Covid-19 ကာကွယ်ဆေးထိုးထားသော်လည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိ

Covid-19 ကာကွယ်ဆေးထိုးထားသော်လည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
21 Jan 2021 10:44 am တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 ကာကွယ်ဆေးထိုးနှံထားသူဖြစ်စေ (သို့မဟုတ်) ယခင်က ရောဂါကူးစက်ခံရဖူးသူဖြစ်စေ ယနေ့ပေါ်ထွက်နေသော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးသစ်များအနက် တစ်ခု၏ ကူးစက်ခြင်းခံရနိုင်ကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။

အဆိုပါ ဗီဇပြောင်းမျိုးသစ်ကို တောင်အာဖရိကနိုင်ငံတွင် အောက်တိုဘာလအတွင်း စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်တွင် တွေ့ရှိနေရပြီ ဖြစ်သည်။

“ကျွန်မတို့ သတိပေးတပ်လှန့်ထားသင့်တယ်လို့ ယူဆပါတယ်” ဟု တောင်အာဖရိကနိုင်ငံ၊ အမျိုးသား ကူးစက်ရောဂါသိပ္ပံမှ တွဲဖက်ပါမောက္ခ ပန်နီ မိုးရ်က ပြောသည်။ မိုးရ်သည် ယခုလေ့လာချက်ကို ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

“ပန်နီမိုးရ်ရဲ့ အချက်အလက်တွေအရဆိုရင် ကာကွယ်ဆေးဟာ ထိရောက်မှု နည်းပုံရပါတယ်။ ဒါပေမယ့် ထိရောက်မှု ဘယ်လောက် အတိုင်းအတာနည်းလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး”ဟု အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ ဆေးကျောင်းတစ်ခုဖြစ်သော Duke University Medical Center မှ ဒေးဗစ် မန်တဖီယိုးရီ (David Montefiori) က ပြောသည်။

မန်တဖီယိုးရီက ဖြည့်စွက်ပြောကြားသည်မှာ ပန်နီမိုးရ်၏ တင်ပြချက်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖူးသူ (သို့မဟုတ်) ကာကွယ်ဆေး တို့သည် ကိုရိုနာဗိုင်းရပ်စ် မျိုးသစ်ကို ကာကွယ်နိုင်လိမ့်မည်ဟူသည့်အချက်အပေါ် ကြီးကြီးမားမားသံသယဝင်လာစေသည့် ပထမဆုံး လေ့လာတင်ပြမှုလည်းဖြစ်ကြောင်း ပြောကြားသည်။

“ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတစ်ခုဟာ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို ရှောင်ရှားနိုင်ပြီး ကာကွယ်ဆေးကိုလည်း တချို့တဝက် ရှောင်လွှဲနိုင်မယ်ဆိုတဲ့အပေါ် ကျွန်တော်ရတက်မအေးဖြစ်မိတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်” ဟု မန်တဖီယိုးရီက ပြောသည်။

သို့သော် ကျွမ်းကျင်ပညာရှင်များက ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံသင့်ကြောင်းကိုမူ အလေးအနက်ထား ပြောကြားသည်။

ကာကွယ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ် အခြားမျိုးစိတ်များကို အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း၊ ဗီဇပြောင်းမျိုးသစ်ကို လည်း အထိုက်အလျောက် ကာကွယ်နိုင်ဖွယ်ရှိသည်ဟု ယူဆကြောင်း ပြောကြားကြသည်။

ပန်နီမိုးရ်၏ လေ့လာချက်ကို အခြားသိပ္ပံပညာရှင်များက လေ့လာသုံးသပ်မှုများ မပြုလုပ်ရသေးသော်လည်း ဆေးပညာဂျာနယ်တစ်ခုတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ ဓာတ်ခွဲခန်းတို့မှာ ပန်နီမိုးရ်၏ တင်ပြချက်အပေါ် အပြင်းအထန်လေ့လာမှုများ ပြုလုပ်နေပြီး လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ရလဒ်များ တွေ့ရှိလာဖွယ်ရှိသည်။

