မြဝတီမြို့ရှိ ကာစီနိုလောင်းကစားဝိုင်းတွင် အလုပ်လုပ်သော ထိုင်းအလုပ်သမားများ မဲဆောက်သို့ အလုံးအရင်း ပြန်ကြဖွယ်ရှိသောကြောင့် ထိုင်းက နယ်စပ်ဂိတ် ယာယီပြန်လည်ဖွင့်လှစ်ပေး

မြဝတီမြို့ရှိ ကာစီနိုလောင်းကစားဝိုင်းတွင် အလုပ်လုပ်သော ထိုင်းအလုပ်သမားများ မဲဆောက်သို့ အလုံးအရင်း ပြန်ကြဖွယ်ရှိသောကြောင့် ထိုင်းက နယ်စပ်ဂိတ် ယာယီပြန်လည်ဖွင့်လှစ်ပေး - Property News in Myanmar from iMyanmarHouse.com
12 Jan 2021 11:20 am တွင် တင်ခဲ့သည်
1593 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် မြဝတီမြို့ရှိ ကာစီနိုလောင်းကစားဝိုင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော ထိုင်းလူမျိုးများစွာမှာ မြန်မာနိုင်ငံမှ ထွက်ပြေးရန် ကြိုးစားလာကြမှုကြောင့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် တပ်လှန့်မှုများ ပြုလုပ်ထားသည်။

ရောဂါထိန်းချုပ်ရေးဌာန (DCD) ညွှန်ကြားရေးမှူးချုပ် အိုဖား ကန်ကဝင်ဖုန် (Opas Kankawinpong )က ခန့်မှန်းရာတွင် ထိုင်း-မြန်မာနယ်စပ် ဂိတ်ကို ထိုင်းနိုင်ငံသားများ ပြန်လည်ဝင်ရောက်နိုင်ရန် ယာယီဖွင့်လှစ်ပေးလိုက်ပြီးနောက်ပိုင်း မြဝတီမြို့ရှိ ကာစီနို လောင်းကစားဝိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် ရာပေါင်းများစွာသော ထိုင်းအလုပ်သမားများ မဲဆောက်သို့ ပြန်လည်ဝင်ရောက် လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

“ထိုင်းလူမျိုး ရာပေါင်းများစွာ အဲ့ဒီမှာ ပိတ်မိနေတယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ သူတိို့ထဲမှာ ရောဂါကူးစက်ခံထားရသူ ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ”ဟု DCD ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ထားသော ဗွီဒီယိုဖိုင်အတွင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားသည်။

နောက်ဆုံးပြန်လာသည့် အသုတ်မှာ လူဦးရေ ၄၀ ခန့်ရှိသည်ဟု ယူဆရပြီး ပြီးခဲ့သော ကြာသပတေးနေ့တွင် မဲဆောက်သို့ ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့အနက် ၁၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မဲဆောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

၎င်းတို့သည် မြဝတီမြို့ရှိ Sky Complex ကာစီနိုလောင်းကစားဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံမှ မြဝတီမြို့ကို မွိုင်မြစ်ဖြင့်သာ ပိုင်းခြားထားသည်။

လုံခြုံရေးအရာရှိတို့၏ ခန့်မှန်းချက်အရ အဆိုပါကာစီနိုလောင်းကစားဌာနတွင် မြန်မာပြည်တွင်းမှ ဒေသခံများနှင့် ထိုင်းနိုင်ငံမှ အလုပ်သမားပေါင်း ၃၀၀ ခန့် အလုပ်လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းထားသည်။

မြဝတီမြို့တွင် အခြားသော ကာစီနိုဝိုင်းပေါင်း များစွာရှိသော်လည်း ထိုင်းသို့ ပြန်လာသူအများစုမှာမူ Sky Complex တွင် အလုပ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်ဟု ဆိုသည်။

နယ်စပ်ဂိတ် ယာယီပြန်လည်ဖွင့်လှစ်ပေးခြင်း၏ အကြောင်းရင်းမှာ ထိုင်းအလုပ်သမားများ မွိုင်မြစ်ကို ဖြတ်သန်းကာ ထိုင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်မှုကို ကာကွယ်ရန်ဖြစ်ပြီး တရားဝင်ပြန်လည်ဝင်ရောက်ပါက ကျန်းမာရေးဌာနအနေဖြင့် ဗိုင်းရပ်စ်ထိန်းချုပ်မှုကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ဖြစ်သည်။

မြဝတီမှ ပြန်လာမည့် ထိုင်းနိုင်ငံသားများ အလုံးအရင်းဝင်ရောက်မှုကို လက်ခံနိုင်ရန်အတွက် မဲဆောက်တွင် ပင်မခရိုင်ဆေးရုံအပြင် ယာယီဆေးရုံများ ပြင်ဆင်လျက်ရှိကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mae Sot expects mass return of Thais working in Myanmar casino (Bangkok post)

 

[Zawgyi]

