ကိုဗစ်မကူးစေရန် ၂ ရက်နှင့်အထက် ကာကွယ်ပေးနိုင်သော နှာခေါင်းဖြန်းဆေး လာမည့်နွေတွင် စတင်ရောင်းချဖွယ်ရှိ

ကိုဗစ်မကူးစေရန် ၂ ရက်နှင့်အထက် ကာကွယ်ပေးနိုင်သော နှာခေါင်းဖြန်းဆေး လာမည့်နွေတွင် စတင်ရောင်းချဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Jan 2021 11:06 am တွင် တင်ခဲ့သည်
4277 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သုတေသနပညာရှင်တို့သည် Covid-19 ရောဂါကူးစက်မှုကို ၂ ရက်နှင့်အထက် အကာအကွယ်သော နှာခေါင်းဖြန်းဆေးတစ်မျိုးကို တီထွင် ထုတ်လုပ်ခဲ့ကြပြီး လအနည်းငယ်အတွင်း ဆေးဆိုင်များတွင် ရရှိနိုင်ဖွယ်ရှိနေသည်။

အဆိုပါ နှာခေါင်းဖြန်းဆေးကို ဆေးဘက်သုံးအတွက် အတည်ပြုထားပြီးဖြစ်သော ပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အသုံးပြုခွင့်အတွက် အခြားအတည်ပြုချက်ရယူရန် မလိုအပ်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဘာမင်ဂမ်တက္ကသိုလ် (University of Birmingham) မှ သိပ္ပံပညာရှင်တို့က လက်ရှိအားဖြင့် နာမည်မပေးရသေးသည့် အဆိုပါ နှာခေါင်းဖြန်းဆေးကို ပြီးခဲ့သောနှစ် ဧပြီလကတည်းက စမ်းသပ်နေခဲ့ကြခြင်း ဖြစ်သည်။

သုတေသနခေါင်းဆောင်ဖြစ်သူ ဒေါက်တာ Richard Moakes က The Sunday Telegraph သတင်းဌာနသို့ ပြောရာတွင် ယခု နှာခေါင်းဖြန်းဆေးသည် လူမှုအလှမ်းခွါရမှုများကို အဆုံးသတ်စေကာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်စေရန် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

“ဈေးကွက်ကို ရောက်တော့မယ့် ဒီထုတ်ကုန်နဲ့ ပတ်သက်ပြီး ထိပ်တန်းကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ စကားပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ဖြစ်နိုင်သမျှမြန်မြန် အကျိုးသက်ရောက်မှုတစ်ခုခု လုပ်ပေးနိုင်ဖို့ပါ။ လာမယ့်နွေမှာ ဒါတွေဖြစ်လာတာ တွေ့ရဖွယ် ရှိပါတယ်” ဟု ဒေါက်တာ ရစ်ချစ်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါ နှာခေါင်းဖြန်းဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို နှာခေါင်းအတွင်းတွင် အကာအလွှာတစ်ခုဖြင့်အုပ်လိုက်ကာ ဖမ်းချုပ်လိုက်ခြင်းဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ပေးခြင်း ဖြစ်သည်။

ထိုသို့အားဖြင့် ဗိုင်းရပ်စ်မှာ အကာအတွင်းမှ ရုန်းမထွက်နိုင်တော့ဘဲ အသက်မဲ့ကာ အန္တရာယ်မရှိတော့ခြင်း ဖြစ်သည်။

နှာခေါင်းဖြန်းဆေးကို တစ်ရက်လျှင် ၄ ကြိမ်အသုံးပြုပါက ရောဂါကာကွယ်မှုအတွက် လုံလောက်နိုင်မည်ဟု သုတေသနပညာရှင်တို့က ယုံကြည်သည်။

သို့သော် ကူးစက်နိုင်ချေ မြင့်မားသည့် နေရာမျိုးတွင် နေထိုင်ရပါက မိနစ် ၂၀ လျှင်တစ်ကြိမ် နှာခေါင်းဖြန်းဆေးအသုံးပြုခြင်းမှာ ပိုမိုစိတ်ချရသည်ဟု ဆိုသည်။

အင်္ဂလန်အရှေ့တောင်ပိုင်း ဆာရေးခရိုင်ရှိ စိန့်ပီတာဆေးရုံ (St Peter's hospital) မှ ဗိုင်းရပ်စ် ဓာတ်ခွဲခန်းတစ်ခုက ကိုရိုနာဗိုင်းရပ်စ်ကို ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သုတ်သင်ပေးနိုင်သော နှာခေါင်းဖြန်းဆေးတစ်မျိုး စမ်းသပ်နေကြောင်း ပြောကြားခဲ့ပြီးနောက် ယခုသတင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ နှာခေါင်းဖြန်းဆေးကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့အခြေစိုက် SaNOtize သုတေသနနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (SaNOtize Research and Development Corp) က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး SaNOtize နိုက်ထရစ်အောက်ဆိုက်ဒ် နှာခေါင်းဖြန်းဆေး (NONS) ဟု အမည်ပေးထားသည်။

