သင့်တင့်မျှတသောဈေးနှုန်းဖြင့် room type တိုက်ခန်းကျယ်များရောင်းမည်။

ပုံကြီးချဲ့ရန် နှိပ်ပါ

  • သင့်တင့်မျှတသောဈေးနှုန်းဖြင့် room type တိုက်ခန်းကျယ်များရောင်းမည်။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 730 သိန်း (ကျပ်) - S-3569516 | iMyanmarHouse.com

6 Jan 2017 7:25 am တွင်ကြော်ငြာတင်ခဲ့သည်2421 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-3569516

သာကေတ | ရန်ကုန်တိုင်းဒေသကြီး

တိုက်ခန်း

အိပ်ခန်း 2 ခန်း ရေချိုးခန်း 3 ခန်း

ဈေးနှုန်း 730 သိန်း (ကျပ်)

မဂၤလာပါခင္ဗ်ာ...
ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြီးပြည့်စုံသော (2017) နှစ်သစ်ချိန်ခါသာမယမှာ စိတ်သစ် လူသစ် နေအိမ်သစ်တွေနဲ့ ဘဝသစ်ကိုထူထောင်ကြမယ့် လူကြီးမင်းတို့အတွက်...
ကျွန်တော်တို့ရဲ့စိတ်ကူးသစ် အတွေးသစ် ဆန်းသစ်တဲ့ idea သစ်တွေနဲ့ စေတနာ၊ဝါသနာတွေပေါင်းစပ်ပြီး Decorated & Created လုပ်ထားတဲ့ တိုက်ခန်းတစ်ခန်းရဲ့လိုအပ်ချက်တွေ (အားလုံးနီးပါး) ပြီးပြည့်စုံနေတဲ့ နေချင့်စဖွယ် Home Sweet Home ဖြစ်စေမယ့် Room Type တိုက်ခန်းကျယ်လေးတွေနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ...

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနနှင့်တက်လမ်းဆောက်လုပ်ရေးကုမ္ပဏိီတို့ အကျိုးတူပူးပေါင်းကာ RC Pile Foundation ဖြင့်(ခိုင်ခန့်လှပစွာ)စံပြဆောက်လုပ်ထားသော ..,
ရန်ကုန်မြို့ ၊ သာကေတမြို့နယ် ၊ ၁၀/တောင်ရပ်ကွက် ၊ ရတနာလမ်းသစ်လမ်းမကြီးပေါ်၊ (ရတနာလမ်းသစ်အဆင့်မြင့်အိမ်ရာ) ရှိ 35'×35' (1225 sqft) အကျယ်အဝန်းရှိပြိိီး Master Bedroom (1)ခန်း ၊ Double Bedroom (1)ခန်း ၊ 1.5 HP air-con (2)လုံး(brand new) တပ်ဆင်ထားပါသည်။
ဈေးကွက်ထဲမှာအသစ်ဝင်ရောက်လာသော Design သစ် (12 mm)အထူရှိ AC 3 quality , High Gloss Surface ပေါလစ်ပါသော Laminate Floor (ပါကေး) ခင်းကျင်းထားပြီး ၊ မီးဖိုခန်း ၊ ရေချိုးခန်း ၊ သန့်စင်ခန်းတို့ကို Thailand Made ရေမပေါက်သောကြွေပြားများခင်း/ကပ်ထားပါသည်။အလွန်ကျယ်ဝန်းသောမီးဖိုခန်းအတွင်း၌ ရှည်လျှားကျယ်ပြန့်သော Granite ကျောက်ပြားအထူခင်းထားသောမီးဖိုခုံနှင့်ပန်းကန်ဆေးဘေစင် ၊ လက်ဆေးဘေစင်တို့ပါရှိတပ်ဆင်ထားပါသည်။
Japan Made ဘိုထိုင် (cover slow down system) ၂ လုံးတပ်ဆင်ထားပြီး ၊ ရေချိုးခန်း ၃ ခန်းပါရှိပါသည်။
ရှေ့ဖက်တွင်ဝရံဒါ (၂)ခုနှင့်နောက်ဖက်တွင်(၁)ခုပါရှိပြီး မိမိတိုက်ခန်းအတွင်းမှ (၁၀၈) တောင်ဘုရား၏စေတီတော်မြတ်ကြိီးအားဖူးမျှော်ကြည်ညိုနိုင်သောအခွင့်ထူးကိုရရှိစေပါမည်။
မျက်နှာကြက်အား ဂျက်ဆင်ဘုတ်နှင့် Sport Light , Light Tray တို့ဖြင့်အလှဆင်ယင်ထားပြီး painting colour နှင့် lighting colour တို့ကို match ဖြစ်စေသော colour များအားရွေးချယ်အသုံးပြုထားပါသည်။
လျှပ်စစ်မီးဘေးအန္တရာယ်အတွက်လုံခြုံစိတ်ချရစေရန် မီးလိုင်း ၉ လိုင်းခွဲထားပြီး lighting အတွက် 1.5 , air-con , ရေခဲသေတ္တာ ၊ မီးဖို ၊ အဝတ်လျှော်စက် ၊ ရေမော်တာ တို့အတွက် 2.5 နှင့် 4 mm မီးကြိုး size ကြီးများကိုအသုံးပြုတပ်ဆင်ထားပါသည်။
မီးအား 220 အပြည့်အတက်အကျ မရှိ၍ လျှပ်စစ်ပစ္စည်းများအားလုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါသည်။
Underground Water Tank (auto running compressor) တပ်ဆင်ထားပြီး ရေတက်အားကောင်းစေရန်အတွက် တစ်ကောင်ခွဲ own motor နှင့် own meter ပါရှိပါသည်။Pressure Pump နှင့် Water Heater လည်းပါရှိပါသည်။လုံခြုံမှုအတွက် သံဘန်း ၊ sun shade ပတ်လည်ပါရှိပါသည်။
တိုက်ခန်းအတွင်းတပ်ဆင်ထားသော ဘိုထိုင်၊မီးဖိုခုံ၊ဘေစင်များ၊ကျောက်ပြားကြွေပြားများ၊ကြမ်းခင်းများ၊မီးလိုင်းရေလိုင်းများ၊air - con များ အားလုံးမှာ အသုံးမပြုရသေးသောပစ္စည်းအသစ်စက်စက်များဖြစ်၍စိတ်သန့်စွာဖြင့်အသုံးပြုနေထိုင်နိုင်ပါသည်။

