Pee Mak မင်းသမီး မိုင် ဒါဗီကာ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
6097 Views

Pee Mak မင်းသမီး မိုင် ဒါဗီကာ၏ စံအိမ်

[Unicode]

Pee Mak သည် ၂၀၁၃ ခုနှစ်က ရုံတင်ခဲ့သော ဟာသ သရဲကားတစ်ကားဖြစ်ပြီး ထိုင်းရုပ်ရှင်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်တင်ထားသည်။

နာမည်ကြီး ထိုင်းမင်းသား မာရီယို မော်ရာနှင့် ဒါဗီကာတို့ သရုပ်ဆောင်ထားသည်။

Pee Mak ဇာတ်ကား၏ ထုတ်လုပ်စရိတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းသာရှိပြီး ကန်ဒေါ်လာ ၃၃ သန်း ပြန်ရခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ Brand’s ၏ Ambassador ခန့်အပ်ပွဲအတွက် လာရောက်ခဲ့သည်။ ထိုပွဲကို ဧပြီ ၂၉ Junction Square မှာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံကို မကြာခဏလာလေ့ရှိသည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း လာခဲ့ဖူးသည်။ ထိုစဉ်က ဒါဗီကာ လက်မှတ်ထိုးပေးထားသည့် Brand’s ငှက်သိုက်တစ်ဘူးကို ဒေါက်တာ မြဝတ်ရည်က မြန်မာငွေ ကျပ် ၁၀ သိန်းဖြင့် လေလံဆွဲခဲ့ဖူးသည်။ ငှက်သိုက်ဘူးကို ပရဟိတအလှူအတွက် လေလံတင်ခဲ့ရာတွင် ဒေါက်တာမြဝတ်ရည်က လေလံအောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

တွဲဖက်သရုပ်ဆောင်ခဲ့သူ မင်းသား မာရီယိုလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပြီး အသက် ၁၆ နှစ်တွင် မော်ဒယ်လောကသို့စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၃ Pee Mak နဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည်။

(ဒါဝီကာ၏ ကော်ဖီဆိုင်)

ဒါဝီကာသည် ဘန်ကောက်မြို့တွင် Misstar Café အမည်ရှိ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသည်။ ကော်ဖီဆိုင် တည်ရှိရာ လမ်းကလေးသည် သစ်ရိပ်ဝါးရိပ်ထူထပ်စွာဖြင့် စိမ်းလမ်းစိုပြည်လှသော လမ်းတစ်လမ်း ဖြစ်ကာ ကော်ဖီဆိုင်ဝန်းအတွင်းတွင်ပင် Davika Collection အမည်ရှိ ဖက်ရှင်ဆိုင်လည်း ဖွင့်လှစ်ထားသည်။

ကော်ဖီဆိုင်ရှေ့တွင် ဘုံ ၅ ဆင့် ရေတံခွန်၊ ကြီးမားစိမ်းလန်းသော ကျောက်ခက်ပင်ကြီးများ၊ ပုဏ္ဍရိပ်ပုများကို အုတ်တံတိုင်းငယ်သဖွယ် သေသပ်စွာတိဖြတ်ပုံသွင်းထားသော ပန်းစည်းရိုးငယ်များကို အများအပြားတွေ့ရသည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြင်သစ်တံခါးများ တပ်ဆင်ထားရာ အလင်းရောင် အလွန်ကောင်းစွာ ရရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်သို့ အဝင်လမ်းတစ်လျှောက်တွင်လည်း ပန်းအိုးများဖြင့် ပန်းအမျိုးအစား စုံလင်စွာ စိုက်ပျိုးထားရာ စိမ်းလန်းကာ အေးချမ်းလှသည်။

ဆိုင်ရှေ့ ပန်းခြံအတွင်း စားသောက်ခုံ စားပွဲများ ခင်းကျင်းပေးထားပြီး စားပွဲတစ်ခုနှင့်တစ်ခုမှာ အလွန်ဝေးကွာလှရာ Privacy ဖြစ်မှုကို ရရှိနိုင်မည် ဖြစ်သည်။

