တရုတ်ပြည်တွင် ရေခဲမုန့်များ၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှုကြောင့် တရုတ်အာဏာပိုင်တို့က ရေခဲမုန့်များ ပြန်လည်သိမ်းဆည်း၊ ရေခဲမုန့် ၂၁ ခုမှာမူ ပျောက်ဆုံးနေ

တရုတ်ပြည်တွင် ရေခဲမုန့်များ၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှုကြောင့် တရုတ်အာဏာပိုင်တို့က ရေခဲမုန့်များ ပြန်လည်သိမ်းဆည်း၊ ရေခဲမုန့် ၂၁ ခုမှာမူ ပျောက်ဆုံးနေ - Property News in Myanmar from iMyanmarHouse.com
20 Jan 2021 11:28 am တွင် တင်ခဲ့သည်
1426 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မြောက်ပိုင်း ထျန်ကျင်းမြို့ (Tianjin ) တွင် ရေခဲမုန့် နမူနာ ၅ ခု၌ ကိုရိုနာဗိုင်းရပ်စ်များ တွေ့ရှိပြီးနောက် အစားအစာမှတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်မှုအန္တရာယ်နှင့် ပတ်သက်ပြီး မေးခွန်းများ ပေါ်ပေါက်လာသည်။

ပြီးခဲ့သော ကြာသပတေးနေ့က ပီကင်းမြို့တော်နှင့် ကပ်လျက်တည်ရှိသော ထျန်ကျင်းမြို့မှ အာဏာပိုင်တို့က ရေခဲမုန့် နမူနာ စစ်ဆေးမှုများတွင် Covid-19 ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ဖြစ်သော Sars-CoV-2 များ တွေ့ရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအရ ရေခဲမုန့်လုပ်ရာတွင် အသုံးပြုသည့် ယူကရိန်းလုပ် နို့မှုန့်များမှာ ဗိုင်းရပ်စ်၏ အရင်းအမြစ် ဖြစ်နိုင်ဖွယ် ရှိကြောင်း ခန့်မှန်းကြသည်။

ရေခဲမုန့်စက်ရုံများနှင့် လက်လီအရောင်းဆိုင်များမှ နမူနာရယူခဲ့သော ရေခဲမုန့်နှင့် ထုပ်ပိုးမှုပစ္စည်း နမူနာပေါင်း ၂၈၀၀ ကျော်အနက် နို့မှုန့် နမူနာ ၃ ခုနှင့် ယူကရိန်းနို့မှုန့်ဖြင့် ပြုလုပ်ထားသော ရေခဲမုန့် နမူနာ ၂ ခုတို့တွင် Sars-CoV-2 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ဗိုင်းရပ်စ် ပါဝင်ဖွယ်ရှိသည့် ရေခဲမုန့်များကို ခြေရာခံကာ ပြန်လည်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သော်လည်း ရေခဲမုန့် ၂၁ ခုမှာမူ ခြေရာခံမရခဲ့ကြောင်း အာဏာပိုင်တို့က ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ထားသည်မှာ အေးခဲထားသော အစားအစာများမှတဆင့် Covid-19 ကူးစက်နိုင်ချေမှာ နည်းပါးကြောင်း ထုတ်ပြန်ထားသော်လည်း တရုတ်ပြည်တွင်မူ ပြည်ပမှ တင်သွင်းလာသော အစားအစာများတွင် ကိုရိုနာဗိုင်းရပ်စ်များ မကြာခဏတွေ့ရှိလျက် ရှိသည်။

(မြန်မာနိုင်ငံမှ တင်သွင်းသော ငါးတံခွန်အိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်များတွေ့ရှိ……….)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက ထျန်ကျင်းမြို့တွင်ပင် နေထိုင်သော ကုန်ကားမောင်းသူတစ်ဦးသည် ၎င်းကိုင်တွယ်ခဲ့ရသော ဝက်သားများမှတဆင့် Covid-19 ကူးစက်ခံခဲ့ရကြောင်း၊ အဆိုပါ ဝက်သားများသည် မြောက်အမေရိကမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်တို့က ပြောကြားခဲ့သည်။

“အေးခဲထားတဲ့ အစားအစာတွေဟာ အပူချိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ပြီးရင် ဘေးကင်းကင်းနဲ့ စားသောက်နိုင်ကြပါတယ်။ ဒါပေမယ့် ရေခဲမုန့်ကျတော့ အပူချိန်ပြင်းပြင်းနဲ့ ပြန်ပြီးထုတ်လုပ်ရတဲ့အရာမျိုး မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဟာ အစားအစာကတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားရင် ရောဂါကူးစက်နိုင်မလား။ ကျွန်မသိသလောက်တော့ အထောက်အထား မရှိသေးပါဘူး” ဟု တရုတ်ပြည် ရှန်ကျောက်ထုံ တက္ကသိုလ် (Xian Jiaotong) မှ သဘာဝ ပတ်ဝန်းကျင်သိပ္ပံ ပါမောက္ခ ဟန်ကျီ (Han Jie) က ပြောသည်။

