Covid-19 ကာကွယ်ဆေးများ ထုတ်လုပ်နေသော အိန္ဒိယမှ ကမ္ဘာ့အကြီးမားဆုံးကာကွယ်ဆေးစက်ရုံကြီး မီးလောင်ကျွမ်း

Covid-19 ကာကွယ်ဆေးများ ထုတ်လုပ်နေသော အိန္ဒိယမှ ကမ္ဘာ့အကြီးမားဆုံးကာကွယ်ဆေးစက်ရုံကြီး မီးလောင်ကျွမ်း - Property News in Myanmar from iMyanmarHouse.com
22 Jan 2021 11:24 am တွင် တင်ခဲ့သည်
1378 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၊ ပြွန်းမြို့ (Pune) တွင် ကမ္ဘာ့အကြီးမားဆုံးကာကွယ်ဆေးကုမ္ပဏီကြီးဖြစ်သော Serum Institute of India (SII) ၏ ကာကွယ်ဆေးစက်ရုံကြီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး မီးငြိမ်းသတ်ခဲ့ပြီးနောက် နာရီပိုင်းသာ ကြာမြင့်သေးချိန်တွင် တစ်ခုတည်းသော အဆောက်အအုံတွင်ပင် ထပ်မံ၍ မီးလောင်ကျွမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

အစောပိုင်းတွင် မီးလောင်ကျွမ်းခဲ့မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ရသည်။ ပြွန်းမြို့တော်ဝန်က ပြောကြားရာတွင် သေဆုံးခဲ့သူ ၅ ဦးမှာ ကာကွယ်ဆေးစက်ရုံ၏ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုမှ အလုပ်သမားများဖြစ်ကြပြီး မီးထဲတွင် အသက်ဆုံးရှုံးခဲ့ကြရကြောင်း ပြောကြားသည်။

အဆိုပါကာကွယ်ဆေးစက်ရုံသည် Oxford-AstraZeneca ၏ ကာကွယ်ဆေးနည်းစနစ်များအတိုင်း ထုတ်လုပ်ထားသည့် Covishield ကာကွယ်ဆေးကို ထုတ်လုပ်သည့်နေရာလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ပြောရာတွင် အဆိုပါအဆောက်အအုံမှ လူ ၉ ဦးကို ရွှေ့ပြောင်းပေးထားခဲ့ကြောင်း ပြောကြားသည်။

Serum Institute of India ၏ အမှုဆောင်အရာရှိချုပ် အဒါ ပူနာဗာလာ (Adar Poonawalla) က အစောပိုင်းတွင် ပြောခဲ့သည်မှာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ၊ ကြီးမားသည့် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း ပြောခဲ့သော်လည်း နောက်ပိုင်းတွင်မူ လူသေဆုံးမှုအချို့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယခုဖြစ်ရပ်သည် Covid-19 ကာကွယ်ဆေးထုတ်လုပ်နေမှုကို ထိခိုက်စေမည်မဟုတ်ကြောင်းလည်း ပူနာဗာလာက ပြောသည်။

“စိတ်ပူပေး၊ ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အရေးအကြီးဆုံးက မီးကြောင့် အထပ်အချို့ပျက်စီးခဲ့ပေမယ့် ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရမှု၊ အသက်ဆုံးရှုံးမှုတွေ မရှိခဲ့ပါဘူး” ဟု ပူနာဗာလာက တွစ်တာတွင် ရေးသားခဲ့သည်။

“အစိုးရအဖွဲ့တွေနဲ့ ပြည်သူတွေအားလုံးကို အခိုင်အမာပြောလိုတာက COVISHIELD ကာကွယ်ဆေး ထုတ်လုပ်မှု ရပ်ဆိုင်းသွားမှာ မဟုတ်ပါဘူး။ ဒီလို အရေးပေါ်အခြေအနေတွေအတွက် ကျွန်တော်ကြိုတင်စီစဉ်ထားတဲ့ ထုတ်လုပ်ရေးအဆောက်အအုံတွေ ကြိုတင်စီစဉ်ထားတာ ရှိပါတယ်” ဟုလည်း ပူနာဗာလာက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူတို့၏ မိသားစုများအား ဝမ်းနည်းကြောင်း သတင်းစကား ပေးပို့ခဲ့သည်။

ရဲတပ်ဖွဲ့က ပြောကြားရာတွင် Serum Institute ၏ ကာကွယ်ဆေးစက်ရုံမှ SEZ 3 အဆောက်အအုံ၏ ၄ လွှာနှင့် ၅ လွှာတို့တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂ နာရီအတွင်း မီးကို ထိန်းနိုင်ခဲ့ကြောင်း ပြောကြားသည်။