“လာမယ့် ရက်သတ္တ ၆ ပတ်ကနေ ၁၂ ပတ်အတွင်း ဒီကပ်ဘေးကြီးဟာ ကျွန်တော်တို့ မတွေ့ခဲ့ဖူးတဲ့ ပုံစံမျိုး ဖြစ်ပေါ်လာမှာကို ကျွန်တော် အလွန်ခြောက်ခြားစိုးရိမ်နေမိတယ်။ ဒါဟာ တကယ့် စိန်ခေါ်မှုအစစ်ပဲ။ လူအများစုက ဒီဟာတွေကို သိကြလိမ့်ဦးမယ်လို့ ကျွန်တော် မထင်ဘူး” ဟု မင်နီဆိုးတား တက္ကသိုလ် (University of Minnesota) မှ ကပ်ရောဂါပညာရှင် မိုက်ကယ် အော့စ်တာဟုမ်း (Michael Osterholm) က CNN သတင်းဌာနသို့ ပြောသည်။

အော့စ်တာဟုမ်းသည် သမ္မတသစ် ဂျိုးဘိုင်ဒန်၏ Covid-19 အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ယခုလေ့လာချက်ကို ပြုလုပ်ခဲ့ပုံမှာ မိုးရ်နှင့် သူမ၏ အဖွဲ့သည် Covid-19 ရောဂါကူးစက်ခံရသူ ၄၄ ဦးထံမှ သွေးနမူနာများ ရယူစုဆောင်းခဲ့သည်။

အဆိုပါ ကူးစက်ခံရသူအားလုံးသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မတိုင်မီက ဖြစ်ကြရာ အဆိုပါသွေးနမူနာတို့သည် တောင်အာဖရိက ဗီဇပြောင်းဗိုင်းရပ်စ် မပေါ်ပေါက်မီက ဖြစ်၏။

မိုးရ်နှင့် သုတေသနပညာရှင်တို့က စုဆောင်းထားသော သွေးများအတွင်းရှိ ပဋိပစ္စည်းတို့သည် ဗီဇပြောင်းဗိုင်းရပ်စ်ကို တိုက်ခိုက်ချေမှုန်း နိုင်မည်လောဟူသည်ကို စမ်းသပ်ခဲ့ကြသည်။

ထိုသို့ စမ်းသပ်ရာတွင် သွေးနမူနာ ၄၄ ခုမှ ထက်ဝက်ခန့်မှာ ပဋိပစ္စည်းများသည် ဗီဇပြောင်းဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းမရှိကြကြောင်း တွေ့ခဲ့ကြသည်။

“အလဲထိုးခံလိုက်ရတာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ဒါက ကြောက်စရာ ရလဒ်ပါ” ဟု မိုးရ်က ပြောသည်။

ကျန် သွေးနမူနာ ထက်ဝက်တွင်လည်း ပဋိပစ္စည်း၏ တုံ့ပြန်မှုများ တွေ့ရသော်လည်း အလွန်အားနည်းလှပြီး ဗီဇပြောင်းဗိုင်းရပ်စ်ကို အပြီးတိုင်ချေမှုန်းနိုင်ခြင်း မရှိချေ။

ယခုလေ့လာချက်အရ အားအကောင်းဆုံး ပဋိပစ္စည်းတုံ့ပြန်မှုမှာ ယခင်က Covid-19 ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရသူတို့၏ ပဋိပစ္စည်းများ ဖြစ်သည်ကိုတွေ့ရသည်ဟု ဆိုသည်။

မိုးရ်က ပြောသည်မှာ ယခုရလဒ်များသည် ဓာတ်ခွဲခန်းတွင် စမ်းသပ်ရရှိခဲ့သည့် ရလဒ်များဖြစ်ပြီး ယခင်က Covid-19 ရောဂါဖြစ်ပွားခဲ့ဖူးသူတို့သည် ဗီဇပြောင်း တောင်အာဖရိကမျိုးသစ် ပြန်လည်ကူးစက်ခံရခြင်း ရှိ၊ မရှိကို ပြင်ပလောကတွင် ဆက်လက်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်း အလေးအနက်ပြောကြားသည်။

