အထက်တန်းကျောင်းသားဘဝက ချစ်ကြိုက်ခဲ့သည့် ချစ်သူ ၂ ဦး နှစ်ပေါင်း ၇၀ နီးပါး ကွဲကွာပြီးမှ ပြန်လည်ဆုံစည်းကာ လက်ထပ်ခဲ့ကြ

အထက်တန်းကျောင်းသားဘဝက ချစ်ကြိုက်ခဲ့သည့် ချစ်သူ ၂ ဦး နှစ်ပေါင်း ၇၀ နီးပါး ကွဲကွာပြီးမှ ပြန်လည်ဆုံစည်းကာ လက်ထပ်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
18 Jan 2021 10:41 am တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အထက်တန်းကျောင်းသားဘဝက ချစ်ကြိုက်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀ နီးပါးက ကွဲကွာသွားခဲ့ကြသော ချစ်သူ ၂ ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးအတွင်း ပြန်လည်ဆုံစည်းကာ ယခုအခါ လက်ထပ်လိုက်ကြပြီ ဖြစ်သည်။

၎င်းတို့ချစ်သူ ၂ ဦး၏ အချစ်ဇာတ်လမ်းမှာ လွန်ခဲ့သော ၆၈ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ဖရက်ဒ် ပေါလ်နှင့် ဖလောရန့်စ် ဟာဗေးတို့နှစ်ဦး ပထမဆုံး စတင်ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

ကနေဒါနိုင်ငံ အရှေ့ဖျားရှိ နယူးဖန်လန်နှင့် လားဘရေဒေါ (Newfoundland and Labrador) ပြည်နယ်ရှိ၊ ဝမ်းစ်ဝါ့သ်အမည်ရှိ မြို့ငယ်ကလေးတွင် ဆယ်ကျော်သက်ဘဝက စတင်ဆုံစည်းခဲ့ကြ၏။

၎င်းတို့ချစ်သူ ၂ ဦး တပူးတွဲတွဲရှိခဲ့ကြသည်။ ဘုရားကျောင်းတက်ပြီးလျှင် လမ်းလျှောက်ရင်း စကားပြောကြ၏။ အတန်းချိန် တစ်ချိန်နှင့်တစ်ချိန်ကြား ခိုးခိုးနမ်းကြ၏။ ဂီတဖျော်ဖြေပွဲများ အတူသွားကြ၏။

သူတို့ ၂ ဦး ဆုံစည်းခဲ့ကြသည့် ၂ နှစ်တာကာလအတွင်း ပေါလ်က ညပိုင်းအိပ်ယာမဝင်မီ သူ၏နေအိမ်ဆင်ဝင်မှ မီးကို မှိတ်တုတ်မှိတ်တုတ် အချက်ပြလေ့ရှိသည်။ ထိုမီးရောင်ဖြင့် ဖလောရန့်စ်အား ကောင်းသောညပါ၊ ကိုယ်မင်းကိုချစ်တယ်ဟု အချက်ပြခြင်း ဖြစ်၏။

“သူက ကျွန်တော့်အချစ်ဦးပါ။ ကျွန်တော့်ရဲ့ ပထမဆုံး ချစ်သူ၊ ကျွန်တော့်ရဲ့ ပထမဆုံး အချစ်စစ်ပါ” ဟု ယခုအခါ အသက် ၈၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ပေါလ်က CNN သတင်းဌာနသို့ ပြောသည်။

ပေါလ်က အသက် ၁၈ နှစ်အရွယ်သို့ ရောက်ပြီး ဖလောရန့်စ်က ၁၅ နှစ်သို့ ရောက်ချိန်တွင် နှစ်ဦးသား၏ ဘဝရှေ့ရေးအတွက် လျှောက်လှမ်းခဲ့ကြရသည်။ ပေါလ်က တိုရွန်တိုမြို့သို့ အလုပ်လုပ်ရန် သွားခဲ့၏။

တစ်နှစ်ကြာ အလုပ်လုပ်ပြီး မြို့ကလေးသို့ ပြန်ရောက်လာကာ ဖလောရန့်စ်ကို ရှာဖွေသောအခါ ဖလောရန့်စ်မှာ အခြားမြို့သို့ ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင်ကား ၎င်းတို့နှစ်ဦးလုံး အခြားသူများနှင့် လက်ထပ်ခဲ့ကြပြီး မိသားစုဘဝများ ဖြတ်သန်းခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် ဖလောရန့်စ်၏ ခင်ပွန်းဖြစ်သူ “လန်း” မှာ ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။ သူတို့၏ အိမ်ထောက်သက်တမ်း ၅၇ နှစ်ရှိပြီး သားသမီး ၅ ဦးထွန်းကားခဲ့သည်။

