နိုင်ငံခြားသား (လုပ်ငန်းရှင်) များ နှစ်ရှည်အိမ်ငှားလို့ရလား - Property Knowledge in Myanmar from iMyanmarHouse.com
746 Views

နိုင်ငံခြားသား (လုပ်ငန်းရှင်) များ နှစ်ရှည်အိမ်ငှားလို့ရလား

Knowledge | Posted by Si Thu Aung

[Unicode]

 

 

နိုင်ငံခြားသားအများစုအနေနဲ့ မြန်မာနိုင်ငံမှာ အခြေချပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက် ကြရာတွင် ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်   ဥပဒေ   အရ လုပ်ငန်း ဆောင်ရွက်ရန် မြေနေရာ (အဆောက်အအုံ အပါအဝင်) ဝယ်ယူရန် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဥပစာ ငှားရမ်း၍ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။ အငှားချထား မည့်သူအနေဖြင့် နိုင်ငံခြားသား အား အငှားချထားခြင်းမပြုမီ အဆိုပါ နိုင်ငံခြားသားသည် မြန်မာနိုင်ငံအတွင်းသို့ မည်သည့် ဗီဇာဖြင့် ဝင်ရောက် လာသလဲဆိုသည့် အချက်ကို မဖြစ်မနေ စစ်ဆေးကြရပါမည်။ အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာကြသည့် နိုင်ငံခြားသားအား ငှားရမ်းမိပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။ အခြားသော ဗီဇာဖြင့် နေထိုင် မည့် နိုင်ငံခြားသား ဖြစ်ပါက အငှားချထားမည့်ကိစ္စကို စတင် ဆောင်ရွက်နိုင်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ဖော်ပြပါ အချက်များကို ထည့်သွင်းသုံးသပ်ရမည်။

 

 

 ပထမဦးစွာ အငှားချထားမည့်သူအနေဖြင့် မိမိ၏ ဥပစာအား ကာလရှည် ငှားရမ်းမှု ဆောင်ရွက်၍ မရသည်ကို အထူး သတိပြုရန် လိုအပ်ပါသည်။

 ဒုတိယအားဖြင့် အငှားချထားမည့်သူနှင့် ငှားရမ်းသူတို့အကြား သဘောတူစာချုပ်တွင် နှစ်ဦး နှစ်ဖက်၏ တာဝန် ဝတ္တရားများနှင့် အခွင့်အရေးများကို အတိအလင်း ထည့်သွင်းချုပ်ဆိုကြရ မည် ဖြစ်ပါသည်။

 တတိယအားဖြင့် အဆိုပါ သဘောတူစာချုပ်အား တစ်ဖက်ဖက်မှ ဖောက်ဖျက်ပါက မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သွားကြမည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားထားကြရမည် ဖြစ်ပါသည်။

 စတုတ္ထအနေဖြင့် အဆိုပါ သဘောတူစာချုပ်အား နှစ်ဖက် သက်သေများရှေ့တွင် ဝန်ခံ လက်မှတ် ရေးထိုးပြီး ချုပ်ဆိုကြရန် ဖြစ်ပါသည်။

 

 

 ထို့နောက် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၁ အရ အဆိုပါ သဘောတူစာချုပ်အား စာချုပ် ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံ တင်ပြ ပြီး ဆောင်ရွက်ရမည်။

ထို့အပြင် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၁ အရ အငှားချထားသည့် စာချုပ်စာတမ်းအား သတ်မှတ်ထားသော ကာလအတွင်း စည်ပင်သာယာရေး နယ်နမိတ်အတွင်း တည်ရှိသည့် မြို့နယ်ဖြစ်ပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးသို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သွားရောက်၍ မှတ်ပုံ တင်ကြရမည် ဖြစ်ပါသည်။

၁၉၈၇ ခုနှစ် မရွှေ့ မပြောင်းန်ိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၅ တွင် အငှားချထားသူအနေဖြင့် မိမိ၏ဥပစာအား တစ်နှစ်ထက်ကျော်လွန်ငှားရမ်းမှုအား ဆောင်ရွက်ခြင်းမပြုရန် အတိ အလင်း တားမြစ်ထားပါသည်။ အငှားချထားသူအနေဖြင့် သတိမမူမိဘဲ မိမိ၏ဥပစာအား တစ်နှစ်ထက်ကျော်လွန် ပြီး အငှားချထားမိပါက ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းန်ိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၁၂ အရ ငှားရမ်းခ၏ ၃ ဆ ထက် မနည်းသော ငွေဒဏ် ချမှတ်ခြင်း ခံရနိုင်သည့်အပြင် အငှားချထားသော မိမိ၏ ဥပစာအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ခံရနိုင်ပါသည်။

 

 