ဆိုင်အတွင်းသို့ ဝင်ရောက်သွားလျှင်လည်း ရောင်စုံပန်းမျိုးစုံကို တွေ့ရဦးမည်ဖြစ်ပြီး ခမ်းနားထည်ဝါသော ခင်းကျင်းပြင်ဆင်မှုမျိုးကို တွေ့ရသည်။ ဒါဝီကာဖွင့်ထားသောကြောင့် ဘန်ကောက်တွင် အလွန်နာမည်ကြီးပြီး သူ၏ fan များ လာရောက်အားပေးလေ့ ရှိကြသည်။

(ဒါဝီကာ ဘာလဲ)

ဒါဗီကာ (သို့မဟုတ်) ဒါဝီကာ ဟိုနေး (Thai: ดาวิกา โฮร์เน่) ကို “မိုင်” ဟု လူသိများပြီး ထိုင်းရုပ်ရှင်မင်းသမီး၊ မော်ဒယ်တစ်ဦးဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် ထုတ်လွှင့်ခဲော့ ရုပ်သံဇာတ်လမ်းတွဲ Ngao Kammathep တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ကာ သရုပ်ဆောင်လောကသို့ စတင်ခြေချသည်။

Heart Attack နှင့် Suddenly Twenty ရုပ်ရှင်များဖြင့် နာမည်ကျော်ခဲ့ပြီး ထိုင်း၏ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား Pee Mak တွင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့ရာမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည်။

ဒါဝီကာသည် ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သော L'Oréal ၏ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

မိုင်၏ ဖခင်မှာ ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်ပြီး မိခင်မှာ ထိုင်းနိုင်ငံသူဖြစ်ကာ မိုင်အား ဘန်ကောက်မြို့တွင် မွေးဖွားခဲ့သည်။

မိုင် ၁၀ နှစ်သမီးအရွယ်တွင် မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး မိုင်ကို မိခင်နှင့် အဒေါ်တို့က ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် မိုင်၏ ဖခင်က လုပ်ငန်းကိုင်ငန်းများမှ အနားယူချိန်ရောက်သဖြင့် ထိုင်းသို့ အခြေချရာ လာခဲ့ရာ ဖခင်နှင့် သူ၏ မိသားစုသစ်အတွက် မိုင်က ဘတ် ၁၀ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူပေးခဲ့သည်။

မိုင်၏ Pee Mak ဇာတ်ကားသည် ဘတ်ငွေ ၁ ဘီလီယံကျော် ဝင်ငွေရခဲ့ကာ အရှေ့တောင်အာရှနိုင်ငံများတဝန်း နာမည်ကြီးသွားခဲ့ရာ မိုင်အား ၁ ဘီလီယံ မင်းသမီးဟု တင်စားခေါ်ဝေါ်ကြသည့်နည်းတူ မိုင်၏ချစ်သူ Pee Mak ဇာတ်ကား ဇာတ်ညွှန်းဆရာ “တာ”ကိုလည်း ၁ ဘီလီယံ ဇာတ်ညွှန်းဆရာဟု တင်စားကြသည့်အပြင် သန်း ၃၀၀ စုံတွဲဟုလည်း ခေါ်ကြသေးသည်။ ၎င်းတို့၏ ကြွယ်ဝမှုကို တင်စားခြင်း ဖြစ်သည်။

(မိုင်၏ စံအိမ်)

မိုင်၏ စံအိမ်မှာ ကျယ်ဝန်းလှကာ နေချင်စဖွယ်စံအိမ်မျိုး ဖြစ်သည်။ စံအိမ်ဝန်းအတွင်း အရိပ်ရကာ လှပသည့် အစိမ်းရောင်ခြံစည်းရိုးများ သစ်ကြီးဝါးကြီးများက စံအိမ်ကို အဘက်ဘက်မှ ဝန်းပတ်ထားသည်။

ခြံဝန်းအတွင်း လှပသော ပန်းဥယျာဉ်တစ်ခုလည်းရှိပြီး လမ်းလျှောက်ရန် (သို့မဟုတ်) ခွေးများ ပြေးလွှားဆော့ကစားရန် လျှောက်လမ်းကလေးတစ်ခုလည်း ပါဝင်သည်။