သီးခြားလွတ်လပ်သော ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ အဆိုပါနှာခေါင်းဖြန်းဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ၉၉ ဒသမ ၉ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရသည်ဟု ဆိုသည်။

လန်ဒန်မြို့မှ ၁၉ မိုင်အကွာ ဆာရေးခရိုင်တွင် တည်ရှိသော ရွိုင်ရယ် ဟော်လိုဝေး လန်ဒန်တက္ကသိုလ် (RHUL) မှ နှလုံးသွေးကြော သုတေသန အင်စတီကျု၏ ဒါရိုက်တာ၊ ဦးနှောက်နှင့် အာရုံကြောပညာ ပါမောက္ခ ပန်ကက် ရှားမား(Pankaj Sharma) က “ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဘယ်လိုပါဝင်လာမှုမျိုးကိုမဆို ကြိုဆိုရမှာပါ။ လွယ်လွယ်နဲ့ ရိုးရိုးရှင်းရှင်းသုံးနိုင်တဲ့ နှာခေါင်းဖြန်းဆေးဟာ ထိရောက်မှုရှိတယ်ဆိုတာ ကြိုဆိုရမယ့်သတင်းပါ။ ကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကုသရေး လက်နက်တွေ အဆင့်မြင့်လာစေပါတယ် ”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nasal spray 'that can stop you catching Covid for up to two days' could be sold in high street pharmacies by summer (dailymail)

 

[Zawgyi]

ကိုဗစ္မကူးေစရန္ ၂ ရက္ႏွင့္အထက္ ကာကြယ္ေပးႏိုင္ေသာ ႏွာေခါင္းျဖန္းေဆး လာမည့္ေႏြတြင္ စတင္ေရာင္းခ်ဖြယ္ရွိ

သုေတသနပညာရွင္တုိ႔သည္ Covid-19 ေရာဂါကူးစက္မႈကို ၂ ရက္ႏွင့္အထက္ အကာအကြယ္ေသာ ႏွာေခါင္းျဖန္းေဆးတစ္မ်ဳိးကို တီထြင္ ထုတ္လုပ္ခဲ့ၾကျပီး လအနည္းငယ္အတြင္း ေဆးဆိုင္မ်ားတြင္ ရရွိႏိုင္ဖြယ္ရွိေနသည္။

အဆိုပါ ႏွာေခါင္းျဖန္းေဆးကို ေဆးဘက္သံုးအတြက္ အတည္ျပဳထားျပီးျဖစ္ေသာ ပါဝင္ပစၥည္းမ်ားျဖင့္ ထုတ္လုပ္ထားျခင္းျဖစ္သည္။ အသံုးျပဳခြင့္အတြက္ အျခားအတည္ျပဳခ်က္ရယူရန္ မလိုအပ္ဟု ဆိုလိုျခင္း ျဖစ္သည္။

ဘာမင္ဂမ္တကၠသုိလ္ (University of Birmingham) မွ သိပၸံပညာရွင္တို႔က လက္ရွိအားျဖင့္ နာမည္မေပးရေသးသည့္ အဆိုပါ ႏွာေခါင္းျဖန္းေဆးကို ျပီးခဲ့ေသာႏွစ္ ဧျပီလကတည္းက စမ္းသပ္ေနခဲ့ၾကျခင္း ျဖစ္သည္။

သုေတသနေခါင္းေဆာင္ျဖစ္သူ ေဒါက္တာ Richard Moakes က The Sunday Telegraph သတင္းဌာနသို႔ ေျပာရာတြင္ ယခု ႏွာေခါင္းျဖန္းေဆးသည္ လူမႈအလွမ္းခြါရမႈမ်ားကို အဆံုးသတ္ေစကာ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေစရန္ အေထာက္အကူျပဳမည္ဟု ယံုၾကည္ေၾကာင္း ေျပာၾကားသည္။

“ေစ်းကြက္ကို ေရာက္ေတာ့မယ့္ ဒီထုတ္ကုန္နဲ႔ ပတ္သက္ျပီး ထိပ္တန္းကုမၸဏီေတြနဲ႔ ကၽြန္ေတာ္တို႔ စကားေျပာခဲ့ျပီးပါျပီ။ ကၽြန္ေတာ္တို႔ ရည္မွန္းခ်က္ကေတာ့ ျဖစ္ႏိုင္သမွ်ျမန္ျမန္ အက်ဳိးသက္ေရာက္မႈတစ္ခုခု လုပ္ေပးႏိုင္ဖို႔ပါ။ လာမယ့္ေႏြမွာ ဒါေတြျဖစ္လာတာ ေတြ႔ရဖြယ္ ရွိပါတယ္” ဟု ေဒါက္တာ ရစ္ခ်စ္က ျဖည့္စြက္ေျပာၾကားသည္။