ခြွင်းချက်အနေဖြင့် နိုင်ငံခြားသားများအား ကွန်ဒိုအခန်းများအား ငှားရမ်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်တို့နှင့်စပ်လျဉ်းပြီး ဆောင်ရွက်နိုင်ကြောင်းနှင့် စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို)၏ ၄၀%ထက်မပိုသော အခန်းများကို ရောင်းချနိုင်ကြောင်းကို ၂၀၁၆ ခုနှစ် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၂၆ (ဃ) တွင် အတိအလင်း ပြဌာန်းထားသောကြောင့် အဆိုပါကိစ္စများနှင့်စပ်လျဉ်းပါက ကာလ သတ်မှတ်ချက်များမရှိဘဲ ဆောင်ရွက်နိုင်ပါသည်။

ထို့ကြောင့် နိုင်ငံခြားသားများကို မိမိ၏ အိမ်ခြံမြေ ဥပစာအား ငှားရမ်းရာတွင် ဥပဒေနှင့် ညီညွတ်မှုရှိစေ ရေး အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် မိမိ၏ ပေါ့ဆမှု၊ သတိမမူမိမှုကြောင့် မမျှော်လင့်ဘဲ မိမိ၏ ပိုင်ဆိုင်မှုများ ထိခိုက် ဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက် သတိပြု ဆောင်ရွက်ကြစေလိုပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ႏိ္ုင္ငံျခားသား (လုပ္ငန္းရွင္) မ်ား ႏွစ္ရွည္အိမ္ငွားလို႔ရလား

 

ႏိုင္ငံျခားသားအမ်ားစုအေနနဲ႕ ျမန္မာႏိုင္ငံမွာ အေျခခ်ၿပီး စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ ေဆာင္ရြက္ ၾကရာတြင္ ၁၉၈၇ ခုႏွစ္ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း လႊဲေျပာင္းျခင္းကို ကန္႕သတ္သည့္  ဥပေဒ   အရ လုပ္ငန္း ေဆာင္ရြက္ရန္ ေျမေနရာ (အေဆာက္အအံု အပါအ၀င္) ၀ယ္ယူရန္ ေဆာင္ရြက္ႏိုင္ျခင္း မရွိေသာေၾကာင့္ ဥပစာ ငွားရမ္း၍ စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိၾကသည္။ အငွားခ်ထား မည့္သူအေနျဖင့္ ႏိုင္ငံျခားသား အား အငွားခ်ထားျခင္းမျပဳမီ အဆိုပါ ႏိုင္ငံျခားသားသည္ ျမန္မာႏိုင္ငံအတြင္းသို႔ မည္သည့္ ဗီဇာျဖင့္ ၀င္ေရာက္ လာသလဲဆိုသည့္ အခ်က္ကို မျဖစ္မေန စစ္ေဆးၾကရပါမည္။ အလည္အပတ္ ဗီဇာျဖင့္ ၀င္ေရာက္လာၾကသည့္ ႏိုင္ငံျခားသားအား ငွားရမ္းမိပါက ဥပေဒအရ အေရးယူျခင္းခံရမည္ ျဖစ္ပါသည္။ အျခားေသာ ဗီဇာျဖင့္ ေနထိုင္ မည့္ ႏိုင္ငံျခားသား ျဖစ္ပါက အငွားခ်ထားမည့္ကိစၥကို စတင္ ေဆာင္ရြက္ႏိုင္ၿပီး ယင္းသို႔ ေဆာင္ရြက္ရာတြင္ ေဖာ္ျပပါ အခ်က္မ်ားကို ထည့္သြင္းသံုးသပ္ရမည္။

 ပထမဦးစြာ အငွားခ်ထားမည့္သူအေနျဖင့္ မိမိ၏ ဥပစာအား ကာလရွည္ ငွားရမ္းမႈ ေဆာင္ရြက္၍ မရသည္ကို အထူး သတိျပဳရန္ လိုအပ္ပါသည္။

 ဒုတိယအားျဖင့္ အငွားခ်ထားမည့္သူႏွင့္ ငွားရမ္းသူတို႔အၾကား သေဘာတူစာခ်ဳပ္တြင္ ႏွစ္ဦး ႏွစ္ဖက္၏ တာ၀န္ ၀တၲရားမ်ားႏွင့္ အခြင့္အေရးမ်ားကို အတိအလင္း ထည့္သြင္းခ်ဳပ္ဆိုၾကရ မည္ ျဖစ္ပါသည္။

 တတိယအားျဖင့္ အဆိုပါ သေဘာတူစာခ်ဳပ္အား တစ္ဖက္ဖက္မွ ေဖာက္ဖ်က္ပါက မည္ကဲ့သို႔ ဆက္လက္ ေဆာင္ရြက္သြားၾကမည္ဆိုသည့္ အခ်က္ကို ထည့္သြင္းစဉ္းစားထားၾကရမည္ ျဖစ္ပါသည္။

 စတုတၴအေနျဖင့္ အဆိုပါ သေဘာတူစာခ်ဳပ္အား ႏွစ္ဖက္ သက္ေသမ်ားေရွ႕တြင္ ၀န္ခံ လက္မွတ္ ေရးထိုးၿပီး ခ်ဳပ္ဆိုၾကရန္ ျဖစ္ပါသည္။