ယခုအခါ မိုးရ်၏ အဖွဲ့က ကာကွယ်ဆေးထိုးနှံမှု ခံယူထားသူများ၏ သွေးနမူနာများကိုလည်း စုဆောင်းနေပြီး ၎င်းတို့၏ ပဋိပစ္စည်းများသည် ဗီဇပြောင်းမျိုးသစ်ကို တိုက်ခိုက်နိုင်စွမ်း ရှိ၊ မရှိ ဆက်လက်လေ့လာကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Variant might partially evade protection from vaccines or prior infection, early research suggests (CNN)

 

[Zawgyi]

Covid-19 ကာကြယ္ေဆးထုိးထားေသာ္လည္း ဗီဇေျပာင္းကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္ေၾကာင္း ေလ့လာခ်က္သစ္တစ္ရပ္တြင္ ေတြ႔ရွိ

Covid-19 ကာကြယ္ေဆးထုိးႏွံထားသူျဖစ္ေစ (သို႔မဟုတ္) ယခင္က ေရာဂါကူးစက္ခံရဖူးသူျဖစ္ေစ ယေန႔ေပၚထြက္ေနေသာ ဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္မ်ဳိးသစ္မ်ားအနက္ တစ္ခု၏ ကူးစက္ျခင္းခံရႏိုင္ေၾကာင္း ေလ့လာခ်က္သစ္တစ္ရပ္တြင္ ေတြ႔ရွိခဲ့သည္။

အဆိုပါ ဗီဇေျပာင္းမ်ဳိးသစ္ကို ေတာင္အာဖရိကႏိုင္ငံတြင္ ေအာက္တိုဘာလအတြင္း စတင္ေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး ယခုအခါ ႏိုင္ငံေပါင္း တစ္ဒါဇင္ေက်ာ္တြင္ ေတြ႔ရွိေနရျပီ ျဖစ္သည္။

“ကၽြန္မတို႔ သတိေပးတပ္လွန္႔ထားသင့္တယ္လို႔ ယူဆပါတယ္” ဟု ေတာင္အာဖရိကႏိုင္ငံ၊ အမ်ဳိးသား ကူးစက္ေရာဂါသိပၸံမွ တြဲဖက္ပါေမာကၡ ပန္နီ မိုးရ္က ေျပာသည္။ မိုးရ္သည္ ယခုေလ့လာခ်က္ကို ျပဳလုပ္ခဲ့သူလည္း ျဖစ္သည္။

“ပန္နီမိုးရ္ရဲ႕ အခ်က္အလက္ေတြအရဆိုရင္ ကာကြယ္ေဆးဟာ ထိေရာက္မႈ နည္းပံုရပါတယ္။ ဒါေပမယ့္ ထိေရာက္မႈ ဘယ္ေလာက္ အတိုင္းအတာနည္းလဲဆိုတာ ကၽြန္ေတာ္တို႔ မသိပါဘူး”ဟု အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္မွ ေဆးေက်ာင္းတစ္ခုျဖစ္ေသာ Duke University Medical Center မွ ေဒးဗစ္ မန္တဖီယိုးရီ (David Montefiori) က ေျပာသည္။