စံအိမ်အတွင်း ပြင်ဆင်ထားမှုမှာ ရိုးစင်းသော်လည်း အဖြူ၊ နို့နှစ်ရောင်၊ မီးခိုး၊ အနက်၊ အညိုရောင်များဖြင့် လှပခမ်းနားသည်။

နဖူးတွင်ဉီးချိုတစ်ချောင်းပါသော ဒဏ္ဍာရီလာ သိင်္ဂဿမြင်းရုပ်ငယ်တစ်ခုကိုလည်း အလှဆင်ထားရှိသည်အား တွေ့ရသည်။

(မိုင်၏ အချစ်ရေး)

မိုင်သည် Pee Mak ရုပ်ရှင်၏ ဇာတ်ညွှန်းကို ရေးသားခဲ့သူ “တာ”နှင့် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ချစ်ကြိုက်ခဲ့သည်။

တာ၏ အမည်ရင်းမှာ ချန်တာဗစ် ဒါနာဆီဗီဖြစ်ပြီး တာဟုသာ လူသိများသည်။

တာသည် Pee Mak ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာနှင့်အတူ ပူးတွဲရေးသားခဲ့ခြင်းဖြစ်ပြီး ဇာတ်ဝင်ခန်း စကားပြောများကိုမူ တာက ရေးသားခဲ့ခြင်း ဖြစ်သည်။

သတင်းမီဒီယာတို့က တာအား တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မိုင်ကို မည်သည့်အချိန်တွင် စတင်ချစ်ကြိုက်ခဲ့တာလဲဟု မေးမြန်းရာ တာက မာယာဖူးစာဇာတ်ကား ရိုက်ကူးပြီးဆုံးတော့မည့် ရှုတင်နောက်ဆုံးနေ့တွင် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

တာနှင့် မိုင်တို့သည် နိုဝင်ဘာလသို့ရောက်တိုင်း အချစ်နှစ်ပတ်လည်အဖြစ် ခရီးထွက်လေ့ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း နယူးဇီလန်နိုင်ငံသို့ နှစ်ဦးတည်း ခရီးထွက်ခဲ့ဖူးသည်။

တခါတွင် မိုင်က တာ၏ မွေးနေ့၌ ဘတ်စ်ကက်ဘောကစားရန် ဖိနပ်တစ်ရံ လက်ဆောင်ပေးရာ မိမိ၏ ဖိနပ်ဆိုက်ဒ်ကို သိနေခြင်းကြောင့် တာက အံ့အားသင့်ပြီး မည်သို့သိနေသည်ကို မေး၏။

မိုင်က တာ၏ သူငယ်ချင်းများထံတွင် စုံစမ်းကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မိုင်အား ချစ်ကြိုက်နေကြောင်း တာက ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ၊ ၂၆ ရက်တွင် လူမှုကွန်ရက်၌ တရားဝင် ထုတ်ဖော်ဝန်ခံခဲ့ရာ ထိုင်းမီဒီယာတို့က “၂၀၁၈ ခုနှစ် တကယ့်လူ”(The Real Man of 2018) အဖြစ် သတ်မှတ်ခဲ့ကြသည်။

နာမည်ကျော်တစ်ဦးက မိမိချစ်ကြိုက်နေသူကို တရားဝင်ထုတ်ဖော်ဝန်ခံခဲ့သောကြောင့် ဖြစ်သည်။

 

(ရှာဖွေပါ)

မိုင် ဒါဝီကာ၏ စံအိမ်ကဲ့သို့ လှပသည့်စံအိမ်မျိုး ဝယ်ယူလိုပါက iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရှာဖွေနိုင်ပါသည်။ သင်၏ အကြိုက်နှင့် ထပ်တူကျသော စံအိမ်တစ်လုံးတွေ့ရှိမည်ဟု အသေအချာ ပြောနိုင် ပါသည်။ ထို့အပြင် သင်အလိုရှိသော နေအိမ်ပုံသဏ္ဍာန်မျိုးကို iMyanmarHouse.com ဝက်ဘ်ဆိုက် အတွင်း ဝင်ရောက်ကာ ဝယ်ယူလိုကြောင်း ကြော်ငြာတင်ထားနိုင်ပါသည်။