နောင် ၂ နှစ်အကြာ ၂၀၁၉ ခုနှစ်တွင် ပေါလ်၏ ဇနီး အသက် ၆၀ နီးပါးအရွယ်ရှိ ဟယ်လင်မှာလည်း ဦးနှောက်ကောင်းစွာအလုပ်မလုပ်မှု ဝေဒနာအပြင် ကျန်းမာရေးပြဿနာမျိုးစုံခံစားရကာ ကွယ်လွန်သွားခဲ့သည်။ ၎င်းတို့တွင် သားသမီး ၂ ဦး ထွန်းကားခဲ့၏။

အိမ်ထောင်ဖက်များ ဆုံးရှုံးသွားခဲ့ကြမှုကြောင့် ပူဆွေးရမှုများ တူညီနေသည့် ပေါလ်တို့ ၂ ဦး ပြန်လည်ပေါင်းစည်းရန် အကြောင်းဖြစ်လာသည်။

ပေါလ်၏ ဇနီးသည် ကွယ်လွန်သွားကြောင်း သတင်းကြားချိန်တွင် ဖလောရန့်စ်က ပေါလ်အားဆက်သွယ်ကာ အချိန်က ကုစားသွားမည်ဖြစ်ကြောင်း ဖြေသိမ့်ပေးခဲ့သည်။

ချစ်သူများနေ့ ပြီးဆုံးပြီးနောက်တစ်ရက်တွင် ၎င်းတို့ ၂ ဦး ပထမဆုံး ပြန်လည်တွေ့ဆုံ စကားပြောဖြစ်ကြသည်။ ထိုသို့ ပြန်လည်တွေ့ဆုံရာတွင် မိမိတို့၏ ဘဝများ၊ သားသမီးများ၊ မြေးများအကြောင်းအပြင် ဘဝဖြတ်သန်းခဲ့ရမှုတစ်လျှောက် ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်များကို ပြောပြကြ၏။

ကနဦးတွင် ရက်သတ္တပတ်လျှင် ၁ ကြိမ် တွေ့ဆုံစကားပြောဖြစ်ရာမှ ၂ ကြိမ်၊ ၃ ကြိမ်၊ ထိုမှတဆင့် နေ့တိုင်းနာရီပေါင်းများစွာ ပြောဖြစ်ခဲ့ကြကြောင်း အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ဖလောရန့်စ်က CNN သတင်းဌာနသို့ ပြောသည်။

လပေါင်းများစွာ ဖြတ်သန်းကုန်လွန်သွားအပြီး ဇူလိုင်လတွင် ကျရောက်သော ပေါလ်၏ မွေးနေ့တွင် ဖလောရန့်စ်က တိုရွန်တိုသို့ လိုက်လာခဲ့ကာ ပေါလ်အား အံ့အားသင့်စေခဲ့သည်။ ယင်းနောက်သူတို့ ပြန်လည်ပေါင်းစည်းခဲ့ကြ၏။

“ကျွန်တော်နေထိုင်တဲ့မြို့ထဲကို သူရောက်နေပြီး ကျွန်တော့်ဆီလာနေပြီဆိုတာသိလိုက်တဲ့အချိန်က ည ၁၀ နာရီ ၃၀ ဖြစ်နေပြီ။ ကျွန်တော် အိပ်ယာထဲက ပြေးထွက်၊ အဝတ်အစားလဲပြီး ကားဝင်လမ်းမှာ …ကြိုဆိုပါတယ်..ဖလောရန့်စ်…ဆိုတဲ့ စာတန်းကို မြေဖြူခဲနဲ့ ရေးပါတယ်။ သူရောက်လာတော့ ကျွန်တော် ကားဆီကို သွားခဲ့ပြီး သူ့ကိုဖက်တယ်။ ပါးလေးကို နမ်းလိုက်တယ်။ သူ့ရဲ့ လက်ကလေးကို ကိုင်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်သိလိုက်တာက သူမဟာ ကျွန်တော့်နှလုံးသားတွေကို ယူဆောင်သွားခဲ့တယ်ဆိုတာပါပဲ” ဟု ပေါလ်က ပြောသည်။

