေ ဘယ်တော့မှ ပြန်ထွက်လို့မရတော့ဘူးဆိုတာကို သတိပေးနေတဲ့ ကြောက်မက်ဖွယ်သင်္ကေတတစ်ခုလည်း ဖြစ်နေတတ်ပြန်ပါတယ်။

၂။ ဘယ်သူတွေရဲ့ အသုံးအဆောင်တွေလဲ

 

Suicide Forest ထဲမှာ သင်နောက်ထပ်ကြုံတွေ့ရမယ့်အရာတစ်ခုက နေရာအနှံ့ပြန့်ကြဲနေတဲ့လူ့အသုံး အဆောင်ပစ္စည်းတွေပါ။မိုဘိုင်းဖုန်း၊ မှတ်စုစာအုပ် ၊ အဝတ်အထည်တွေကစလို့ ရေသန့်ဘူးခွံ၊ ပဋိဇီဝဆေး အထိ အမျိုးအစားအစုံတွေ့နိုင်ပါတယ်။တချို့တွေဆိုရင် တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း အပုံလိုက်လေးတောင်တွေ့ရပါသေးတယ်။အသုံးအဆောင်တစ်ခုချင်းစီတိုင်းက သစ်တောထဲမှာ သက်ရှိလူတွေနေထိုင်ခဲ့တဲ့သက်သေဆိုရင် ဒါတွေဟာသစ်တောထဲကို လာရောက်လည်ပတ် တဲ့သူတွေမေ့ကျန်ခဲ့တဲ့အသုံးအဆောင်တွေလား။ဒါမှမဟုတ် သစ်တောထဲမှာ မိမိဝိဉာဉ်ကို လာရောက်မြှုပ်နှံခဲ့တဲ့လူတွေရဲ့အသုံးအဆောင်တွေလား။

၃။ ကျောချမ်းစေတဲ့သတိပေးစာ

 

“ ကျောင်းရှိသည် ဖြည်းဖြည်းမောင်း’’ ၊ “အန္တရာယ်ရှိသည်’’ စတဲ့ သတိပေးစာမျိုးတွေကို တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့ဖူးနေကျပါ။အလားတူပဲ Suicide Forest ထဲမှာလည်းဒီလိုသတိပေးစာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ မတူတာတစ်ခုကတော့ Suicide Forest ထဲကသတိပေးစာတွေက ကိုယ့်ကိုယ်ကိုယ်သတ်မသေဖို့ သတိပေးထားတဲ့စာတွေဖြစ်နေတာပါပဲ။သတိပေးစာထဲမှာ ကိုယ့်ကိုယ်ကိုယ်သတ်မသေဖို့ပြောထားတဲ့အပြင် အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ဖုန်းနံပါတ်တွေကိုပါ ထည့်ပေးထားပါသေးတယ်။ သတိပေးစာတွေရဲ့ရည်ရွယ်ချက်ကတော့ သတ်သေတော့မယ့်သူတွေရဲ့အတွေးကိုပြောင်းလဲပေးနိုင်ဖို့ဆိုပေမဲ့ ဒီသတိပေးစာတွေကိုတွေ့လိုက်မှ သတ်သေဖို့စိတ်ကူးပေါ်လာနိုင်တယ်ဆိုတဲ့အချက်ကိုတော့ မေ့နေကြတယ်ထင်ပါတယ်။

၄။ အမည်ဖော်မရတဲ့အလောင်းများ

 

နှစ်စဉ်နှစ်တိုင်း လူသေအလောင်း (၁၀၀)ကျော်နီးပါးကို သစ်တောထဲကနေဖယ်ရှားပေးရတယ် ဆိုတဲ့အချက်ကတော့ တကယ်ကြက်သီးထစရာပါပဲ။ဒီလောက်ဖယ်ရှားထားပေးမဲ့ Suicide Forest လို့ နာမည်မကြီးခင်ထဲကရှိခဲ့တဲ့ အလောင်းတွေကတော့အခုအချိန်ထိရှိနေတုန်းပါပဲ။ဂျပန်အာဏာပိုင်တွေအနေနဲ့ ဒီဖြစ်ရပ်ကိုတားဆီးဖို့ကြိုးစားခဲ့ကြပါသေးတယ်။ သူတို့ရဲ့ကြိုးစားမှုကြောင့် မိမိတို့ရဲ့ကိုယ်ပိုင်ဘဝကို ပြန်လည်ပိုင်ဆိုင်သွားတဲ့သူတွေ၊ အောင်မြင်သွားတဲ့သူတွေရာနဲ့ချီရှိပေမဲ့လည်း မအောင်မြင်သူတွေကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းတန်းတန်းမတ်မတ်လုပ်ဆောင်မြဲလုပ်ဆောင်နေကြတုန်းပါပဲ။ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ရုပ် ရှင်အများစုကပါ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ဇာတ်ကောင်တွေကိုထည့်သွင်းရိုက်ကူးနေကြတဲ့အတွက် ဒီဖြစ်ရပ်ကို တားဆီးဖို့ဆိုတာကထင်ထားတာထက်ပိုပြီးရှုပ်ထွေးခက်ခဲပါတယ်။