မဟာရပ်ရှ်တရာပြည်နယ် လက်ထောက်ဝန်ကြီးချုပ် အဂျစ် ပါဝါက ပြောကြားရာတွင် မီးလောင်မှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်ရန် ပြည်နယ်အစိုးရက အမိန့်ထုတ်ထားကြောင်း ပြောကြားသည်။

Serum Institute သည် ဇန်နဝါရီ ၁၆ ရက်မှ စတင်သော အိန္ဒိယပြည်သူများအား အလုံးအရင်း ကာကွယ်ဆေး ထိုးနှံပေးမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ယင်းမှထုတ်လုပ်သော ကာကွယ်ဆေး သန်းပေါင်းများစွာကို ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့လည်း ပို့ဆောင်ပေးလျက်ရှိသည်။

အိန္ဒိယတွင် Covishield နှင့် Covaxin ဟူသော Covid-19 ကာကွယ်ဆေး ၂ မျိုးကို ထုတ်လုပ်ထားသည်။

Oxford-AstraZeneca နှင့် လက်တွဲထုတ်လုပ်သော Covishield ကို Serum Institute of India (SII) က ထုတ်လုပ်ခြင်းဖြစ်ပြီး Covaxin ကိုမူ အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရက်ဘက်ဒ်မြို့ အခြေစိုက် Bharat Biotech ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Fire again breaks out in Serum Institute in Pune(wionews)

 

[Zawgyi]

Covid-19 ကာကြယ္ေဆးမ်ား ထုတ္လုပ္ေနေသာ အိႏိၵယမွ ကမၻာ့အၾကီးမားဆံုးကာကြယ္ေဆးစက္ရံုၾကီး မီးေလာင္ကၽြမ္္း

အိႏိၵယႏိုင္ငံ၊ ျပြန္းျမိဳ႕ (Pune) တြင္ ကမၻာ့အၾကီးမားဆံုးကာကြယ္ေဆးကုမၸဏီၾကီးျဖစ္ေသာ Serum Institute of India (SII) ၏ ကာကြယ္ေဆးစက္ရံုၾကီးတြင္ မီးေလာင္ကၽြမ္းမႈျဖစ္ပြားျပီး မီးျငိမ္းသတ္ခဲ့ျပီးေနာက္ နာရီပိုင္းသာ ၾကာျမင့္ေသးခ်ိန္တြင္ တစ္ခုတည္းေသာ အေဆာက္အအံုတြင္ပင္ ထပ္မံ၍ မီးေလာင္ကၽြမ္းမႈမ်ား ေပၚေပါက္ခဲ့သည္။

အေစာပိုင္းတြင္ မီးေလာင္ကၽြမ္းခဲ့မႈေၾကာင့္ အနည္းဆံုး လူ ၅ ဦးေသဆံုးခဲ့ရသည္။ ျပြန္းျမိဳ႕ေတာ္ဝန္က ေျပာၾကားရာတြင္ ေသဆံုးခဲ့သူ ၅ ဦးမွာ ကာကြယ္ေဆးစက္ရံု၏ ေဆာက္လုပ္ဆဲ အေဆာက္အအံုတစ္ခုမွ အလုပ္သမားမ်ားျဖစ္ၾကျပီး မီးထဲတြင္ အသက္ဆံုးရံႈးခဲ့ၾကရေၾကာင္း ေျပာၾကားသည္။

အဆိုပါကာကြယ္ေဆးစက္ရံုသည္ Oxford-AstraZeneca ၏ ကာကြယ္ေဆးနည္းစနစ္မ်ားအတိုင္း ထုတ္လုပ္ထားသည့္ Covishield ကာကြယ္ေဆးကို ထုတ္လုပ္သည့္ေနရာလည္း ျဖစ္သည္။

ရဲတပ္ဖြဲ႔က ေျပာရာတြင္ အဆိုပါအေဆာက္အအံုမွ လူ ၉ ဦးကို ေရႊ႕ေျပာင္းေပးထားခဲ့ေၾကာင္း ေျပာၾကားသည္။

Serum Institute of India ၏ အမႈေဆာင္အရာရွိခ်ဳပ္ အဒါ ပူနာဗာလာ (Adar Poonawalla) က အေစာပိုင္းတြင္ ေျပာခဲ့သည္မွာ မီးေလာင္မႈေၾကာင့္ ဆံုးရံႈးမႈမ်ား၊ ၾကီးမားသည့္ ထိခိုက္ဒဏ္ရာရရွိမႈမ်ား မရွိေၾကာင္း ေျပာခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္မူ လူေသဆံုးမႈအခ်ဳိ႕ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။