မင်္ဂလာရှိသောအရှေ့အရပ်သို့မျက်နှာမူကာ တိုက်ရှေ့မျက်နှာစာတွင်အဆောက်အဦးမရှိ၍ ပဲခူးမြစ်ပြင်မှဖြတ်သန်းတိုက်ခတ်လာသော လတ်ဆပ်သောလေကောင်းလေသန့်ကို ရှုရှိုက်နိုင်သောအခွင့်အရေးကိုလည်းရရှိစေပါမည်။
ယာဉ်အသွားအလာနည်းပါးပြီးပတ်ဝန်းကျင်ကျယ်ဝန်းသန့်ရှင်းသောကြောင့်လေထုညစ်ညမ်းမှု နှင့်ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့များရှုရှိုက်ရသောနှုန်းကိုလည်းလျှော့ပါးသက်သာစေပါမည်။ယာဉ်ကြောပိတ်ဆို့မှုမရှိ၍လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စေပါမည်။
Car Parking အတွက်စိတ်အနှောင့်အယှက်ဖြစ်စရာမလိုသောနေရာဖြစ်ပြီး မြေည်ီထပ်တွင် အိမ်တွင်းနေ့စဉ်သုံးပစ္စည်းများနှင့်တစ်ကိုယ်ရည်သုံးပစ္စည်းများအား စုံလင်စွာဖြင့်အလွယ်တကူဝယ်ယူရရှိနိုင်သော Hello Mart , ပြည့် Mini Mart , City Mart နှင့် အိမ်ဆောက်ပစ္စည်းနှင့်တခြားအရောင်းဆိုင်များတည်ရှိပါသည်။မလှမ်းမကမ်းတွင် HORIZON International School ၊ ရှုခင်းသာ ၊ စိတ်တိုင်းကျလ္ဘက်ရည်ဆိုင် နှင့်ဘဏ်များ ၊ ဈေးများ ၊ ကျောင်းများနှင့်ကားမှတ်တိုင်တို့တည်ရှိပါသည်။

မကြာမီဖွံ့ဖြိုး စည်ကားလာမည့်သီလဝါစက်မှုဇုံသို့ 10 to 15 မိနစ်နှင့် မဟာဗန္ဓုလတံတားကိုဖြတ်၍ ဗိုလ်တထောင်မြို့နယ်သို့ 5 to 10 မိနစ်အတွင်း သွားလာနိုင်ပါသည်။

ဝယ်ယူသူ၏ပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် နားလည်တတ်ကျွမ်းသော ရှေ့နေကြိီးများရှေ့မှောက်၌စာချုပ်ချုပ်ဆိုပေးမည်ဖြစ်ပြိီးလိုအပ်ပါက သတင်းစာကြော်ငြာခနှင့်ရှေ့နေဝန်ဆောင်ခတို့ကိုရောင်းချသူမှကျခံပေးပါမည်။အိုးအိမ်ဦးစီးဋ္ဌာနမှ ချထားပေးသော owner book မူရင်းနှင့် ဝယ်ယူသူ၏အမည်ဖေါက်နိုင်ရန်အတွက်လည်း GP လွှဲပြောင်းပေးအပ်ပါမည်။