၅။ ကိန်းအောင်းနေတဲ့နတ်ဆိုးစွမ်းအင်

 

ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်နေရာစိမ်းတစ်ခုကိုရောက်ရင် စိတ်ထဲမှာအမျိုးအမည်မသိတဲ့ ခံစားချက်မျိုးကို ခံစားရတတ်ပါတယ်။ဒီလိုပဲ Suicide Forest မှာလည်း မကောင်းမှုတွေကိုအားပေးတဲ့ စွမ်းအင်တစ်မျိုးရှိတယ်လို့ ရာဇဝင်တွေကပြောကြပါတယ်။၂၀ ရာစုနှစ်မတိုင်ခင်ကဒီတောအုပ်မှာ ကြောက်မက်ဖွယ် အတိတ်ဆိုးတွေရှိခဲ့ပါတယ်။အဲဒီထဲကမှ အမြင်သာဆုံးဥပမာတစ်ခုကတော့ ၁၈၀၀ ပြည့်နှစ်အလွန်တုန်းက မိသားစုတွေမှာရှိခဲ့တဲ့ ထူးဆန်းတဲ့ဓလေ့တစ်ခုပါ။အဲဒါကတော့ မိသားစုထဲက သက်ကြီးရွယ်အိုတွေကို ဂုဏ်သိက္ခာရှိရှိသေဆုံးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ Suicide Forest ထဲကို ခေါ်သွားပြီး စွန့်ပစ်ထားခဲ့တဲ့အလေ့အထပါ။ဒီလို လူမဆန်တဲ့လုပ်ရပ်ကြောင့်ပဲ Suicide Forest မှာ မကောင်းတဲ့စွမ်းအင်တွေအစပျိုးလာသလားဆိုတာကတော့ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။

၆။ ဝိဉာဉ်နုတ်မယ့် သံလိုက်ဓာတ်

 

 

သုတေသီတွေရဲ့ စူးစမ်းရှာဖွေမှုအရ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေဖြစ်ပွားရခြင်းဟာ Suicide Forest ရဲ့မြေကြီးထဲမှာရှိတဲ့ သံလိုက်ဓာတ်ကြောင့်လို့လည်းယူဆကြပါတယ်။ Suicide Forest တည်ရှိတဲ့ မြေမျက်နှာပြင်မှာ သံလိုက်ဓာတ်တွေစုဝေးနေပြီးတော့ အဲဒီဓာတ်တွေဟာ လူတွေကိုမကောင်းတဲ့အတွေး တွေတွေးစေတယ်လို့ ဆိုကြပါတယ်။အထူးသဖြင့် သတ်သေဖို့စိတ်ကူးရှိတဲ့လူတွေကိုပိုအားပေးပါတယ်။ တစ်ခြားမှတ်တမ်းတွေမှာတော့ သံလိုက်ဓာတ်လှုပ်ရှားမှုများတဲ့အချိန်မှာ Suicide Case အရေအတွက် ပိုများပြီး လှုပ်ရှားမှုငြိမ်တဲ့အခါမှာ သိသိသာသာနည်းသွားတယ်လို့ဆိုထားပါတယ်။သိပ္ပံနည်းလမ်းကပဲ မှန်နေမလား၊ မမြင်ရတဲ့စွမ်းအားတွေကပဲခိုင်းစေနေတာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

