CHID ဘဏ်က အိမ်ရာချေးငွေ အတိုးနှုန်းတိုးမြှင့်ပြီး ချေးငွေသက်တမ်းလျှော့ချ - Property News in Myanmar from iMyanmarHouse.com
1988 Views

CHID ဘဏ်က အိမ်ရာချေးငွေ အတိုးနှုန်းတိုးမြှင့်ပြီး ချေးငွေသက်တမ်းလျှော့ချ

[Unicode]

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အိမ်ရာစီမံကိန်းတိုက်ခန်းတွေကို ချေးငွေစနစ်နဲ့ ရောင်းချရာမှာ အတိုးနှုန်း တိုးမြှင့်လိုက်ပြီး၊ ချေးငွေသက်တမ်းကိုလည်း လျှော့ချလိုက်တယ်လို့ အိမ်ယာဝယ်ယူသူတွေထံက သိရပါတယ်။

အရင်အရပ်သားအစိုးရလက်ထက်က JICA ODA Loan ချေးငွေနဲ့ အိမ်ရာတွေ ရောင်းချပေးရာမှာ အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်းကို ၈ နှစ်ကနေ ၁၅ နှစ်အထိ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ တာဝန်ယူထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာလည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ယုဇန(အပိုင်း(၄)အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုး ရေးဘဏ်(CHID Bank) ဘဏ်ရဲ့သီးခြားချေးငွေစနစ်နဲ့ down payment ၅၀ ရာခိုင်နှုန်း၊ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။

အခုအခါမှာတော့ အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပြီး၊ ချေးငွေပြန်ဆပ်ကာလကိုလည်း ၁၀ နှစ် အထိ လျော့ချလိုက်တယ်လို့ အိမ်ယာဝယ်ယူခွင့် လျှောက်ထားသူတွေထံက သိရပါတယ်။

“အရင်ကတော့ ဂျပန်ချေးငွေနဲ့၊ အခုကျတော့ဘဏ်ရဲ့ကိုယ်ပိုင်ငွေနဲ့ ချေးငွေ ချပေးတာဆိုပြီးတော့ အတိုးနှုန်းက ၁၀ ရာခိုင် နှုန်း၊ ပြန်ဆပ်ရမယ့် ကာလက အရင် ၁၅ နှစ်ကနေ အခု ၁၀ နှစ်ပြီး လျှော့လိုက်တယ်၊ ဒါတောင် ချေးငွေက လျှောက်တဲ့သူတိုင်း မရတော့ဘူး။ လုပ်ရမှာတွေလည်း ထပ်တိုးလာတယ်။ ဘဏ်အကောင့်မှာ တစ်နှစ်စာ deposit ၊ ကျန်းမာရေး အာမခံကြေး တစ်နှစ်စာ အဲဒါတွေ သွင်းထားရဦးမယ်” လို့ အိမ်ယာဝယ်ယူခွင့် လျှောက်ထားသူတစ်ဦးက ဆိုပါတယ်။

အရင်အရပ်သား အစိုးရလက်ထက်က တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေကို အတိုးနှုန်းသက်သာတဲ့ JICA ချေးငွေနဲ့ CHID Bank မှာ အိမ်ရာစုဆောင်းငွေ အနည်းဆုံး ကျပ်သိန်း ၃၀ ပြည့်မီသူတွေထဲက မဲနှိုက်ရွေးချယ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ၈ နှစ်နေ ၁၅ နှစ်အထိ လစဉ်အရစ်ကျစနစ်နဲ့ ဝယ်ယူခွင့်ရရှိသူတွေကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါဌာနအနေနဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာက အခန်းတွေကို လက်ငင်းငွေအကျေစနစ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

လာမယ့်ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၅ ရက်အထိ ဦးရာလူ၊ လက်ငင်းငွေအကျေစနစ်နဲ့ တိုက်ခန်းတွေကို ရောင်းချပေးမယ်လို့ ယင်းဌာနက ကြေညာထားတာပါ။

“ပြောတော့ ဖေဖော်ဝါရီ ၁၄ ရက်စရောင်းမယ်ဆိုပြီး၊ အခန်းကရောင်းလို့ တစ်ဝက်ကုန်နေပြီ၊ ခေတ်ပျက်၊ စနစ်ပျက်ဆိုတော့ လက်လုပ်လက်စားတွေ အတွက် အိမ်ရာက မျှော်တိုင်းဝေးနေပြီ၊ အရင်က ဘဏ်စုငွေ ပြည့်တဲ့လူတွေကို မဲနှိုက်ပြီး အရစ်ကျနဲ့ ရောင်းပေးတာ၊ အခု အငွေအကျေချေနိုင်မှ ဆိုတော့ ဘဏ်မှာငွေစုထားတဲ့ သူတွေက ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ အိမ်ရာချေးငွေရဖို့ကလဲ အရင်လောက် မလွယ်တော့ဘူး။ ဘဏ်ငွေတွေ ပြန်ထုတ်ရင်လဲ အလီလီ ပြန်ထုတ်နေရမှာဆိုတော့ အပြင်ကနေ အတိုးကြီးကြီးနဲ့ယူပြီး ငွေအကျစနစ်နဲ့ ဝယ်ရမယ့် အနေအထား ဖြစ်နေပြီလို့”တိုက်ခန်း လစဉ်အရစ်ကျစနစ်နဲ့ ဝယ်ယူဖို့ ဘဏ်မှာငွေသွင်း ထားသူတစ်ဦးက ဆိုပါတယ်။

ရောင်းချပေးမယ့် အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း တိုက်ခန်းတွေရဲ့ အခန်းတန်ဖိုးတွေကတော့ အထပ်နဲ့ အကျယ်အဝန်းအပေါ်မှာ မူတည်ပြီး ကျပ် ၁၀၆ သိန်းကနေ ၄၅၆သိန်း အထိ အဲဒီဌာနက သတ်မှတ်ထားပါတယ်။

 

Credit: DVB

 

[Zawgyi]


 











 

Credit: DVB

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service