ဆိုဈေး
------
ပထမထပ်(ထောင့်ခန်း) --- သိန်း - 790 (negotiable)

ဒုတိယထပ် --သိန်း-730(negotiable)

ဆက်သွယ်ရန်
----------------
Ko Aung Myint Oo

HORIZON Real Estate and Home Decoration

?09. 5140630 (Hot Line)(24 hr)
?09785140630
?09965140630
?09445140630
,,,,,,,,,,,,,,,,,,,,,,,,,,,,,,
+6582804933 (Viber)
+9595140630.(WhatsApp)
,,,,,,,,,,,,,,,,,,,,,,,,,,,,,,

Remark ;
---------
(1) ဝယ်ယူသူမှမကြာမီဖွံ့ဖြိုးစည်ကားလာမည့်သီလဝါစက်မှုဇုန်တွင်လာရောက်အလုပ်လုပ်ကိုင်မည့်ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသင်္ဘောလိုင်းများအားဋ္ဌားရမ်းပါကဈေးကောင်းရရှိနိုင်ပါသည်။အကယ်၍ဂျပန်လူမျိုးများအားဋ္ဌားရမ်းရောင်းချပါက စကားပြန်အခမဲ့လိုက်လံဆောင်ရွက်ပေးပါမည်။

(2) ပိုင်ရှင်မှတိုက်ရိုက်ရောင်းချမည်ဖြစ်ပါသောကြောင့်အကျိုးဆောင်များအား အကျိုးဆောင်ရွက်ခ 2% အပြည့်ချီးမြှင့်ပေးပါမည်။

(3) ယခုရောင်းချမည့်တိုက်ခန်း(အဆောက်အဥိီး)သည် လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ၏အတွေ့အကြုံရင့်ကျက်သောထိပ်သီး Engineer ကြီးများမှ အဆောက်အဦး၏ခိုင်ခန့်လှပမှုအတွက် Structure / Structural ပိုင်းအားစနစ်တကျ စီစဉ်တွက်ချက်ပြီး RC pile foundation ဖြင့်ဆောက်လုပ်ထားပြီး Vertical ကျ,နစွာ Spirit Level ဖြင့်အကြိမ်ကြိမ်စစ်ဆေးကာ Cut Off Level ထက်ပိုမရိုက်ဘဲ ...
Water : Cement Ration ကိုလည်း အချိုးအစားမှန်ကန်စွာ Design Mix Formular အတိုင်းဖျော်စပ်ထားသောကြောင့် အဆောက်အဦးအလွန်ခိုင်ခန့်ပြိီး ၄ ခန်းတွဲ ၅ ထပ်တိုက်ဖြစ်၍ထုထည်ကြီးမားကာ လုံခြုံစိတ်ချစွာနေထိုင်နိုင်သော တိုက်ခန်းတစ်ခန်း၏အဓိကလိုအပ်ချက်များ (အားလုံးနိိီးပါး)ပြည့်စုံသော Home Sweet Home ဖြစ်စေမယ့်တိုက်ခန်းများဖြစ်ကြောင်းကိုလေးစားစွာဖြင့်မိတ်ဆက်တင်ပြလိုက်ရပါသည်။

(4) အိုးအိမ်ဦးစီးဋ္ဌာနမှနိုင်ငံ့အကျိုးပြုအရာရှိ အရာခံများကိုသာချထားပေးသော အဆင့်မြင့်အိမ်ရာဖြစ်၍ လူရည်သန့်လူကြီးလူကောင်းများစုဝေးရာနေရာဖြစ်သောကြောင့် ကိုယ် စိတ် နှလုံးချမ်းမြေ့ လုံခြုံစွာနေထိုင်နိုင်မည့်နေရာတစ်ခုဖြစ်ပါသည်။

(5) ရောင်းလိုအားနည်းပြီးဝယ်လိုအားသာများနေသောနေရာဖြစ်သောကြောင့် ရတနာလမ်းသစ်အိမ်ရာ(တက်လမ်းအိမ်ရာ)၌ တိုက်ခန်းတစ်ခန်းပိုင်ဆိုင်မှုဖြင့် မိမိတို့၏လူနေထိုင်မှုအဆင့်အတန်းကိုမြင့်မားဂုဏ်တက်စေမှာအမှန်ပါ။

အချိန်ပေးဖတ်ရှုကြပါသောလူကြိီးမင်းများအားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^

AMO____

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • အလုံးစုံ ပြင်ဆင်ပြီး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

အခြား ရောင်းရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

သာကေတမြို့နယ် ရောင်းရန် အိမ်ခြံမြေများ