အဆိုပါ ႏွာေခါင္းျဖန္းေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ကို ႏွာေခါင္းအတြင္းတြင္ အကာအလႊာတစ္ခုျဖင့္အုပ္လိုက္ကာ ဖမ္းခ်ဳပ္လိုက္ျခင္းျဖင့္ ေရာဂါကူးစက္မႈကို ကာကြယ္ေပးျခင္း ျဖစ္သည္။

ထိုသို႔အားျဖင့္ ဗိုင္းရပ္စ္မွာ အကာအတြင္းမွ ရုန္းမထြက္ႏိုင္ေတာ့ဘဲ အသက္မဲ့ကာ အႏၱရာယ္မရွိေတာ့ျခင္း ျဖစ္သည္။

ႏွာေခါင္းျဖန္းေဆးကို တစ္ရက္လွ်င္ ၄ ၾကိမ္အသံုးျပဳပါက ေရာဂါကာကြယ္မႈအတြက္ လံုေလာက္ႏိုင္မည္ဟု သုေတသနပညာရွင္တို႔က ယုံၾကည္သည္။

သို႔ေသာ္ ကူးစက္ႏိုင္ေခ် ျမင့္မားသည့္ ေနရာမ်ဳိးတြင္ ေနထိုင္ရပါက မိနစ္ ၂၀ လွ်င္တစ္ၾကိမ္ ႏွာေခါင္းျဖန္းေဆးအသံုးျပဳျခင္းမွာ ပိုမိုစိတ္ခ်ရသည္ဟု ဆိုသည္။

အဂၤလန္အေရွ႕ေတာင္ပိုင္း ဆာေရးခရိုင္ရွိ စိန္႔ပီတာေဆးရံု (St Peter's hospital) မွ ဗိုင္းရပ္စ္ ဓာတ္ခြဲခန္းတစ္ခုက ကိုရိုနာဗိုင္းရပ္စ္ကို ၉၉ ဒသမ ၉ ရာခိုင္ႏႈန္းအထိ သုတ္သင္ေပးႏိုင္ေသာ ႏွာေခါင္းျဖန္းေဆးတစ္မ်ဳိး စမ္းသပ္ေနေၾကာင္း ေျပာၾကားခဲ့ျပီးေနာက္ ယခုသတင္း ေပၚေပါက္လာျခင္း ျဖစ္သည္။

အဆိုပါ ႏွာေခါင္းျဖန္းေဆးကို ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားျမိဳ႕အေျခစိုက္ SaNOtize သုေတသနႏွင့္ ဖြံ႔ျဖိဳးေရး ေကာ္ပိုေရးရွင္း (SaNOtize Research and Development Corp) က ထုတ္လုပ္ခဲ့ျခင္းျဖစ္ျပီး SaNOtize ႏိုက္ထရစ္ေအာက္ဆိုက္ဒ္ ႏွာေခါင္းျဖန္းေဆး (NONS) ဟု အမည္ေပးထားသည္။

သီးျခားလြတ္လပ္ေသာ ဓာတ္ခြဲခန္း စမ္းသပ္ခ်က္မ်ားအရ အဆိုပါႏွာေခါင္းျဖန္းေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ကို ၉၉ ဒသမ ၉ ရာခိုင္ႏႈန္း ထိေရာက္စြာ ကာကြယ္ေပးႏိုင္ေၾကာင္း ေတြ႔ရသည္ဟု ဆိုသည္။

လန္ဒန္ျမိဳ႕မွ ၁၉ မိုင္အကြာ ဆာေရးခရိုင္တြင္ တည္ရွိေသာ ရြိဳင္ရယ္ ေဟာ္လိုေဝး လန္ဒန္တကၠသိုလ္ (RHUL) မွ ႏွလံုးေသြးေၾကာ သုေတသန အင္စတီက်ဳ၏ ဒါရိုက္တာ၊ ဦးေႏွာက္ႏွင့္ အာရံုေၾကာပညာ ပါေမာကၡ ပန္ကက္ ရွားမား(Pankaj Sharma) က “ကိုရိုနာဗိုင္းရပ္စ္ ကုသေရးအတြက္ ဘယ္လိုပါဝင္လာမႈမ်ဳိးကိုမဆို ၾကိဳဆိုရမွာပါ။ လြယ္လြယ္နဲ႔ ရိုးရိုးရွင္းရွင္းသံုးႏိုင္တဲ့ ႏွာေခါင္းျဖန္းေဆးဟာ ထိေရာက္မႈရွိိတယ္ဆိုတာ ၾကိဳဆိုရမယ့္သတင္းပါ။ ကပ္ေဘးကို ရင္ဆုိင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ ကုသေရး လက္နက္ေတြ အဆင့္ျမင့္လာေစပါတယ္ ”ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nasal spray 'that can stop you catching Covid for up to two days' could be sold in high street pharmacies by summer (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service