အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကာကွယ်ဆေးဓာတ်မတည့်မှုများကြောင့် Moderna ၏ ကာကွယ်ဆေးလုံးရေ ၃၃၀,၀၀၀ ကျော်ကို မထိုးနှံရန် သတိပေး
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကာကွယ်ဆေးဓာတ်မတည့်မှုများကြောင့် Moderna ၏ ကာကွယ်ဆေးလုံးရေ ၃၃၀,၀၀၀ ကျော်ကို မထိုးနှံရန် သတိပေး - Property News in Myanmar from iMyanmarHouse.com
21 Jan 2021 10:58 am တွင် တင်ခဲ့သည်
1576 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကာကွယ်ဆေးထိုးနှံခံခဲ့သူ ၆ ဦး၌ ကာကွယ်ဆေး ဓာတ်မတည့်မှုများ ဖြစ်ပွားခဲ့သောကြောင့် Moderna ၏ ကာကွယ်ဆေးလုံးရေ ၃၃၀,၀၀၀ အသုတ်ကို ထိုးနှံမှုများ ရပ်ဆိုင်းရန် ကယ်လီဖိုးနီးယား ကျန်းမာရေးအကြီးအကဲတစ်ဦးက သတိပေးတောင်းဆိုလိုက်သည်။
ယခုလ အစောပိုင်းတွင် ကယ်လီဖိုးနီးယား ပြည်နယ်တစ်လွှားရှိ ကာကွယ်ဆေးထိုးပေးမည့်နေရာပေါင်း ၂၈၇ နေရာသို့ Moderna ၏ ကာကွယ်ဆေးလုံးရေ ၃၃၀,၀၀၀ ကျော် ဖြန့်ဝေပေးထားခဲ့သည်။
သို့သော် ဆန်ဒီဂိုမြို့ရှိ ကာကွယ်ဆေးအလုံးအရင်းထိုးနှံပေးရာနေရာတစ်ခုတွင် ကာကွယ်ဆေးထိုးခံသူ ၆ ဦးမှာ ဓာတ်မတည့်မှုများကြောင့် ဆေးဝါးကုသမှု ခံယူခဲ့ရပြီးနောက်ပိုင်း lot 041L20A ဟု အမည်ပေးထားသော ကာကွယ်ဆေးအသုတ်ကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ပြည်နယ် ကပ်ရောဂါပညာရှင် ဒေါက်တာ အဲရစ်ကာ အက်စ် ပန် (Erica S Pan)က အဆိုပါအသုတ်မှ ကာကွယ်ဆေးများအားလုံးကို အစားထိုးရန် တိုက်တွန်းထားသည်။
“ကျွန်မတို့ရဲ့ ပန်းတိုင်က Covid ကာကွယ်ဆေးတွေကို ဘေးကင်းစွာ၊ လျင်မြန်စွာ၊ မျှတစွာ ထိုးနှံပေးရေး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံတဲ့ နေရာတစ်ခုမှာ အသုံးပြုခဲ့တဲ့ Moderna ကာကွယ်ဆေးအသုတ်တစ်ခုမှာ ပုံမှန်ဓာတ်မတည့်မှု ပမာဏထက် မြင့်မားတဲ့ ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ တင်ပြမှုတွေ ရှိပါတယ်”
“ကာကွယ်ဆေးထိုးနှံပေးသူတွေအနေနဲ့ အခြားရနိုင်မယ့် ကာကွယ်ဆေးကိုအသုံးပြုကြဖို့နဲ့ Moderna ရဲ့ Lot 041L20A က ကာကွယ်ဆေးတွေကို ရောဂါထိန်းချုပ်ရေးဗဟို (CDC) ၊ FDA ၊ Moderna နဲ့ ပြည်နယ်အစိုးရတို့က စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ချိန်အထိ ရပ်ဆိုင်းထားဖို့ ကျွန်မတို့ အကြံပြုပါတယ်”ဟု ဒေါက်တာ အဲရစ်ကာက ပြောသည်။
ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်မှာ ကာကွယ်ဆေးထိုးနှံမှု ရပ်ဆိုင်းထားရေးမှာ မဖြစ်မနေလုပ်ဆောင်ရမည်ဟူသော လမ်းညွှန်ချက်မဟုတ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံသည့်ဌာနအားလုံးသည် ဆေးထိုး၊ မထိုးကို ရွေးချယ်နိုင်ကြောင်း ပြောကြားသည်။
Moderna ၏ ကာကွယ်ဆေး ၃၃၀,၀၀၀ သည် ကယ်လီဖိုးနီးယားပြည်နယ်သို့ ဇန်နဝါရီလ ၅ ရက်မှ ၁၂ ရက်အကြား ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တစ်လွှားရှိ ကာကွယ်ဆေးထိုးဌာနများသို့ ဖြန့်ဝေပေးထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆေးပမာဏသည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံး စုစုပေါင်း ရရှိထားသည့် ကာကွယ်ဆေးအားလုံး၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း ၆ ဦးတွင် ၁၅ မိနစ်စောင့်ကြည့်ကာလအတွင်း ဓာတ်မတည့်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း သတင်းများစွာအရ အတည်ပြုနိုင်ခဲ့သည်မှာ ကာကွယ်ဆေးပထမအလုံး ထိုးနှံခံခဲ့သူအချို့တွင် anaphylactic shock ဟု ခေါ်သော ဓာတ်မတည့်မှုကြောင့် အသက်သေစေနိုင်သည်အထိ ဖြစ်နိုင်သော ရုတ်တရက် သွေးပေါင် အလွန်နိမ့်ပါးစွာ ထိုးကျသွားကာ ကိုယ်တွင်းအင်္ဂါများနှင့် ဆဲလ်များ အောက်ဆီဂျင်လုံလောက်စွာ မရရှိတော့ခြင်းမျိုး ခံစားကြရသည်ဟု ဆိုသည်။ anaphylactic shock သည် အစားအစာ၊ ဆေးဝါး (သို့မဟုတ်) အရာဝတ္ထုတစ်ခုခုနှင့် ဓာတ်မတည့်သောအခါ ဖြစ်ပေါ်လေ့ရှိသည်။
ကိုယ်ခံအားစနစ်က ထုတ်လွှတ်သည့် ဓာတုပစ္စည်းများသည် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီးနောက် သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားကာ လေလမ်းကြောင်းများ ကျဉ်းမြောင်းသွားရာမှ အသက်ကို ပုံမှန်အတိုင်း မရှုနိုင်တော့ချေ။
မိနစ်ပိုင်းအတွင်း ပေါ်ပေါက်လာလေ့ရှိသည့် ဓာတ်မတည့်လက္ခဏာများမှာ အင်ပြင်ထွက်ခြင်း၊ သွေးခုန်နှုန်းကျဆင်းခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း၊ လျှာ (သို့မဟုတ်) လည်ပင်းရောင်ယမ်းခြင်းတို့ ဖြစ်ကြသည်။
အဆိုပါလက္ခဏာများ ပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆေးကုသမှု မခံယူပါက သေဆုံးစေနိုင်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: California warns clinics to STOP administering shots from a batch of 330K Moderna vaccine doses - one tenth of the state's supply - after six San Diego health workers suffered allergic reactions (dailymail)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service