အကယ်၍ သင်ကစူးစမ်းလေ့လာရတာဝါသနာပါတယ်ဆိုရင် ဂျပန်နိုင်ငံကိုရောက်တဲ့အခါ Suicide Forest ကို မဖြစ်မနေသွားရောက်လည်ပတ်ခဲ့ပါလို့ အကြံပေးလိုက်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : listverse.com

 

 

[Zawgyi]

အေျဖ႐ွာမရတဲ့ဆန္းၾကယ္မႈေတြနဲ႔ျပည့္ႏွက္ေနတဲ့ ဂ်ပန္ႏိုင္ငံကေျခာက္ျခားဖြယ္ေတာအုပ္

 

သဘာဝကလက္ေဆာင္ေပးထားတဲ့ သစ္ပင္သစ္ေတာေတြရဲ႕အရိပ္အာဝါသဟာ ေအးျမျခင္း နဲ႔စိတ္ၾကည္ႏူး႐ႊင္လန္းျခင္းကို အခ်ိန္အခါမလပ္ဝတၱရားမပ်က္ေပးစြမ္းႏိုင္ပါတယ္။ပင္ပန္းႏြမ္းနယ္ ေနတဲ့အခ်ိန္မွာ သစ္ပင္အရိပ္ေအာက္ဝင္လိုက္တာနဲ႔ ေအးခ်မ္းၿပီးအေမာေျပသြားတဲ့ခံစားခ်က္ကို လူတိုင္းခံစားဖူးၾကမွာပါ။သစ္ပင္တစ္ပင္တည္းရဲ႕ အရိပ္ေတာင္ ဒီေလာက္ေအးခ်မ္းေနရင္ သစ္ပင္ေတြအျပည့္နဲ႔စိမ္းညိဳ႕ေနတဲ့ေတာအုပ္ေလးသာဆို ဘယ္ေလာက္ေတာင္ ေအးခ်မ္းလိုက္မလဲ။

ဒီလိုေအးခ်မ္းျခင္းရဲ႕ေနာက္ကြယ္မွာ ေၾကာက္စရာနာမည္ဆိုးေတြကပ္ပါလာမယ္ဆိုရင္ေရာ

စိမ္းစိုျမင့္မားတဲ့သစ္ပင္ေတြနဲ႔ေတာအုပ္ေလးက လူေပါင္းမ်ားစြာရဲ႕အသက္ကိုႏုတ္ယူေနတယ္ဆိုရင္ေရာ

ယုံႏိုင္စရာမ႐ွိေပမဲ့ ဂ်ပန္ႏိုင္ငံမွာ႐ွိတဲ့သစ္ေတာတစ္ေတာကေတာ့ တကယ္ပဲလူေပါင္းမ်ားစြာရဲ႕အသက္ကို ႏုတ္ယူေနတာျဖစ္ပါတယ္။

Aokigahara လို႔ အမည္လွလွေလး႐ွိတဲ့ ဂ်ပန္ႏိုင္ငံကသစ္ေတာတစ္ေတာဟာ လူေပါင္းမ်ားစြာရဲ႕အသက္ကို ႏုတ္ယူေနတယ္ဆိုတဲ့ ေျခာက္ျခားစရာနာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ Aokigahara ရဲ႕အဓိပၸာယ္ကေတာ့ Sea of trees ျဖစ္ၿပီး လက္ညိႇဳးထိုးမလြဲသစ္ပင္ေတြအျပည့္နဲ႔ စိမ္းစိမ္းစိုစို သစ္ပင္ပင္လယ္ႀကီးတစ္ခုလို႔ဆိုရင္လည္းမမွားပါဘူး။ Aokigahara ဟာ ဂ်ပန္ႏိုင္ငံ၊ ဖူဂ်ီေတာင္ေျခမွာ႐ွိတဲ့ ဟို႐ွဴးကြၽန္းေပၚမွာတည္႐ွိတာျဖစ္ၿပီး ေဒသခံေတြကေတာ့ Jukai လို႔‌ေခၚၾကပါတယ္။

နာမည္ေတြအမ်ားႀကီး႐ွိေပမဲ့ အားလုံးနဲ႔အရင္းႏွီးဆုံးကေတာ့ Suicide Forest ပါ။ ဒါဆိုရင္ Suicide Forest က ဘယ္လိုဆန္းၾကယ္မႈေတြနဲ႔ျပည့္ႏွက္ေနတာလဲ…