အောက်ပါလင့်ခ်ကို နှိပ်ကာ သင်ကိုယ်တိုင် ကြော်ငြာတင်နိုင်ပါသည်။

Post an ad for free!!! No cost to advertise at all. Click …

(https://www.imyanmarhouse.com/wanted-listings-post )

ကြော်ငြာတင်ခမှာ “အခမဲ့” ဖြစ်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

Pee Mak မင္းသမီး မိုင္ ဒါဗီကာ၏ စံအိမ္

Pee Mak သည္ ၂၀၁၃ ခုႏွစ္က ရံုတင္ခဲ့ေသာ ဟာသ သရဲကားတစ္ကားျဖစ္ျပီး ထိုင္းရုပ္ရွင္သမုိင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆံုး ဇာတ္ကားအျဖစ္ စံခ်ိန္တင္ထားသည္။

နာမည္ၾကီး ထိုင္းမင္းသား မာရီယို ေမာ္ရာႏွင့္ ဒါဗီကာတို႔ သရုပ္ေဆာင္ထားသည္။

Pee Mak ဇာတ္ကား၏ ထုတ္လုပ္စရိတ္မွာ ကန္ေဒၚလာ ၁ ဒသမ ၈ သန္းသာရွိျပီး ကန္ေဒၚလာ ၃၃ သန္း ျပန္ရခဲ့သည္။

 

၂၀၁၈ ခုႏွစ္အတြင္းက ျမန္မာႏိုင္ငံသို႔ Brand’s ၏ Ambassador ခန္႔အပ္ပြဲအတြက္ လာေရာက္ခဲ့သည္။ ထိုပြဲကို ဧၿပီ ၂၉ Junction Square မွာ ျပဳလုပ္ခဲ့သည္။ ျမန္မာႏိုင္ငံကို မၾကာခဏလာေလ့႐ွိသည္။ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လအတြင္းကလည္း လာခဲ့ဖူးသည္။ ထိုစဥ္က ဒါဗီကာ လက္မွတ္ထိုးေပးထားသည့္ Brand’s ငွက္သိုက္တစ္ဘူးကို ေဒါက္တာ ျမဝတ္ရည္က ျမန္မာေငြ က်ပ္ ၁၀ သိန္းျဖင့္ ေလလံဆြဲခဲ့ဖူးသည္။ ငွက္သိုက္ဘူးကို ပရဟိတအလႉအတြက္ ေလလံတင္ခဲ့ရာတြင္ ေဒါက္တာျမဝတ္ရည္က ေလလံေအာင္ျမင္ခဲ့ျခင္းလည္း ျဖစ္သည္။

တြဲဖက္သ႐ုပ္ေဆာင္ခဲ့သူ မင္းသား မာရီယိုလည္း ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ဖူးၿပီး အသက္ ၁၆ ႏွစ္တြင္ ေမာ္ဒယ္ေလာကသို႕စတင္ဝင္ေရာက္ခဲ့သည္။ ၂၀၁၂ ခုႏွစ္တြင္ သ႐ုပ္ေဆာင္ေလာကသို႕ စတင္ဝင္ေရာက္ခဲ့ၿပီး ၂၀၁၃ Pee Mak နဲ႕ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သည္။

(ဒါဝီကာ၏ ေကာ္ဖီဆိုင္)

ဒါဝီကာသည္ ဘန္ေကာက္ျမိဳ႕တြင္ Misstar Café အမည္ရွိ ေကာ္ဖီဆိုင္တစ္ဆိုင္ ဖြင့္လွစ္ထားသည္။ ေကာ္ဖီဆိုင္ တည္ရွိရာ လမ္းကေလးသည္ သစ္ရိပ္ဝါးရိပ္ထူထပ္စြာျဖင့္ စိမ္းလမ္းစိုျပည္လွေသာ လမ္းတစ္လမ္း ျဖစ္ကာ ေကာ္ဖီဆိုင္ဝန္းအတြင္းတြင္ပင္ Davika Collection အမည္ရွိ ဖက္ရွင္ဆိုင္လည္း ဖြင့္လွစ္ထားသည္။