အေးခဲထားသော အစားအစာများတွင် ကိုရိုနာဗိုင်းရပ်စ်ကို မကြာခဏတွေ့လာရခြင်းမှာ မတော်တဆ တိုက်ဆိုင်မှုများ မဟုတ်တော့ကြောင်း၊ အစားအစာမှ တဆင့် ရောဂါကူးစက်နိုင်မှုသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးအတွက် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာနိုင်ကြောင်း ဟန်ကျီနှင့် အဖွဲ့က ပြီးခဲ့သော အောက်တိုဘာလအတွင်း Environmental Chemistry Letters ဂျာနယ်တွင် ဖော်ပြခဲ့သည့် သုံးသပ်တင်ပြချက်တွင် ရေးသားခဲ့သည်။

ယခင်သုတေသနများအရ ကိုရိုနာဗိုင်းရပ်စ်သည် မြင့်မားသော အပူချိန်များထက် ၄ ဒီဂရီ ဆဲစီးယပ်စ် (၃၉ ဒီဂရီဖာရင်ဟိုက်) အောက် နိမ့်ပါးသော အပူချိန်များတွင် ကြာရှည်ရှင်သန်နိုင်ကြကြောင်း တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။

ဆားစ်ရောဂါ (SARS) ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အပါအဝင် အခြားသော ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်တို့သည် အပူချိန် ၄ ဒီဂရီ ဆဲစီးယပ်စ်တွင် ၁၄ ရက်မှ ၄၉ ရက်အကြား ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သော်လည်း အစားအစာတို့၏ မျက်နှာပြင်များပေါ်တွင် Covid-19 ရောဂါ၏ ဗိုင်းရပ်စ် Sars-CoV-2 မည်မျှရှင်သန်နိုင်သည်ကို လေ့လာထားသည့် သုတေသန မရှိသေးကြောင်း ဟန်ကျီ၏ သုံးသပ်တင်ပြချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus in Chinese ice cream raises new alarm over infection via food (scmp)

 

[Zawgyi]

တရုတ္ျပည္တြင္ ေရခဲမုန္႔မ်ား၌ ကိုရိုနာဗိုင္းရပ္စ္ေတြ႔ရွိမႈေၾကာင့္ တရုတ္အာဏာပိုင္တို႔က ေရခဲမုန္႔မ်ား ျပန္လည္သိမ္းဆည္း၊ ေရခဲမုန္႔ ၂၁ ခုမွာမူ ေပ်ာက္ဆံုးေန

တရုတ္ျပည္ေျမာက္ပိုင္း ထ်န္က်င္းျမိဳ႕ (Tianjin ) တြင္ ေရခဲမုန္႔ နမူနာ ၅ ခု၌ ကိုရိုနာဗိုင္းရပ္စ္မ်ား ေတြ႔ရွိျပီးေနာက္ အစားအစာမွတဆင့္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္မႈအႏၱရာယ္ႏွင့္ ပတ္သက္ျပီး ေမးခြန္းမ်ား ေပၚေပါက္လာသည္။

ျပီးခဲ့ေသာ ၾကာသပေတးေန႔က ပီကင္းျမိဳ႕ေတာ္ႏွင့္ ကပ္လ်က္တည္ရွိေသာ ထ်န္က်င္းျမိဳ႕မွ အာဏာပိုင္တို႔က ေရခဲမုန္႔ နမူနာ စစ္ေဆးမႈမ်ားတြင္ Covid-19 ေရာဂါျဖစ္ေစသည့္ ဗိုင္းရပ္စ္ျဖစ္ေသာ Sars-CoV-2 မ်ား ေတြ႔ရွိေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

စံုစမ္းစစ္ေဆးေဖာ္ထုတ္မႈမ်ားအရ ေရခဲမုန္႔လုပ္ရာတြင္ အသံုးျပဳသည့္ ယူကရိန္းလုပ္ ႏို႔မႈန္႔မ်ားမွာ ဗိုင္းရပ္စ္၏ အရင္းအျမစ္ ျဖစ္ႏိုင္ဖြယ္ ရွိေၾကာင္း ခန္႔မွန္းၾကသည္။

ေရခဲမုန္႔စက္ရံုမ်ားႏွင့္ လက္လီအေရာင္းဆိုင္မ်ားမွ နမူနာရယူခဲ့ေသာ ေရခဲမုန္႔ႏွင့္ ထုပ္ပိုးမႈပစၥည္း နမူနာေပါင္း ၂၈၀၀ ေက်ာ္အနက္ ႏို႔မႈန္႔ နမူနာ ၃ ခုႏွင့္ ယူကရိန္းႏို႔မႈန္႔ျဖင့္ ျပဳလုပ္ထားေသာ ေရခဲမုန္႔ နမူနာ ၂ ခုတို႔တြင္ Sars-CoV-2 ဗိုင္းရပ္စ္ကို ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္တြင္ ဗိုင္းရပ္စ္ ပါဝင္ဖြယ္ရွိသည့္ ေရခဲမုန္႔မ်ားကို ေျခရာခံကာ ျပန္လည္သိမ္းဆည္းမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေရခဲမုန္႔ ၂၁ ခုမွာမူ ေျခရာခံမရခဲ့ေၾကာင္း အာဏာပိုင္တို႔က ေျပာၾကားသည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က ထုတ္ျပန္ထားသည္မွာ ေအးခဲထားေသာ အစားအစာမ်ားမွတဆင့္ Covid-19 ကူးစက္ႏိုင္ေခ်မွာ နည္းပါးေၾကာင္း ထုတ္ျပန္ထားေသာ္လည္း တရုတ္ျပည္တြင္မူ ျပည္ပမွ တင္သြင္းလာေသာ အစားအစာမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္မ်ား မၾကာခဏေတြ႔ရွိလ်က္ ရွိသည္။