သူတို့ ၂ ဦး ပြန်လည်ပေါင်းစည်းပြီးနောက် ၃ ရက်အကြာတွင် လက်ထပ်ရန် စီစဉ်ကြသည်။

နှစ်ဘက်မိသားစုတို့က အဘယ်ကြောင့် အဆောတလျင် စီစဉ်ရသနည်းဟု မေးခွန်းထုတ်ကြသည်။

သို့သော် ပေါလ်နှင့် ဖလောရန့်စ်တို့အတွက်ကား အချိန်သိပ်မကျန်တော့ရာ ကျန်ရှိနေသေးသည့် နောက်ဆုံးနာရီများကို အတူတကွ ဖြတ်သန်းလိုကြမည်သာ ဖြစ်၏။

ပေါလ်မှာ အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသမှု ပြုလုပ်ရန်လည်း တစ်လသာ လိုတော့သည်။

ဖလောရန့်စ်ကမူ ကြုံလာမည့် အကောင်းအဆိုး အခြေအနေအားလုံးတွင် ပေါလ်၏ ဘေး၌ အတူရှိနေမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ယင်းနောက် ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ ဂျော့ချ်တောင်းမြို့ရှိ Norval United ဘုရားကျောင်းတွင် မိသားစုနှင့် မိတ်ဆွေရင်းချာများရှေ့တွင် လက်ထပ်သစ္စာကတိပြုမှု ပြုလုပ်ခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလဖြစ်ခြင်းကြောင့် ဧည့်ပရိသတ်အနည်းငယ်သာ ဖိတ်ကြားခဲ့၏။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'An unimaginable love story': High school sweethearts reunite and marry after nearly 70 years apart (CNN)

[Zawgyi]

အထက္တန္းေက်ာင္းသားဘဝက ခ်စ္ၾကိဳက္ခဲ့သည့္ ခ်စ္သူ ၂ ဦး ႏွစ္ေပါင္း ၇၀ နီးပါး ကြဲကြာျပီးမွ ျပန္လည္ဆံုစည္းကာ လက္ထပ္ခဲ့ၾက

အထက္တန္းေက်ာင္းသားဘဝက ခ်စ္ၾကိဳက္ခဲ့ၾကျပီး လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇၀ နီးပါးက ကြဲကြာသြားခဲ့ၾကေသာ ခ်စ္သူ ၂ ဦးသည္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးအတြင္း ျပန္လည္ဆံုစည္းကာ ယခုအခါ လက္ထပ္လိုက္ၾကျပီ ျဖစ္သည္။

၎တို႔ခ်စ္သူ ၂ ဦး၏ အခ်စ္ဇာတ္လမ္းမွာ လြန္ခဲ့ေသာ ၆၈ ႏွစ္က စတင္ခဲ့ျခင္းျဖစ္ျပီး ဖရက္ဒ္ ေပါလ္ႏွင့္ ဖေလာရန္႔စ္ ဟာေဗးတို႔ႏွစ္ဦး ပထမဆံုး စတင္ဆံုစည္းခဲ့ၾကျခင္း ျဖစ္သည္။

ကေနဒါႏိုင္ငံ အေရွ႕ဖ်ားရွိ နယူးဖန္လန္ႏွင့္ လားဘေရေဒါ (Newfoundland and Labrador) ျပည္နယ္ရွိ၊ ဝမ္းစ္ဝါ့သ္အမည္ရွိ ျမိဳ႕ငယ္ကေလးတြင္ ဆယ္ေက်ာ္သက္ဘဝက စတင္ဆံုစည္းခဲ့ၾက၏။

၎တို႔ခ်စ္သူ ၂ ဦး တပူးတြဲတြဲရွိခဲ့ၾကသည္။ ဘုရားေက်ာင္းတက္ျပီးလွ်င္ လမ္းေလွ်ာက္ရင္း စကားေျပာၾက၏။ အတန္းခ်ိန္ တစ္ခ်ိန္ႏွင့္တစ္ခ်ိန္ၾကား ခိုးခိုးနမ္းၾက၏။ ဂီတေဖ်ာ္ေျဖပြဲမ်ား အတူသြားၾက၏။

သူတို႔ ၂ ဦး ဆံုစည္းခဲ့ၾကသည့္ ၂ ႏွစ္တာကာလအတြင္း ေပါလ္က ညပိုင္းအိပ္ယာမဝင္မီ သူ၏ေနအိမ္ဆင္ဝင္မွ မီးကို မွိတ္တုတ္မွိတ္တုတ္ အခ်က္ျပေလ့ရွိသည္။ ထိုမီးေရာင္ျဖင့္ ဖေလာရန္႔စ္အား ေကာင္းေသာညပါ၊ ကိုယ္မင္းကိုခ်စ္တယ္ဟု အခ်က္ျပျခင္း ျဖစ္၏။