ေကာ္ဖီဆိုင္ေရွ႕တြင္ ဘံု ၅ ဆင့္ ေရတံခြန္၊ ၾကီးမားစိမ္းလန္းေသာ ေက်ာက္ခက္ပင္ၾကီးမ်ား၊ ပု႑ရိပ္ပုမ်ားကို အုတ္တံတိုင္းငယ္သဖြယ္ ေသသပ္စြာတိျဖတ္ပံုသြင္းထားေသာ ပန္းစည္းရိုးငယ္မ်ားကို အမ်ားအျပားေတြ႔ရသည္။ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပင္သစ္တံခါးမ်ား တပ္ဆင္ထားရာ အလင္းေရာင္ အလြန္ေကာင္းစြာ ရရွိသည့္ ဆိုင္ျဖစ္သည္။ ဆိုင္သို႔ အဝင္လမ္းတစ္ေလွ်ာက္တြင္လည္း ပန္းအိုးမ်ားျဖင့္ ပန္းအမ်ဳိးအစား စံုလင္စြာ စိုက္ပ်ဳိးထားရာ စိမ္းလန္းကာ ေအးခ်မ္းလွသည္။

ဆိုင္ေရွ႕ ပန္းျခံအတြင္း စားေသာက္ခံု စားပြဲမ်ား ခင္းက်င္းေပးထားျပီး စားပြဲတစ္ခုႏွင့္တစ္ခုမွာ အလြန္ေဝးကြာလွရာ Privacy ျဖစ္မႈကို ရရွိႏိုင္မည္ ျဖစ္သည္။

ဆိုင္အတြင္းသို႔ ဝင္ေရာက္သြားလွ်င္လည္း ေရာင္စံုပန္းမ်ဳိးစံုကို ေတြ႔ရဦးမည္ျဖစ္ျပီး ခမ္းနားထည္ဝါေသာ ခင္းက်င္းျပင္ဆင္မႈမ်ဳိးကို ေတြ႔ရသည္။ ဒါဝီကာဖြင့္ထားေသာေၾကာင့္ ဘန္ေကာက္တြင္ အလြန္နာမည္ၾကီးျပီး သူ၏ fan မ်ား လာေရာက္အားေပးေလ့ ရွိၾကသည္။

(ဒါဝီကာ ဘာလဲ)

ဒါဗီကာ (သို႔မဟုတ္) ဒါဝီကာ ဟိုေနး (Thai: ดาวิกา โฮร์เน่) ကို “မိုင္” ဟု လူသိမ်ားျပီး ထိုင္းရုပ္ရွင္မင္းသမီး၊ ေမာ္ဒယ္တစ္ဦးျဖစ္သည္။ ၂၀၁၀ ျပည့္ႏွစ္တြင္ ထုတ္လႊင့္ခဲေ့ာ ရုပ္သံဇာတ္လမ္းတြဲ Ngao Kammathep တြင္ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္ကာ သရုပ္ေဆာင္ေလာကသို႔ စတင္ေျခခ်သည္။

Heart Attack ႏွင့္ Suddenly Twenty ရုပ္ရွင္မ်ားျဖင့္ နာမည္ေက်ာ္ခဲ့ျပီး ထိုင္း၏ သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆံုးဇာတ္ကား Pee Mak တြင္ ေခါင္းေဆာင္မင္းသမီးအျဖစ္ပါဝင္ခဲ့ရာမွ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သည္။

ဒါဝီကာသည္ ကမၻာေက်ာ္ အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ L'Oréal ၏ ေျပာေရးဆိုခြင့္ရွိ ပုဂၢိဳလ္တစ္ဦးလည္း ျဖစ္သည္။

မိုင္၏ ဖခင္မွာ ဘယ္လ္ဂ်ီယံႏိုင္ငံသားျဖစ္ျပီး မိခင္မွာ ထိုင္းႏိုင္ငံသူျဖစ္ကာ မိုင္အား ဘန္ေကာက္ျမိဳ႕တြင္ ေမြးဖြားခဲ့သည္။

