ကန်ထရိုက်မှတ်ပုံတင် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁,၃၇၀ ကျော်အား ဝက်ဆိုဘ်တွင် တိုက်ဆိုင်စစ်ဆေးနိုင်

ကန်ထရိုက်မှတ်ပုံတင် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁,၃၇၀ ကျော်အား ဝက်ဆိုဘ်တွင် တိုက်ဆိုင်စစ်ဆေးနိုင် - Property News in Myanmar from iMyanmarHouse.com
22 Jan 2021 11:48 am တွင် တင်ခဲ့သည်
1339 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကန်ထရိုက်မှတ်ပုံတင်လက်မှတ်ရရှိပြီးသည့် ကုမ္ပဏီစာရင်းအား သိရှိနိုင်စေရန် ၊ အတုအပ မပြုလုပ်နိုင်စေရန် အတွက် တိုက်ဆိုင်စစ်ဆေးနိုင်ရန်နှင့် သက်တမ်းကုန်ဆုံးနေသော ကုမ္ပဏီများ သိရှိနိုင်ရန် ၂၀၂၁ ဇန်နဝါရီလ ထိ ဆောက်လုပ်ရေးဝန် ကြီးဌာနတွင် ကန်ထရိုက်မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၁,၃၇၀ ကျော်အား ဆောက်လုပ်ရေးဝန်ကြီးဌာန(Ministry of Construction) ၏ ဖေ့ဘွတ်ပေ့ဂျ်နှင့် ဝက်ဆိုဘ်တွင်ဝင် ရောက်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများ ကန်ထရိုက် မှတ်ပုံတင်ရေး လုပ်ငန်းကော်မတီမှသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကန်ထရိုက်မှတ်ပုံတင်ထားသည့် အရည်အသွေးထိန်းသိမ်းရေး ကုမ္ပဏီ (Quality Control )၂၅ ခု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အကြံပေးသော ကုမ္ပဏီ (Engineering Consultant) ၈ ခု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှု ပေးသော ကုမ္ပဏီ (Service)၁၅ ခု၊ တည်ဆောက်ရေး ကုမ္ပဏီ (Construction) ၁၂၉၀ ခု၊နှင့် အဓိကတည်ဆောက်ရေးပစ္စည်းပေးသွင်းသည့် ကုမ္ပဏီ(Trading) ၃၄ ခု စုစုပေါင်း ကန်ထရိုက်မှတ်ပုံတင်ကုမ္ပဏီ ၁,၃၇၂ ခု၏ စာရင်းအား စစ်ဆေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ၂၀၂၀ ဒီဇင်ဘာလအတွင်းက ဆောက်လုပ်ရေးဝန် ကြီးဌာနတွင် ကန်ထရိုက်မှတ်ပုံတင်ထားသော ကုမဏီများဖြစ်သည့်အရည်အသွေးစစ်ဆေးရေးကုမ္ပဏီ ၁၄ ခု၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ အကြံဉာဏ် ပေးသည့် ကုမ္ပဏီ ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင် မှုပေးသော ကုမ္ပဏီ ရှစ်ခု၊ တည်ဆောက်ရေး ကုမ္ပဏီ ၁,၁၃၃ ခုနှင့် အဓိကတည်ဆောက် ရေးပစ္စည်းပေးသွင်းသည့် ကုမ္ပဏီ ၂၆ ခု စုစုပေါင်း ၁,၁၈၅ ခုအား ကုမ္ပဏီ လုပ်ငန်းနယ်ပယ်၊ ကန်ထရိုက်မှတ်ပုံတင်နံပါတ်များ ထုတ်ပေးထား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီများ အား အသိအမှတ်ပြုလက်မှတ်များအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ လေးနှစ်တာကာလ အတွင်း ကုမ္ပဏီပေါင်း ၁,၃၇၀ ကျော်ထိ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီများအား ကန်ထရိုက်မှတ်ပုံတင်နိုင်ရေး ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက စတင်လျောက်ထား ခဲ့ခြင်းဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကန္ထ႐ိုက္မွတ္ပုံတင္ ေဆာက္လုပ္ေရး ကုမၸဏီေပါင္း ၁,၃၇၀ ေက်ာ္အား ဝက္ဆိုဘ္တြင္ တိုက္ဆိုင္စစ္ေဆးႏိုင္