မန္တဖီယိုးရီက ျဖည့္စြက္ေျပာၾကားသည္မွာ ပန္နီမိုးရ္၏ တင္ျပခ်က္သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရဖူးသူ (သို႔မဟုတ္) ကာကြယ္ေဆး တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ မ်ဳိးသစ္ကို ကာကြယ္ႏိုင္လိမ့္မည္ဟူသည့္အခ်က္အေပၚ ၾကီးၾကီးမားမားသံသယဝင္လာေစသည့္ ပထမဆံုး ေလ့လာတင္ျပမႈလည္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ကိုရိုနာဗိုင္းရပ္စ္မ်ဳိးကြဲတစ္ခုဟာ ကိုယ္ခံအားစနစ္တံု႔ျပန္မႈကို ေရွာင္ရွားႏိုင္ျပီး ကာကြယ္ေဆးကိုလည္း တခ်ဳိ႕တဝက္ ေရွာင္လႊဲႏိုင္မယ္ဆုိတဲ့အေပၚ ကၽြန္ေတာ္ရတက္မေအးျဖစ္မိတာ ပထမဆံုးအၾကိမ္ ျဖစ္ပါတယ္” ဟု မန္တဖီယိုးရီက ေျပာသည္။

သို႔ေသာ္ ကၽြမ္းက်င္ပညာရွင္မ်ားက ျပည္သူမ်ားအေနျဖင့္ ကာကြယ္ေဆးထိုးႏွံသင့္ေၾကာင္းကိုမူ အေလးအနက္ထား ေျပာၾကားသည္။

ကာကြယ္ေဆးမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ အျခားမ်ဳိးစိတ္မ်ားကို အလြန္ထိေရာက္စြာ ကာကြယ္ေပးႏိုင္ေၾကာင္း၊ ဗီဇေျပာင္းမ်ဳိးသစ္ကို လည္း အထိုက္အေလ်ာက္ ကာကြယ္ႏိုင္ဖြယ္ရွိသည္ဟု ယူဆေၾကာင္း ေျပာၾကားၾကသည္။

ပန္နီမိုးရ္၏ ေလ့လာခ်က္ကို အျခားသိပၸံပညာရွင္မ်ားက ေလ့လာသံုးသပ္မႈမ်ား မျပဳလုပ္ရေသးေသာ္လည္း ေဆးပညာဂ်ာနယ္တစ္ခုတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္သည္။

ကမၻာတစ္ဝန္းရွိ ဓာတ္ခြဲခန္းတို႔မွာ ပန္နီမိုးရ္၏ တင္ျပခ်က္အေပၚ အျပင္းအထန္ေလ့လာမႈမ်ား ျပဳလုပ္ေနျပီး လာမည့္ ရက္သတၱပတ္ အနည္းငယ္အတြင္း ရလဒ္မ်ား ေတြ႔ရွိလာဖြယ္ရွိသည္။

“လာမယ့္ ရက္သတၱ ၆ ပတ္ကေန ၁၂ ပတ္အတြင္း ဒီကပ္ေဘးၾကီးဟာ ကၽြန္ေတာ္တို႔ မေတြ႔ခဲ့ဖူးတဲ့ ပံုစံမ်ဳိး ျဖစ္ေပၚလာမွာကို ကၽြန္ေတာ္ အလြန္ေျခာက္ျခားစိုးရိမ္ေနမိတယ္။ ဒါဟာ တကယ့္ စိန္ေခၚမႈအစစ္ပဲ။ လူအမ်ားစုက ဒီဟာေတြကို သိၾကလိမ့္ဦးမယ္လို႔ ကၽြန္ေတာ္ မထင္ဘူး” ဟု မင္နီဆိုးတား တကၠသိုလ္ (University of Minnesota) မွ ကပ္ေရာဂါပညာရွင္ မိုက္ကယ္ ေအာ့စ္တာဟုမ္း (Michael Osterholm) က CNN သတင္းဌာနသို႔ ေျပာသည္။

ေအာ့စ္တာဟုမ္းသည္ သမၼတသစ္ ဂ်ဳိးဘိုင္ဒန္၏ Covid-19 အၾကံေပးဘုတ္အဖြဲ႔ဝင္တစ္ဦးလည္း ျဖစ္သည္။

ယခုေလ့လာခ်က္ကို ျပဳလုပ္ခဲ့ပံုမွာ မိုးရ္ႏွင့္ သူမ၏ အဖြဲ႔သည္ Covid-19 ေရာဂါကူးစက္ခံရသူ ၄၄ ဦးထံမွ ေသြးနမူနာမ်ား ရယူစုေဆာင္းခဲ့သည္။