 ထို႔ေနာက္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ဥပေဒ ပုဒ္မ ၂၁ အရ အဆိုပါ သေဘာတူစာခ်ဳပ္အား စာခ်ဳပ္ ခ်ဳပ္ဆိုသည့္ေန႔မွ ရက္ေပါင္း ၁၂၀ အတြင္း မွတ္ပံုတင္ရန္ မွတ္ပံုတင္အရာရွိထံ တင္ျပ ၿပီး ေဆာင္ရြက္ရမည္။

ထို႔အျပင္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ဥပေဒ ပုဒ္မ ၂၁ အရ အငွားခ်ထားသည့္ စာခ်ဳပ္စာတမ္းအား သတ္မွတ္ထားေသာ ကာလအတြင္း စည္ပင္သာယာေရး နယ္နမိတ္အတြင္း တည္ရွိသည့္ ၿမိဳ႕နယ္ျဖစ္ပါက စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ရံုးသို႔လည္းေကာင္း၊ ျပည္ေထာင္စုနယ္ေျမႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားရွိ ၿမိဳ႕နယ္မ်ားျဖစ္ပါက ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနသို႔ သြားေရာက္၍ မွတ္ပံု တင္ၾကရမည္ ျဖစ္ပါသည္။

၁၉၈၇ ခုႏွစ္ မေရႊ႕ မေျပာင္းႏိ္ုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႕သတ္သည့္ ဥပေဒ ပုဒ္မ ၅ တြင္ အငွားခ်ထားသူအေနျဖင့္ မိမိ၏ဥပစာအား တစ္ႏွစ္ထက္ေက်ာ္လြန္ငွားရမ္းမႈအား ေဆာင္ရြက္ျခင္းမျပဳရန္ အတိ အလင္း တားျမစ္ထားပါသည္။ အငွားခ်ထားသူအေနျဖင့္ သတိမမူမိဘဲ မိမိ၏ဥပစာအား တစ္ႏွစ္ထက္ေက်ာ္လြန္ ၿပီး အငွားခ်ထားမိပါက ၁၉၈၇ ခုႏွစ္ မေရႊ႕မေျပာင္းႏိ္ုင္ေသာ ပစၥည္း လႊဲေျပာင္းျခင္းကို ကန္႕သတ္သည့္ ဥပေဒ ပုဒ္မ ၁၂ အရ ငွားရမ္းခ၏ ၃ ဆ ထက္ မနည္းေသာ ေငြဒဏ္ ခ်မွတ္ျခင္း ခံရႏိုင္သည့္အျပင္ အငွားခ်ထားေသာ မိမိ၏ ဥပစာအား ျပည္သူ့ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းကို ခံရႏိုင္ပါသည္။

ႁခြင္းခ်က္အေနျဖင့္ ႏိုင္ငံျခားသားမ်ားအား ကြန္ဒိုအခန္းမ်ားအား ငွားရမ္းျခင္း၊ ေပါင္ႏွံျခင္း သို႔မဟုတ္ ခြင့္ျပဳခ်က္ျဖင့္ ထားပိုင္ခြင့္တို႔ႏွင့္စပ္လ်ဉ္းၿပီး ေဆာင္ရြက္ႏိုင္ေၾကာင္းႏွင့္ စုေပါင္းပိုင္အေဆာက္အအံု(ကြန္ဒို)၏ ၄၀%ထက္မပိုေသာ အခန္းမ်ားကို ေရာင္းခ်ႏိုင္ေၾကာင္းကို ၂၀၁၆ ခုႏွစ္ စုေပါင္းပိုင္ အေဆာက္အအံုဆိုင္ရာ ဥပေဒ၊ ပုဒ္မ ၂၆ (ဃ) တြင္ အတိအလင္း ျပဌာန္းထားေသာေၾကာင့္ အဆိုပါကိစၥမ်ားႏွင့္စပ္လ်ဉ္းပါက ကာလ သတ္မွတ္ခ်က္မ်ားမရွိဘဲ ေဆာင္ရြက္ႏိုင္ပါသည္။

ထို့ေၾကာင့္ ႏိုင္ငံျခားသားမ်ားကို မိမိ၏ အိမ္ျခံေျမ ဥပစာအား ငွားရမ္းရာတြင္ ဥပေဒႏွင့္ ညီၫြတ္မႈရွိေစ ေရး အထူးဂ႐ုျပဳ ေဆာင္ရြက္ၾကရန္ႏွင့္ မိမိ၏ ေပါ့ဆမွဳ၊ သတိမမူမိမွဳေၾကာင့္ မေမ်ွာ္လင့္ဘဲ မိမိ၏ ပိုင္ဆိုင္မွဳမ်ား ထိခိုက္ ဆံုးရွံဳးျခင္းတို့မွ ကာကြယ္နိုင္ရန္အတြက္ သတိျပဳ ေဆာင္ရြက္ၾကေစလိုပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service