ယခုျဖစ္ရပ္သည္ Covid-19 ကာကြယ္ေဆးထုတ္လုပ္ေနမႈကို ထိခိုက္ေစမည္မဟုတ္ေၾကာင္းလည္း ပူနာဗာလာက ေျပာသည္။

“စိတ္ပူေပး၊ ဆုေတာင္းေပးၾကသူအားလံုးကို ေက်းဇူးတင္ပါတယ္။ အေရးအၾကီးဆံုးက မီးေၾကာင့္ အထပ္အခ်ဳိ႕ပ်က္စီးခဲ့ေပမယ့္ ၾကီးမားတဲ့ ထိခိုက္ဒဏ္ရာရမႈ၊ အသက္ဆံုးရံႈးမႈေတြ မရွိခဲ့ပါဘူး” ဟု ပူနာဗာလာက တြစ္တာတြင္ ေရးသားခဲ့သည္။

“အစိုးရအဖြဲ႔ေတြနဲ႔ ျပည္သူေတြအားလံုးကို အခိုင္အမာေျပာလိုတာက COVISHIELD ကာကြယ္ေဆး ထုတ္လုပ္မႈ ရပ္ဆိုင္းသြားမွာ မဟုတ္ပါဘူး။ ဒီလုိ အေရးေပၚအေျခအေနေတြအတြက္ ကၽြန္ေတာ္ၾကိဳတင္စီစဥ္ထားတဲ့ ထုတ္လုပ္ေရးအေဆာက္အအံုေတြ ၾကိဳတင္စီစဥ္ထားတာ ရွိပါတယ္” ဟုလည္း ပူနာဗာလာက တြစ္တာတြင္ ေရးသားေဖာ္ျပခဲ့သည္။

အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီက မီးေလာင္မႈေၾကာင့္ ေသဆံုးခဲ့ရသူတို႔၏ မိသားစုမ်ားအား ဝမ္းနည္းေၾကာင္း သတင္းစကား ေပးပို႔ခဲ့သည္။

ရဲတပ္ဖြဲ႔က ေျပာၾကားရာတြင္ Serum Institute ၏ ကာကြယ္ေဆးစက္ရံုမွ SEZ 3 အေဆာက္အအံု၏ ၄ လႊာႏွင့္ ၅ လႊာတို႔တြင္ မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ၂ နာရီအတြင္း မီးကို ထိန္းႏိုင္ခဲ့ေၾကာင္း ေျပာၾကားသည္။

မဟာရပ္ရွ္တရာျပည္နယ္ လက္ေထာက္ဝန္ၾကီးခ်ဳပ္ အဂ်စ္ ပါဝါက ေျပာၾကားရာတြင္ မီးေလာင္မႈႏွင့္ ပတ္သက္ျပီး စံုစမ္းမႈမ်ား ျပဳလုပ္ရန္ ျပည္နယ္အစိုးရက အမိန္႔ထုတ္ထားေၾကာင္း ေျပာၾကားသည္။

Serum Institute သည္ ဇန္နဝါရီ ၁၆ ရက္မွ စတင္ေသာ အိႏိၵယျပည္သူမ်ားအား အလံုးအရင္း ကာကြယ္ေဆး ထိုးႏွံေပးမႈတြင္ အေရးပါေသာ အခန္းက႑မွ ပါဝင္ေနျပီး ယင္းမွထုတ္လုပ္ေသာ ကာကြယ္ေဆး သန္းေပါင္းမ်ားစြာကို ကမၻာ့ႏိုင္ငံေပါင္းမ်ားစြာသို႔လည္း ပို႔ေဆာင္ေပးလ်က္ရွိသည္။

အိႏိၵယတြင္ Covishield ႏွင့္ Covaxin ဟူေသာ Covid-19 ကာကြယ္ေဆး ၂ မ်ဳိးကို ထုတ္လုပ္ထားသည္။

Oxford-AstraZeneca ႏွင့္ လက္တြဲထုတ္လုပ္ေသာ Covishield ကို Serum Institute of India (SII) က ထုတ္လုပ္ျခင္းျဖစ္ျပီး Covaxin ကိုမူ အိႏိၵယႏိုင္ငံ၊ ဟိုက္ဒရက္ဘက္ဒ္ျမိဳ႕ အေျခစိုက္ Bharat Biotech ကုမၸဏီက ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Fire again breaks out in Serum Institute in Pune(wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service