မိုင္ ၁၀ ႏွစ္သမီးအရြယ္တြင္ မိဘႏွစ္ပါး ကြာရွင္းခဲ့ၾကျပီး မိုင္ကို မိခင္ႏွင့္ အေဒၚတို႔က ထိန္းသိမ္းေစာင့္ေရွာက္ ခဲ့ၾကသည္။

၂၀၁၄ ခုႏွစ္တြင္ မိုင္၏ ဖခင္က လုပ္ငန္းကိုင္ငန္းမ်ားမွ အနားယူခ်ိန္ေရာက္သျဖင့္ ထိုင္းသို႔ အေျခခ်ရာ လာခဲ့ရာ ဖခင္ႏွင့္ သူ၏ မိသားစုသစ္အတြက္ မိုင္က ဘတ္ ၁၀ သန္းတန္ စံအိမ္တစ္လံုး ဝယ္ယူေပးခဲ့သည္။

မိုင္၏ Pee Mak ဇာတ္ကားသည္ ဘတ္ေငြ ၁ ဘီလီယံေက်ာ္ ဝင္ေငြရခဲ့ကာ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားတဝန္း နာမည္ၾကီးသြားခဲ့ရာ မိုင္အား ၁ ဘီလီယံ မင္းသမီးဟု တင္စားေခၚေဝၚၾကသည့္နည္းတူ မိုင္၏ခ်စ္သူ Pee Mak ဇာတ္ကား ဇာတ္ညႊန္းဆရာ “တာ”ကိုလည္း ၁ ဘီလီယံ ဇာတ္ညႊန္းဆရာဟု တင္စားၾကသည့္အျပင္ သန္း ၃၀၀ စံုတြဲဟုလည္း ေခၚၾကေသးသည္။ ၎တို႔၏ ၾကြယ္ဝမႈကို တင္စားျခင္း ျဖစ္သည္။

(မိုင္၏ စံအိမ္)

မိုင္၏ စံအိမ္မွာ က်ယ္ဝန္းလွကာ ေနခ်င္စဖြယ္စံအိမ္မ်ဳိး ျဖစ္သည္။ စံအိမ္ဝန္းအတြင္း အရိပ္ရကာ လွပသည့္ အစိမ္းေရာင္ျခံစည္းရိုးမ်ား သစ္ၾကီးဝါးၾကီးမ်ားက စံအိမ္ကို အဘက္ဘက္မွ ဝန္းပတ္ထားသည္။

ျခံဝန္းအတြင္း လွပေသာ ပန္းဥယ်ာဥ္တစ္ခုလည္းရွိျပီး လမ္းေလွ်ာက္ရန္ (သို႔မဟုတ္) ေခြးမ်ား ေျပးလႊားေဆာ့ကစားရန္ ေလွ်ာက္လမ္းကေလးတစ္ခုလည္း ပါဝင္သည္။

စံအိမ္အတြင္း ျပင္ဆင္ထားမႈမွာ ရိုးစင္းေသာ္လည္း အျဖဴ၊ ႏို႔ႏွစ္ေရာင္၊ မီးခိုး၊ အနက္၊ အညိဳေရာင္မ်ားျဖင့္ လွပခမ္းနားသည္။

နဖူးတြင္ၪီးခ်ိဳတစ္ေခ်ာင္းပါေသာ ဒ႑ာရီလာ သိဂၤႆျမင္းရုပ္ငယ္တစ္ခုကိုလည္း အလွဆင္ထားရွိသည္အား ေတြ႔ရသည္။

(မိုင္၏ အခ်စ္ေရး)

မိုင္သည္ Pee Mak ရုပ္ရွင္၏ ဇာတ္ညႊန္းကို ေရးသားခဲ့သူ “တာ”ႏွင့္ ၂၀၁၈ ခုႏွစ္မွ စတင္ျပီး ခ်စ္ၾကိဳက္ခဲ့သည္။

တာ၏ အမည္ရင္းမွာ ခ်န္တာဗစ္ ဒါနာဆီဗီျဖစ္ျပီး တာဟုသာ လူသိမ်ားသည္။

တာသည္ Pee Mak ရုပ္ရွင္ဇာတ္ကားကို ဒါရိုက္တာႏွင့္အတူ ပူးတြဲေရးသားခဲ့ျခင္းျဖစ္ျပီး ဇာတ္ဝင္ခန္း စကားေျပာမ်ားကိုမူ တာက ေရးသားခဲ့ျခင္း ျဖစ္သည္။

