ရုရှားနိုင်ငံထုတ် Sputnik-V ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာက စိတ်ဝင်စားနေကြောင်း ရုရှားသံရုံးပြောကြား

ရုရှားနိုင်ငံထုတ် Sputnik-V ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာက စိတ်ဝင်စားနေကြောင်း ရုရှားသံရုံးပြောကြား - Property News in Myanmar from iMyanmarHouse.com
18 Jan 2021 11:21 am တွင် တင်ခဲ့သည်
1528 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံအစိုးရသည် ရုရှားထုတ် Sputnik-V ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို စိတ်ဝင်စားမှုများ ပြသနေကြောင်း ရန်ကုန်မြို့ရှိ ရုရှားသံရုံး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အန်တွန်း အန်ညီစီမော့ဗ် (Anton Anisimov) က ပြောကြားသည်ဟု ရုရှားသတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော russian.rt.com တွင် ဖော်ပြသည်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) နှင့် မြန်မာကျန်းမာရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း လည်း အန်ညီစီမော့ဗ်က ပြောသည်။

RDIF သည် ရုရှား၏ ကာကွယ်ဆေးကို နိုင်ငံခြားဈေးကွက်များတွင် ဖြန့်ဖြူးရေးကိစ္စရပ်များ တာဝန်ယူဆောင်ရွက်နေရသည့်အဖွဲ့ ဖြစ်သည်။

“ကမ္ဘာပေါ်မှာရှိတဲ့ အခြားနိုင်ငံများစွာနည်းတူ မြန်မာနိုင်ငံကလည်း ရုရှားရဲ့ Sputnik V ကာကွယ်ဆေးအပေါ် စိတ်ဝင်စားမှုတွေ ပြသနေပါတယ်။

ကာကွယ်ဆေးရဲ့ ဆေးဝါးဆိုင်ရာဂုဏ်သတ္တိ၊ ထားသိုမှု အခြေအနေတွေ၊ သယ်ယူပို့ဆောင်ပုံနဲ့ အသုံးပြုပုံ အသေးစိတ်တွေကို လေ့လာဖို့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အစိုးရက စိတ်ဝင်စားမှု ပြသနေပါတယ်” ဟု အန်ညီစီမော့ဗ်က ပြောကြားကြောင်း ရုရှားအစိုးရပိုင်သတင်းဌာနဖြစ်သော RIA Novosti တွင် ဖော်ပြသည်။

ရုရှားသံရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ မြန်မာအစိုးရသည် Sputnik V ကာကွယ်ဆေး အသုံးပြုရန် ဖြစ်နိုင်ချေ အလားအလာများကို တွက်ချက်နေကြောင်း ပြောကြားသည်။

Sputnik V ကာကွယ်ဆေးကို နောက်ဆုံးစစ်ဆေးမှု အချက်အလက်များအရ ထိရောက်မှု ၉၁ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု Sputnik V ကာကွယ်ဆေးကုမ္ပဏီက အတည်ပြုထားသည်။

ပထမမြောက်ဆေးအလုံးကို ထိုးနှံပြီး ၂၁ ရက်ကြာ စောင့်ကြည့်ထားခဲ့သည့် အချက်အလက်များကို စစ်ဆေးမှုအရ ဖြစ်သည်။

Sputnik V ကာကွယ်ဆေးသည် ၂ ကြိမ်ထိုးရသည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး နိုင်ငံတကာဈေးကွက်များတွင် ကန်ဒေါ်လာ ၁၀ ဒေါ်လာ(မြန်မာကျပ်ငွေ ၁၃,၀၀၀) အောက် ဈေးနှုန်းဖြင့် ရရှိနိုင်ပြီး ရုရှားတွင်မူ နိုင်ငံသားများအတွက် အခမဲ့ထိုးနှံပေးခြင်း ဖြစ်သည်။

Sputnik V ကာကွယ်ဆေးကို ၂ ဒီဂရီမှ ၈ ဒီဂရီ ဆဲစီးယပ်စ်ကြား (၃၅ ဒသမ ၆ ဒီဂရီနှင့် ၄၆ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်ကြား) ထားသိုနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Russian Embassy told about Myanmar's interest in Sputnik V (tellerreport, russian.rt)

 

[Zawgyi]

ရုရွားႏိုင္ငံထုတ္ Sputnik-V ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ျမန္မာက စိတ္ဝင္စားေနေၾကာင္း ရုရွားသံရံုးေျပာၾကား