၁။ ဖဲႀကိဳးေတြရဲ႕သ‌ေကၤတ

သင့္အေနနဲ႔ Suicide Forest ထဲကိုေရာက္ရင္ပထမဆုံးသတိထားမိမယ့္အရာက ဖဲႀကိဳးေတြပါ။ နည္းနည္းထူးဆန္းတယ္လို႔ထင္ရေပမဲ့ အဲဒီမွာ႐ွိတဲ့ဖဲႀကိဳးတစ္ခုခ်င္းစီတိုင္းက သစ္ေတာထဲမွာ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ဖို႔ရည္႐ြယ္ခ်က္နဲ႔လာခဲ့တဲ့လူတစ္ေယာက္ခ်င္းစီကို ကိုယ္စားျပဳတယ္လို႔ေျပာရင္ သင္ပိုအံ့ဩသြားပါလိမ့္မယ္။ဟုတ္ပါတယ္။Suicide Forest ထဲကိုလာတဲ့လူတိုင္းက သူတို႔နဲ႔အတူေရာင္စုံဖဲႀကိဳးေတြကို အတူတကြယူလာေလ့႐ွိၾကပါတယ္။ဒီလိုယူလာတာမွာ ျဖစ္ႏိုင္ေျခႏွစ္ခု႐ွိပါတယ္။ ပထမျဖစ္ႏိုင္ေခ်က လွပတဲ့ဖဲႀကိဳးေလးကို ျမင့္မားတဲ့သစ္ကိုင္းေပၚမွာခ်ည္ၿပီး ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ဖို႔ျဖစ္ပါတယ္။ဒုတိယျဖစ္ႏိုင္ေခ်ကေတာ့ ေတာထဲမွာလမ္းေပ်ာက္မသြားေအာင္ သစ္ပင္မွာဖဲႀကိဳးေလးေတြခ်ည္ၿပီး အမွတ္အသားလုပ္ဖို႔ပါ။တစ္ခါတစ္ေလမွာ ဖဲႀကိဳးေလးေတြ လမ္းျပတဲ့အတိုင္းလိုက္သြားခဲ့မယ္ဆိုရင္ အဆုံးမွာ လူေသအေလာင္းတစ္ခုကို ေတြ႕ရတတ္တယ္လို႔ဆို ၾကပါတယ္။တစ္ခါတစ္ေလမွာေတာ့ ဖဲႀကိဳးေလးေတြဟာ သစ္ေတာထဲကေန ဘယ္ေတာ့မွ ျပန္ထြက္လို႔မရေတာ့ဘူးဆိုတာကို သတိေပးေနတဲ့ ေၾကာက္မက္ဖြယ္သေကၤတတစ္ခုလည္း ျဖစ္ေနတတ္ျပန္ပါတယ္။

၂။ ဘယ္သူေတြရဲ႕ အသုံးအေဆာင္ေတြလဲ

Suicide Forest ထဲမွာ သင္ေနာက္ထပ္ၾကဳံေတြ႕ရမယ့္အရာတစ္ခုက ေနရာအႏွံ႔ျပန္႔ႀကဲေနတဲ့လူ႕အသုံး အေဆာင္ပစၥည္းေတြပါ။မိုဘိုင္းဖုန္း၊ မွတ္စုစာအုပ္ ၊ အဝတ္အထည္ေတြကစလို႔ ေရသန္႔ဘူးခြံ၊ ပဋိဇီဝေဆး အထိ အမ်ိဳးအစားအစုံေတြ႕ႏိုင္ပါတယ္။တခ်ိဳ႕ေတြဆိုရင္ တစ္ေနရာတည္းမွာ တစ္စုတစ္စည္းတည္း အပုံလိုက္ေလးေတာင္ေတြ႕ရပါေသးတယ္။အသုံးအေဆာင္တစ္ခုခ်င္းစီတိုင္းက သစ္ေတာထဲမွာ သက္႐ွိလူေတြေနထိုင္ခဲ့တဲ့သက္ေသဆိုရင္ ဒါေတြဟာသစ္ေတာထဲကို လာေရာက္လည္ပတ္ တဲ့သူေတြေမ့က်န္ခဲ့တဲ့အသုံးအေဆာင္ေတြလား။ဒါမွမဟုတ္ သစ္ေတာထဲမွာ မိမိဝိဉာဥ္ကို လာေရာက္ျမႇဳပ္ႏွံခဲ့တဲ့လူေတြရဲ႕အသုံးအေဆာင္ေတြလား။