ကန္ထ႐ိုက္မွတ္ပုံတင္လက္မွတ္ရ႐ွိၿပီးသည့္ ကုမၸဏီစာရင္းအား သိ႐ွိႏိုင္ေစရန္ ၊ အတုအပ မျပဳလုပ္ႏိုင္ေစရန္ အတြက္ တိုက္ဆိုင္စစ္ေဆးႏိုင္ရန္ႏွင့္ သက္တမ္းကုန္ဆုံးေနေသာ ကုမၸဏီမ်ား သိ႐ွိႏိုင္ရန္ ၂၀၂၁ ဇန္နဝါရီလ ထိ ေဆာက္လုပ္ေရးဝန္ ႀကီးဌာနတြင္ ကန္ထ႐ိုက္မွတ္ပုံတင္ထားသည့္ ေဆာက္လုပ္ေရးကုမၸဏီ ၁,၃၇၀ ေက်ာ္အား ေဆာက္လုပ္ေရးဝန္ႀကီးဌာန(Ministry of Construction) ၏ ေဖ့ဘြတ္ေပ့ဂ်္ႏွင့္ ဝက္ဆိုဘ္တြင္ဝင္ ေရာက္ၾကည့္႐ႈစစ္ေဆးႏိုင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ကုမၸဏီမ်ား ကန္ထ႐ိုက္ မွတ္ပုံတင္ေရး လုပ္ငန္းေကာ္မတီမွသိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနတြင္ ကန္ထ႐ိုက္မွတ္ပုံတင္ထားသည့္ အရည္အေသြးထိန္းသိမ္းေရး ကုမၸဏီ (Quality Control )၂၅ ခု၊ အင္ဂ်င္နီယာပညာရပ္ဆိုင္ရာ အၾကံေပးေသာ ကုမၸဏီ (Engineering Consultant) ၈ ခု၊ အင္ဂ်င္နီယာပညာရပ္ဆိုင္ရာ ဝန္ေဆာင္မႈ ေပးေသာ ကုမၸဏီ (Service)၁၅ ခု၊ တည္ေဆာက္ေရး ကုမၸဏီ (Construction) ၁၂၉၀ ခု၊ႏွင့္ အဓိကတည္ေဆာက္ေရးပစၥည္းေပးသြင္းသည့္ ကုမၸဏီ(Trading) ၃၄ ခု စုစုေပါင္း ကန္ထ႐ိုက္မွတ္ပုံတင္ကုမၸဏီ ၁,၃၇၂ ခု၏ စာရင္းအား စစ္ေဆးႏိုင္မည္ျဖစ္သည္။

ထို႔ျပင္ ၂၀၂၀ ဒီဇင္ဘာလအတြင္းက ေဆာက္လုပ္ေရးဝန္ ႀကီးဌာနတြင္ ကန္ထ႐ိုက္မွတ္ပုံတင္ထားေသာ ကုမဏီမ်ားျဖစ္သည့္အရည္အေသြးစစ္ေဆးေရးကုမၸဏီ ၁၄ ခု၊ အင္ဂ်င္နီယာ ပညာရပ္ဆိုင္ရာ အၾကံဉာဏ္ ေပးသည့္ ကုမၸဏီ ၊ အင္ဂ်င္နီယာပညာရပ္ဆိုင္ရာ ဝန္ေဆာင္ မႈေပးေသာ ကုမၸဏီ ႐ွစ္ခု၊ တည္ေဆာက္ေရး ကုမၸဏီ ၁,၁၃၃ ခုႏွင့္ အဓိကတည္ေဆာက္ ေရးပစၥည္းေပးသြင္းသည့္ ကုမၸဏီ ၂၆ ခု စုစုေပါင္း ၁၁၈၅ ခုအား ကုမၸဏီ လုပ္ငန္းနယ္ပယ္၊ ကန္ထ႐ိုက္မွတ္ပုံတင္နံပါတ္မ်ား ထုတ္ေပးထား ခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ ေနျပည္ေတာ္ေကာင္စီႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕မ်ား၏ လုပ္ငန္းမ်ားကို ကန္ထ႐ိုက္စနစ္ျဖင့္ ေဆာင္႐ြက္လိုသည့္ ကုမၸဏီမ်ား အား အသိအမွတ္ျပဳလက္မွတ္မ်ားအား ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္မွစတင္ကာ ေလးႏွစ္တာကာလ အတြင္း ကုမၸဏီေပါင္း ၁,၃၇၀ ေက်ာ္ထိ ထုတ္ေပးခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ ေနျပည္ေတာ္ေကာင္စီႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕မ်ား၏ လုပ္ငန္းးမ်ားကို ကန္ထ႐ိုက္စနစ္ျဖင့္ ေဆာင္႐ြက္လိုသည့္ ကုမၸဏီမ်ားအား ကန္ထ႐ိုက္မွတ္ပုံတင္ႏိုင္ေရး ၂၀၂၀ ခုႏွစ္ စက္တင္ဘာလအတြင္းက စတင္ေလ်ာက္ထား ခဲ့ျခင္းျဖစ္သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service