“သူက ကၽြန္ေတာ့္အခ်စ္ဦးပါ။ ကၽြန္ေတာ့္ရဲ႕ ပထမဆံုး ခ်စ္သူ၊ ကၽြန္ေတာ့္ရဲ႕ ပထမဆံုး အခ်စ္စစ္ပါ” ဟု ယခုအခါ အသက္ ၈၄ ႏွစ္အရြယ္ ရွိျပီျဖစ္သည့္ ေပါလ္က CNN သတင္းဌာနသုိ႔ ေျပာသည္။

ေပါလ္က အသက္ ၁၈ ႏွစ္အရြယ္သို႔ ေရာက္ျပီး ဖေလာရန္႔စ္က ၁၅ ႏွစ္သို႔ ေရာက္ခ်ိန္တြင္ ႏွစ္ဦးသား၏ ဘဝေရွ႕ေရးအတြက္ ေလွ်ာက္လွမ္းခဲ့ၾကရသည္။ ေပါလ္က တိုရြန္တိုျမိဳ႕သို႔ အလုပ္လုပ္ရန္ သြားခဲ့၏။

တစ္ႏွစ္ၾကာ အလုပ္လုပ္ျပီး ျမိဳ႕ကေလးသို႔ ျပန္ေရာက္လာကာ ဖေလာရန္႔စ္ကို ရွာေဖြေသာအခါ ဖေလာရန္႔စ္မွာ အျခားျမိဳ႕သို႔ ေျပာင္းသြားခဲ့ျပီ ျဖစ္သည္။ ေနာက္ပိုင္းတြင္ကား ၎တို႔ႏွစ္ဦးလံုး အျခားသူမ်ားႏွင့္ လက္ထပ္ခဲ့ၾကျပီး မိသားစုဘဝမ်ား ျဖတ္သန္းခဲ့ၾကသည္။

၂၀၁၇ ခုႏွစ္တြင္ ဖေလာရန္႔စ္၏ ခင္ပြန္းျဖစ္သူ “လန္း” မွာ ကင္ဆာျဖင့္ ကြယ္လြန္သြားခဲ့သည္။ သူတို႔၏ အိမ္ေထာက္သက္တမ္း ၅၇ ႏွစ္ရွိျပီး သားသမီး ၅ ဦးထြန္းကားခဲ့သည္။

ေနာင္ ၂ ႏွစ္အၾကာ ၂၀၁၉ ခုႏွစ္တြင္ ေပါလ္၏ ဇနီး အသက္ ၆၀ နီးပါးအရြယ္ရွိ ဟယ္လင္မွာလည္း ဦးေႏွာက္ေကာင္းစြာအလုပ္မလုပ္မႈ ေဝဒနာအျပင္ က်န္းမာေရးျပႆနာမ်ဳိးစံုခံစားရကာ ကြယ္လြန္သြားခဲ့သည္။ ၎တို႔တြင္ သားသမီး ၂ ဦး ထြန္းကားခဲ့၏။

အိမ္ေထာင္ဖက္မ်ား ဆံုးရံႈးသြားခဲ့ၾကမႈေၾကာင့္ ပူေဆြးရမႈမ်ား တူညီေနသည့္ ေပါလ္တို႔ ၂ ဦး ျပန္လည္ေပါင္းစည္းရန္ အေၾကာင္းျဖစ္လာသည္။

ေပါလ္၏ ဇနီးသည္ ကြယ္လြန္သြားေၾကာင္း သတင္းၾကားခ်ိန္တြင္ ဖေလာရန္႔စ္က ေပါလ္အားဆက္သြယ္ကာ အခ်ိန္က ကုစားသြားမည္ျဖစ္ေၾကာင္း ေျဖသိမ့္ေပးခဲ့သည္။

ခ်စ္သူမ်ားေန႔ ျပီးဆံုးျပီးေနာက္တစ္ရက္တြင္ ၎တို႔ ၂ ဦး ပထမဆံုး ျပန္လည္ေတြ႔ဆံု စကားေျပာျဖစ္ၾကသည္။ ထိုသို႔ ျပန္လည္ေတြ႔ဆံုရာတြင္ မိမိတို႔၏ ဘဝမ်ား၊ သားသမီးမ်ား၊ ေျမးမ်ားအေၾကာင္းအျပင္ ဘဝျဖတ္သန္းခဲ့ရမႈတစ္ေလွ်ာက္ ေပ်ာ္ရႊင္ဖြယ္ရာ အျဖစ္အပ်က္မ်ားကို ေျပာျပၾက၏။