သတင္းမီဒီယာတို႔က တာအား ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ မိုင္ကို မည္သည့္အခ်ိန္တြင္ စတင္ခ်စ္ၾကိဳက္ခဲ့တာလဲဟု ေမးျမန္းရာ တာက မာယာဖူးစာဇာတ္ကား ရိုက္ကူးျပီးဆံုးေတာ့မည့္ ရႈတင္ေနာက္ဆံုးေန႔တြင္ ျဖစ္ေၾကာင္း ေျဖၾကားခဲ့သည္။

တာႏွင့္ မိုင္တို႔သည္ ႏိုဝင္ဘာလသို႔ေရာက္တိုင္း အခ်စ္ႏွစ္ပတ္လည္အျဖစ္ ခရီးထြက္ေလ့ရွိျပီး ၂၀၁၉ ခုႏွစ္အတြင္း နယူးဇီလန္ႏိုင္ငံသို႔ ႏွစ္ဦးတည္း ခရီးထြက္ခဲ့ဖူးသည္။

တခါတြင္ မိုင္က တာ၏ ေမြးေန႔၌ ဘတ္စ္ကက္ေဘာကစားရန္ ဖိနပ္တစ္ရံ လက္ေဆာင္ေပးရာ မိမိ၏ ဖိနပ္ဆိုက္ဒ္ကို သိေနျခင္းေၾကာင့္ တာက အံ့အားသင့္ျပီး မည္သုိ႔သိေနသည္ကို ေမး၏။

မိုင္က တာ၏ သူငယ္ခ်င္းမ်ားထံတြင္ စံုစမ္းကာ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ဆိုသည္။

မိုင္အား ခ်စ္ၾကိဳက္ေနေၾကာင္း တာက ၂၀၁၈ ခုႏွစ္ ၊ ဇန္နဝါရီလ၊ ၂၆ ရက္တြင္ လူမႈကြန္ရက္၌ တရားဝင္ ထုတ္ေဖာ္ဝန္ခံခဲ့ရာ ထိုင္းမီဒီယာတို႔က “၂၀၁၈ ခုႏွစ္ တကယ့္လူ”(The Real Man of 2018) အျဖစ္ သတ္မွတ္ခဲ့ၾကသည္။

နာမည္ေက်ာ္တစ္ဦးက မိမိခ်စ္ၾကိဳက္ေနသူကို တရားဝင္ထုတ္ေဖာ္ဝန္ခံခဲ့ေသာေၾကာင့္ ျဖစ္သည္။

(ရွာေဖြပါ)

မိုင္ ဒါဝီကာ၏ စံအိမ္ကဲ့သို႔ လွပသည့္စံအိမ္မ်ဳိး ဝယ္ယူလိုပါက iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ရွာေဖြႏိုင္ပါသည္။ သင္၏ အၾကိဳက္ႏွင့္ ထပ္တူက်ေသာ စံအိမ္တစ္လံုးေတြ႔ရွိမည္ဟု အေသအခ်ာ ေျပာႏိုင္ ပါသည္။ ထို႔အျပင္ သင္အလိုရွိေသာ ေနအိမ္ပံုသ႑ာန္မ်ဳိးကို iMyanmarHouse.com ဝက္ဘ္ဆိုက္ အတြင္း ဝင္ေရာက္ကာ ဝယ္ယူလိုေၾကာင္း ေၾကာ္ျငာတင္ထားႏိုင္ပါသည္။

ေအာက္ပါလင့္ခ္ကို ႏွိပ္ကာ သင္ကိုယ္တိုင္ ေၾကာ္ျငာတင္ႏိုင္ပါသည္။

Post an ad for free!!! No cost to advertise at all. Click …

(https://www.imyanmarhouse.com/wanted-listings-post )

ေၾကာ္ျငာတင္ခမွာ “အခမဲ့” ျဖစ္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service