၃။ ေက်ာခ်မ္းေစတဲ့သတိေပးစာ

“ ေက်ာင္း႐ွိသည္ ျဖည္းျဖည္းေမာင္း’’ ၊ “အႏၲရာယ္႐ွိသည္’’ စတဲ့ သတိေပးစာမ်ိဳးေတြကို တစ္ေနရာမဟုတ္ တစ္ေနရာမွာ ေတြ႕ဖူးေနက်ပါ။အလားတူပဲ Suicide Forest ထဲမွာလည္းဒီလိုသတိေပးစာမ်ိဳးေတြ႐ွိပါတယ္။ ဒါေပမဲ့ မတူတာတစ္ခုကေတာ့ Suicide Forest ထဲကသတိေပးစာေတြက ကိုယ့္ကိုယ္ကိုယ္သတ္မေသဖို႔ သတိေပးထားတဲ့စာေတြျဖစ္ေနတာပါပဲ။သတိေပးစာထဲမွာ ကိုယ့္ကိုယ္ကိုယ္သတ္မေသဖို႔ေျပာထားတဲ့အျပင္ အကူအညီေပးႏိုင္တဲ့ အဖြဲ႕အစည္းေတြရဲ႕ဖုန္းနံပါတ္ေတြကိုပါ ထည့္ေပးထားပါေသးတယ္။ သတိေပးစာေတြရဲ႕ရည္႐ြယ္ခ်က္ကေတာ့ သတ္ေသေတာ့မယ့္သူေတြရဲ႕အေတြးကိုေျပာင္းလဲေပးႏိုင္ဖို႔ဆိုေပမဲ့ ဒီသတိေပးစာေတြကိုေတြ႕လိုက္မွ သတ္ေသဖို႔စိတ္ကူးေပၚလာႏိုင္တယ္ဆိုတဲ့အခ်က္ကိုေတာ့ ေမ့ေနၾကတယ္ထင္ပါတယ္။

၄။ အမည္ေဖာ္မရတဲ့အေလာင္းမ်ား

ႏွစ္စဥ္ႏွစ္တိုင္း လူေသအေလာင္း (၁၀၀)ေက်ာ္နီးပါးကို သစ္ေတာထဲကေနဖယ္႐ွားေပးရတယ္ ဆိုတဲ့အခ်က္ကေတာ့ တကယ္ၾကက္သီးထစရာပါပဲ။ဒီေလာက္ဖယ္႐ွားထားေပးမဲ့ Suicide Forest လို႔ နာမည္မႀကီးခင္ထဲက႐ွိခဲ့တဲ့ အေလာင္းေတြကေတာ့အခုအခ်ိန္ထိ႐ွိေနတုန္းပါပဲ။ဂ်ပန္အာဏာပိုင္ေတြအေနနဲ႔ ဒီျဖစ္ရပ္ကိုတားဆီးဖို႔ႀကိဳးစားခဲ့ၾကပါေသးတယ္။ သူတို႔ရဲ႕ႀကိဳးစားမႈေၾကာင့္ မိမိတို႔ရဲ႕ကိုယ္ပိုင္ဘဝကို ျပန္လည္ပိုင္ဆိုင္သြားတဲ့သူေတြ၊ ေအာင္ျမင္သြားတဲ့သူေတြရာနဲ႔ခ်ီ႐ွိေပမဲ့လည္း မေအာင္ျမင္သူေတြကေတာ့ လုပ္႐ိုးလုပ္စဥ္အတိုင္းတန္းတန္းမတ္မတ္လုပ္ေဆာင္ၿမဲလုပ္ေဆာင္ေနၾကတုန္းပါပဲ။ဒါ့အျပင္ ဂ်ပန္ႏိုင္ငံရဲ႕ ႐ုပ္ ႐ွင္အမ်ားစုကပါ ကိုယ့္ကိုယ္ကိုယ္သတ္ေသတဲ့ဇာတ္ေကာင္ေတြကိုထည့္သြင္း႐ိုက္ကူးေနၾကတဲ့အတြက္ ဒီျဖစ္ရပ္ကို တားဆီးဖို႔ဆိုတာကထင္ထားတာထက္ပိုၿပီး႐ႈပ္ေထြးခက္ခဲပါတယ္။