(ျမန္မာႏိုင္ငံမွ တင္သြင္းေသာ ငါးတံခြန္အိတ္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္မ်ားေတြ႔ရွိ……….)

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလအတြင္းက ထ်န္က်င္းျမိဳ႕တြင္ပင္ ေနထိုင္ေသာ ကုန္ကားေမာင္းသူတစ္ဦးသည္ ၎ကိုင္တြယ္ခဲ့ရေသာ ဝက္သားမ်ားမွတဆင့္ Covid-19 ကူးစက္ခံခဲ့ရေၾကာင္း၊ အဆိုပါ ဝက္သားမ်ားသည္ ေျမာက္အေမရိကမွ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း ေဒသအာဏာပိုင္တို႔က ေျပာၾကားခဲ့သည္။

“ေအးခဲထားတဲ့ အစားအစာေတြဟာ အပူခ်ိန္ျပင္းျပင္းနဲ႔ ခ်က္ျပဳတ္ျပီးရင္ ေဘးကင္းကင္းနဲ႔ စားေသာက္ႏိုင္ၾကပါတယ္။ ဒါေပမယ့္ ေရခဲမုန္႔က်ေတာ့ အပူခ်ိန္ျပင္းျပင္းနဲ႔ ျပန္ျပီးထုတ္လုပ္ရတဲ့အရာမ်ဳိး မဟုတ္ပါဘူး။ ကိုရိုနာဗိုင္းရပ္စ္ဟာ အစားအစာကတဆင့္ လူ႔ခႏၶာကိုယ္ထဲကို ဝင္ေရာက္သြားရင္ ေရာဂါကူးစက္ႏိုင္မလား။ ကၽြန္မသိသေလာက္ေတာ့ အေထာက္အထား မရွိေသးပါဘူး” ဟု တရုတ္ျပည္ ရွန္ေက်ာက္ထံု တကၠသိုလ္ (Xian Jiaotong) မွ သဘာဝ ပတ္ဝန္းက်င္သိပၸံ ပါေမာကၡ ဟန္က်ီ (Han Jie) က ေျပာသည္။

ေအးခဲထားေသာ အစားအစာမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ကို မၾကာခဏေတြ႔လာရျခင္းမွာ မေတာ္တဆ တိုက္ဆိုင္မႈမ်ား မဟုတ္ေတာ့ေၾကာင္း၊ အစားအစာမွ တဆင့္ ေရာဂါကူးစက္ႏိုင္မႈသည္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးအတြက္ ၾကီးမားသည့္ အႏၱရာယ္တစ္ခု ျဖစ္လာႏိုင္ေၾကာင္း ဟန္က်ီႏွင့္ အဖြဲ႔က ျပီးခဲ့ေသာ ေအာက္တိုဘာလအတြင္း Environmental Chemistry Letters ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည့္ သံုးသပ္တင္ျပခ်က္တြင္ ေရးသားခဲ့သည္။

ယခင္သုေတသနမ်ားအရ ကိုရိုနာဗိုင္းရပ္စ္သည္ ျမင့္မားေသာ အပူခ်ိန္မ်ားထက္ ၄ ဒီဂရီ ဆဲစီးယပ္စ္ (၃၉ ဒီဂရီဖာရင္ဟိုက္) ေအာက္ နိမ့္ပါးေသာ အပူခ်ိန္မ်ားတြင္ ၾကာရွည္ရွင္သန္ႏိုင္ၾကေၾကာင္း ေတြ႔ရွိခဲ့ၾကျပီး ျဖစ္သည္။

ဆားစ္ေရာဂါ (SARS) ျဖစ္ေစသည့္ ကိုရိုနာဗိုင္းရပ္စ္အပါအဝင္ အျခားေသာ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးစိတ္တို႔သည္ အပူခ်ိန္ ၄ ဒီဂရီ ဆဲစီးယပ္စ္တြင္ ၁၄ ရက္မွ ၄၉ ရက္အၾကား ရွင္သန္ႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ျပီးျဖစ္ေသာ္လည္း အစားအစာတို႔၏ မ်က္ႏွာျပင္မ်ားေပၚတြင္ Covid-19 ေရာဂါ၏ ဗိုင္းရပ္စ္ Sars-CoV-2 မည္မွ်ရွင္သန္ႏိုင္သည္ကို ေလ့လာထားသည့္ သုေတသန မရွိေသးေၾကာင္း ဟန္က်ီ၏ သံုးသပ္တင္ျပခ်က္တြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus in Chinese ice cream raises new alarm over infection via food (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service