ကနဦးတြင္ ရက္သတၱပတ္လွ်င္ ၁ ၾကိမ္ ေတြ႔ဆံုစကားေျပာျဖစ္ရာမွ ၂ ၾကိမ္၊ ၃ ၾကိမ္၊ ထိုမွတဆင့္ ေန႔တိုင္းနာရီေပါင္းမ်ားစြာ ေျပာျဖစ္ခဲ့ၾကေၾကာင္း အသက္ ၈၁ ႏွစ္ရွိျပီျဖစ္သည့္ ဖေလာရန္႔စ္က CNN သတင္းဌာနသို႔ ေျပာသည္။

လေပါင္းမ်ားစြာ ျဖတ္သန္းကုန္လြန္သြားအျပီး ဇူလိုင္လတြင္ က်ေရာက္ေသာ ေပါလ္၏ ေမြးေန႔တြင္ ဖေလာရန္႔စ္က တိုရြန္တိုသုိ႔ လိုက္လာခဲ့ကာ ေပါလ္အား အံ့အားသင့္ေစခဲ့သည္။ ယင္းေနာက္သူတို႔ ျပန္လည္ေပါင္းစည္းခဲ့ၾက၏။

“ကၽြန္ေတာ္ေနထိုင္တဲ့ျမိဳ႕ထဲကို သူေရာက္ေနျပီး ကၽြန္ေတာ့္ဆီလာေနျပီဆိုတာသိလိုက္တဲ့အခ်ိန္က ည ၁၀ နာရီ ၃၀ ျဖစ္ေနျပီ။ ကၽြန္ေတာ္ အိပ္ယာထဲက ေျပးထြက္၊ အဝတ္အစားလဲျပီး ကားဝင္လမ္းမွာ …ၾကိဳဆိုပါတယ္..ဖေလာရန္႔စ္…ဆိုတဲ့ စာတန္းကို ေျမျဖဴခဲနဲ႔ ေရးပါတယ္။ သူေရာက္လာေတာ့ ကၽြန္ေတာ္ ကားဆီကို သြားခဲ့ျပီး သူ႔ကိုဖက္တယ္။ ပါးေလးကို နမ္းလိုက္တယ္။ သူ႔ရဲ႕ လက္ကေလးကို ကိုင္လိုက္တဲ့အခ်ိန္မွာပဲ ကၽြန္ေတာ္သိလိုက္တာက သူမဟာ ကၽြန္ေတာ့္ႏွလံုးသားေတြကို ယူေဆာင္သြားခဲ့တယ္ဆိုတာပါပဲ” ဟု ေပါလ္က ေျပာသည္။

သူတို႔ ၂ ဦး ျပန္လည္ေပါင္းစည္းျပီးေနာက္ ၃ ရက္အၾကာတြင္ လက္ထပ္ရန္ စီစဥ္ၾကသည္။

ႏွစ္ဘက္မိသားစုတို႔က အဘယ္ေၾကာင့္ အေဆာတလ်င္ စီစဥ္ရသနည္းဟု ေမးခြန္းထုတ္ၾကသည္။

သို႔ေသာ္ ေပါလ္ႏွင့္ ဖေလာရန္႔စ္တို႔အတြက္ကား အခ်ိန္သိပ္မက်န္ေတာ့ရာ က်န္ရွိေနေသးသည့္ ေနာက္ဆံုးနာရီမ်ားကို အတူတကြ ျဖတ္သန္းလိုၾကမည္သာ ျဖစ္၏။

ေပါလ္မွာ အစာအိမ္ကင္ဆာကို ခြဲစိတ္ကုသမႈ ျပဳလုပ္ရန္လည္း တစ္လသာ လိုေတာ့သည္။

ဖေလာရန္႔စ္ကမူ ၾကံဳလာမည့္ အေကာင္းအဆိုး အေျခအေနအားလံုးတြင္ ေပါလ္၏ ေဘး၌ အတူရွိေနမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။

ယင္းေနာက္ ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၊ ေဂ်ာ့ခ်္ေတာင္းျမိဳ႕ရွိ Norval United ဘုရားေက်ာင္းတြင္ မိသားစုႏွင့္ မိတ္ေဆြရင္းခ်ာမ်ားေရွ႕တြင္ လက္ထပ္သစၥာကတိျပဳမႈ ျပဳလုပ္ခဲ့ၾကသည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလျဖစ္ျခင္းေၾကာင့္ ဧည့္ပရိသတ္အနည္းငယ္သာ ဖိတ္ၾကားခဲ့၏။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'An unimaginable love story': High school sweethearts reunite and marry after nearly 70 years apart (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service