ပြည်တွင်းနေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေနှင့်ရရှိသည့် ဝင်ငွေများကို (AD) လိုင်စင်ရဘဏ်များတွင် တစ်ရက်အတွင်း မြန်မာငွေနှင့်လဲလှယ်ရမည် - Property News in Myanmar from iMyanmarHouse.com
1886 Views

ပြည်တွင်းနေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေနှင့်ရရှိသည့် ဝင်ငွေများကို (AD) လိုင်စင်ရဘဏ်များတွင် တစ်ရက်အတွင်း မြန်မာငွေနှင့်လဲလှယ်ရမည်

[Unicode]

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းနေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေနှင့်ရရှိသည့် ဝင်ငွေများကို (AD) လိုင်စင်ရဘဏ်များတွင် တစ်ရက်အတွင်း မြန်မာငွေနှင့်လဲလှယ်ရမည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ်၊ဧပြီလ ၃ ရက်က ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ပြည်ပမှရရှိသည့် နိုင်ငံခြားသုံးငွေများကို နိုငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလုပ်လုပ်ရက် (၁) ရက်အတွင်းလဲလှယ်ကြရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၈၅၀ ကျပ်ဖြင့် လဲလှယ်ပေးရမည်ဖြစ်ကြောင်း ကြော်ငြာချက်တွင်ပါရှိသည်။

ပြည်ပသို့လွှဲပြောင်းမည့် နိုင်ငံခြားသုံးငွေများကိုလည်း မြန်မာနိုင်ငံတော်၊နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆိုပါဘဏ်များကတစ်ဆင့်ဆောင်ရွက်ရမည်ဟုဖော်ပြထားသည်။

ယခုအမိန့်ကြော်ငြာစာ မတိုင်ခင်က ရောက်ရှိထားသော နိုင်ငံခြားငွေစားရင်းအသီးသီးရှိ နိုင်ငံခြားငွေများလည်း အမိန့်တွင် အကြုံးဝင်ကြောင်းဖော်ပြထားသည်။

ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များပေါ်ပေါက်ပါက သီးခြားထုတ်ပြန်ဆောင်ရွက်မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဟုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 








 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service