၅။ ကိန္းေအာင္းေနတဲ့နတ္ဆိုးစြမ္းအင္

ကိုယ္နဲ႔မရင္းႏွီးတဲ့ ပတ္ဝန္းက်င္ေနရာစိမ္းတစ္ခုကိုေရာက္ရင္ စိတ္ထဲမွာအမ်ိဳးအမည္မသိတဲ့ ခံစားခ်က္မ်ိဳးကို ခံစားရတတ္ပါတယ္။ဒီလိုပဲ Suicide Forest မွာလည္း မေကာင္းမႈေတြကိုအားေပးတဲ့ စြမ္းအင္တစ္မ်ိဳး႐ွိတယ္လို႔ ရာဇဝင္ေတြကေျပာၾကပါတယ္။၂၀ ရာစုႏွစ္မတိုင္ခင္ကဒီေတာအုပ္မွာ ေၾကာက္မက္ဖြယ္ အတိတ္ဆိုးေတြ႐ွိခဲ့ပါတယ္။အဲဒီထဲကမွ အျမင္သာဆုံးဥပမာတစ္ခုကေတာ့ ၁၈၀၀ ျပည့္ႏွစ္အလြန္တုန္းက မိသားစုေတြမွာ႐ွိခဲ့တဲ့ ထူးဆန္းတဲ့ဓေလ့တစ္ခုပါ။အဲဒါကေတာ့ မိသားစုထဲက သက္ႀကီး႐ြယ္အိုေတြကို ဂုဏ္သိကၡာ႐ွိ႐ွိေသဆုံးႏိုင္ဖို႔ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ Suicide Forest ထဲကို ေခၚသြားၿပီး စြန္႔ပစ္ထားခဲ့တဲ့အေလ့အထပါ။ဒီလို လူမဆန္တဲ့လုပ္ရပ္ေၾကာင့္ပဲ Suicide Forest မွာ မေကာင္းတဲ့စြမ္းအင္ေတြအစပ်ိဳးလာသလားဆိုတာကေတာ့ ဘယ္သူမွတပ္အပ္မေျပာႏိုင္ပါဘူး။

၆။ ဝိဉာဥ္ႏုတ္မယ့္ သံလိုက္ဓာတ္

သုေတသီေတြရဲ႕ စူးစမ္း႐ွာေဖြမႈအရ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈေတြျဖစ္ပြားရျခင္းဟာ Suicide Forest ရဲ႕ေျမႀကီးထဲမွာ႐ွိတဲ့ သံလိုက္ဓာတ္ေၾကာင့္လို႔လည္းယူဆၾကပါတယ္။ Suicide Forest တည္႐ွိတဲ့ ေျမမ်က္ႏွာျပင္မွာ သံလိုက္ဓာတ္ေတြစုေဝးေနၿပီးေတာ့ အဲဒီဓာတ္ေတြဟာ လူေတြကိုမေကာင္းတဲ့အေတြး ေတြေတြးေစတယ္လို႔ ဆိုၾကပါတယ္။အထူးသျဖင့္ သတ္ေသဖို႔စိတ္ကူး႐ွိတဲ့လူေတြကိုပိုအားေပးပါတယ္။ တစ္ျခားမွတ္တမ္းေတြမွာေတာ့ သံလိုက္ဓာတ္လႈပ္႐ွားမႈမ်ားတဲ့အခ်ိန္မွာ Suicide Case အေရအတြက္ ပိုမ်ားၿပီး လႈပ္႐ွားမႈၿငိမ္တဲ့အခါမွာ သိသိသာသာနည္းသြားတယ္လို႔ဆိုထားပါတယ္။သိပၸံနည္းလမ္းကပဲ မွန္ေနမလား၊ မျမင္ရတဲ့စြမ္းအားေတြကပဲခိုင္းေစေနတာလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

အကယ္၍ သင္ကစူးစမ္းေလ့လာရတာဝါသနာပါတယ္ဆိုရင္ ဂ်ပန္ႏိုင္ငံကိုေရာက္တဲ့အခါ Suicide Forest ကို မျဖစ္မေနသြားေရာက္လည္ပတ္ခဲ့ပါလို႔ အၾကံေပးလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : listverse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service