ျမန္မာႏိုင္ငံအစိုးရသည္ ရုရွားထုတ္ Sputnik-V ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို စိတ္ဝင္စားမႈမ်ား ျပသေနေၾကာင္း ရန္ကုန္ျမိဳ႕ရွိ ရုရွားသံရံုး၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ အန္တြန္း အန္ညီစီေမာ့ဗ္ (Anton Anisimov) က ေျပာၾကားသည္ဟု ရုရွားသတင္းဝက္ဘ္ဆိုက္ တစ္ခုျဖစ္ေသာ russian.rt.com တြင္ ေဖာ္ျပသည္။

ရုရွားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ ရန္ပံုေငြအဖြဲ႔ (RDIF) ႏွင့္ ျမန္မာက်န္းမာေရးဝန္ၾကီးဌာနတို႔အၾကား ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း လည္း အန္ညီစီေမာ့ဗ္က ေျပာသည္။

RDIF သည္ ရုရွား၏ ကာကြယ္ေဆးကို ႏိုင္ငံျခားေစ်းကြက္မ်ားတြင္ ျဖန္႔ျဖဴးေရးကိစၥရပ္မ်ား တာဝန္ယူေဆာင္ရြက္ေနရသည့္အဖြဲ႔ ျဖစ္သည္။

“ကမၻာေပၚမွာရွိတဲ့ အျခားႏိုင္ငံမ်ားစြာနည္းတူ ျမန္မာႏိုင္ငံကလည္း ရုရွားရဲ႕ Sputnik V ကာကြယ္ေဆးအေပၚ စိတ္ဝင္စားမႈေတြ ျပသေနပါတယ္။

ကာကြယ္ေဆးရဲ႕ ေဆးဝါးဆိုင္ရာဂုဏ္သတၱိ၊ ထားသိုမႈ အေျခအေနေတြ၊ သယ္ယူပို႔ေဆာင္ပံုနဲ႔ အသံုးျပဳပံု အေသးစိတ္ေတြကို ေလ့လာဖို႔ ျပည္ေထာင္စု ျမန္မာႏိုင္ငံရဲ႕ အစိုးရက စိတ္ဝင္စားမႈ ျပသေနပါတယ္” ဟု အန္ညီစီေမာ့ဗ္က ေျပာၾကားေၾကာင္း ရုရွားအစိုးရပိုင္သတင္းဌာနျဖစ္ေသာ RIA Novosti တြင္ ေဖာ္ျပသည္။

ရုရွားသံရံုးေျပာေရးဆိုခြင့္ရပုဂၢိဳလ္၏ ေျပာၾကားခ်က္အရ ျမန္မာအစိုးရသည္ Sputnik V ကာကြယ္ေဆး အသံုးျပဳရန္ ျဖစ္ႏိုင္ေခ် အလားအလာမ်ားကို တြက္ခ်က္ေနေၾကာင္း ေျပာၾကားသည္။

Sputnik V ကာကြယ္ေဆးကို ေနာက္ဆံုးစစ္ေဆးမႈ အခ်က္အလက္မ်ားအရ ထိေရာက္မႈ ၉၁ ဒသမ ၄ ရာခိုင္ႏႈန္းရွိသည္ဟု Sputnik V ကာကြယ္ေဆးကုမၸဏီက အတည္ျပဳထားသည္။

ပထမေျမာက္ေဆးအလံုးကို ထိုးႏွံျပီး ၂၁ ရက္ၾကာ ေစာင့္ၾကည့္ထားခဲ့သည့္ အခ်က္အလက္မ်ားကို စစ္ေဆးမႈအရ ျဖစ္သည္။

Sputnik V ကာကြယ္ေဆးသည္ ၂ ၾကိမ္ထုိးရသည့္ ကာကြယ္ေဆးအမ်ဳိးအစားျဖစ္ျပီး ႏိုင္ငံတကာေစ်းကြက္မ်ားတြင္ ကန္ေဒၚလာ ၁၀ ေဒၚလာ(ျမန္မာက်ပ္ေငြ ၁၃,၀၀၀) ေအာက္ ေစ်းႏႈန္းျဖင့္ ရရွိႏိုင္ျပီး ရုရွားတြင္မူ ႏိုင္ငံသားမ်ားအတြက္ အခမဲ့ထိုးႏွံေပးျခင္း ျဖစ္သည္။

Sputnik V ကာကြယ္ေဆးကို ၂ ဒီဂရီမွ ၈ ဒီဂရီ ဆဲစီးယပ္စ္ၾကား (၃၅ ဒသမ ၆ ဒီဂရီႏွင့္ ၄၆ ဒသမ ၄ ဒီဂရီ ဖာရင္ဟိုက္ၾကား) ထားသိုႏိုင္သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Russian Embassy told about Myanmar's interest in Sputnik V (tellerreport, russian.rt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service