အဆိုပါ ကူးစက္ခံရသူအားလံုးသည္ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ မတိုင္မီက ျဖစ္ၾကရာ အဆိုပါေသြးနမူနာတို႔သည္ ေတာင္အာဖရိက ဗီဇေျပာင္းဗိုင္းရပ္စ္ မေပၚေပါက္မီက ျဖစ္၏။

မိုးရ္ႏွင့္ သုေတသနပညာရွင္တို႔က စုေဆာင္းထားေသာ ေသြးမ်ားအတြင္းရွိ ပဋိပစၥည္းတို႔သည္ ဗီဇေျပာင္းဗိုင္းရပ္စ္ကို တိုက္ခိုက္ေခ်မႈန္း ႏိုင္မည္ေလာဟူသည္ကို စမ္းသပ္ခဲ့ၾကသည္။

ထိုသို႔ စမ္းသပ္ရာတြင္ ေသြးနမူနာ ၄၄ ခုမွ ထက္ဝက္ခန္႔မွာ ပဋိပစၥည္းမ်ားသည္ ဗီဇေျပာင္းဗိုင္းရပ္စ္ကို ခုခံႏိုင္စြမ္းမရွိၾကေၾကာင္း ေတြ႔ခဲ့ၾကသည္။

“အလဲထိုးခံလိုက္ရတာ ကၽြန္မတို႔ ေတြ႔ခဲ့ရပါတယ္။ ဒါက ေၾကာက္စရာ ရလဒ္ပါ” ဟု မိုးရ္က ေျပာသည္။

က်န္ ေသြးနမူနာ ထက္ဝက္တြင္လည္း ပဋိပစၥည္း၏ တံု႔ျပန္မႈမ်ား ေတြ႔ရေသာ္လည္း အလြန္အားနည္းလွျပီး ဗီဇေျပာင္းဗိုင္းရပ္စ္ကို အျပီးတိုင္ေခ်မႈန္းႏိုင္ျခင္း မရွိေခ်။

ယခုေလ့လာခ်က္အရ အားအေကာင္းဆံုး ပဋိပစၥည္းတံု႔ျပန္မႈမွာ ယခင္က Covid-19 ေရာဂါကို ျပင္းထန္စြာ ခံစားခဲ့ရသူတို႔၏ ပဋိပစၥည္းမ်ား ျဖစ္သည္ကိုေတြ႔ရသည္ဟု ဆိုသည္။

မိုးရ္က ေျပာသည္မွာ ယခုရလဒ္မ်ားသည္ ဓာတ္ခြဲခန္းတြင္ စမ္းသပ္ရရွိခဲ့သည့္ ရလဒ္မ်ားျဖစ္ျပီး ယခင္က Covid-19 ေရာဂါျဖစ္ပြားခဲ့ဖူးသူတို႔သည္ ဗီဇေျပာင္း ေတာင္အာဖရိကမ်ဳိးသစ္ ျပန္လည္ကူးစက္ခံရျခင္း ရွိ၊ မရွိကို ျပင္ပေလာကတြင္ ဆက္လက္ေလ့လာမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေသးေၾကာင္း အေလးအနက္ေျပာၾကားသည္။

ယခုအခါ မိုးရ္၏ အဖြဲ႔က ကာကြယ္ေဆးထိုးႏွံမႈ ခံယူထားသူမ်ား၏ ေသြးနမူနာမ်ားကိုလည္း စုေဆာင္းေနျပီး ၎တို႔၏ ပဋိပစၥည္းမ်ားသည္ ဗီဇေျပာင္းမ်ဳိးသစ္ကို တိုက္ခိုက္ႏိုင္စြမ္း ရွိ၊ မရွိ ဆက္လက္ေလ့လာၾကမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Variant might partially evade protection from vaccines or prior infection, early research suggests (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service