ျမဝတီျမိဳ႕ရွိ ကာစီႏိုေလာင္းကစားဝိုင္းတြင္ အလုပ္လုပ္ေသာ ထိုင္းအလုပ္သမားမ်ား မဲေဆာက္သို႔ အလံုးအရင္း ျပန္ၾကဖြယ္ရွိေသာေၾကာင့္ ထိုင္းက နယ္စပ္ဂိတ္ ယာယီျပန္လည္ဖြင့္လွစ္ေပး

ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈမ်ား ဆက္လက္ျဖစ္ေပၚေနေသာေၾကာင့္ ျမဝတီျမိဳ႕ရွိ ကာစီႏိုေလာင္းကစားဝုိင္းတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနၾကေသာ ထိုင္းလူမ်ဳိးမ်ားစြာမွာ ျမန္မာႏိုင္ငံမွ ထြက္ေျပးရန္ ၾကိဳးစားလာၾကမႈေၾကာင့္ ထိုင္းႏိုင္ငံ ၊ မဲေဆာက္ျမိဳ႕တြင္ တပ္လွန္႔မႈမ်ား ျပဳလုပ္ထားသည္။

ေရာဂါထိန္းခ်ဳပ္ေရးဌာန (DCD) ညႊန္ၾကားေရးမွဴးခ်ဳပ္ အိုဖား ကန္ကဝင္ဖုန္ (Opas Kankawinpong )က ခန္႔မွန္းရာတြင္ ထိုင္း-ျမန္မာနယ္စပ္ ဂိတ္ကို ထိုင္းႏိုင္ငံသားမ်ား ျပန္လည္ဝင္ေရာက္ႏိုင္ရန္ ယာယီဖြင့္လွစ္ေပးလိုက္ျပီးေနာက္ပိုင္း ျမဝတီျမိဳ႕ရွိ ကာစီႏို ေလာင္းကစားဝိုင္းတြင္ အလုပ္လုပ္ကိုင္ေနသည့္ ရာေပါင္းမ်ားစြာေသာ ထိုင္းအလုပ္သမားမ်ား မဲေဆာက္သို႔ ျပန္လည္ဝင္ေရာက္ လာဖြယ္ရွိေၾကာင္း ခန္႔မွန္းထားသည္။

“ထိုင္းလူမ်ဳိး ရာေပါင္းမ်ားစြာ အဲ့ဒီမွာ ပိတ္မိေနတယ္လို႔ ကၽြန္ေတာ္တို႔ ခန္႔မွန္းထားပါတယ္။ သူတိုိ႔ထဲမွာ ေရာဂါကူးစက္ခံထားရသူ ဘယ္ေလာက္ရွိတယ္ဆိုတာ ကၽြန္ေတာ္တို႔ မသိပါဘူး။ ”ဟု DCD ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ လႊင့္တင္ထားေသာ ဗြီဒီယိုဖိုင္အတြင္း ညႊန္ၾကားေရးမွဴးခ်ဳပ္က ေျပာၾကားထားသည္။

ေနာက္ဆံုးျပန္လာသည့္ အသုတ္မွာ လူဦးေရ ၄၀ ခန္႔ရွိသည္ဟု ယူဆရျပီး ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ မဲေဆာက္သို႔ ေရာက္ရွိလာခဲ့ၾကသည္။

၎တို႔အနက္ ၁၇ ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ျပီး မဲေဆာက္ေဆးရံုသုိ႔ ပို႔ေဆာင္ေပးခဲ့သည္။

၎တို႔သည္ ျမဝတီျမိဳ႕ရွိ Sky Complex ကာစီႏိုေလာင္းကစားဌာနတြင္ အလုပ္လုပ္ကိုင္ခဲ့ၾကသူမ်ား ျဖစ္သည္။

ထိုင္းႏိုင္ငံ မဲေဆာက္ျမိဳ႕ႏွင့္ ျမန္မာႏိုင္ငံမွ ျမဝတီျမိဳ႕ကို မြိဳင္ျမစ္ျဖင့္သာ ပိုင္းျခားထားသည္။

လံုျခံဳေရးအရာရွိတို႔၏ ခန္႔မွန္းခ်က္အရ အဆိုပါကာစီႏိုေလာင္းကစားဌာနတြင္ ျမန္မာျပည္တြင္းမွ ေဒသခံမ်ားႏွင့္ ထိုင္းႏိုင္ငံမွ အလုပ္သမားေပါင္း ၃၀၀ ခန္႔ အလုပ္လုပ္ကိုင္ေနၾကသည္ဟု ခန္႔မွန္းထားသည္။

ျမဝတီျမိဳ႕တြင္ အျခားေသာ ကာစီႏိုဝိုင္းေပါင္း မ်ားစြာရွိေသာ္လည္း ထိုင္းသို႔ ျပန္လာသူအမ်ားစုမွာမူ Sky Complex တြင္ အလုပ္လုပ္ကိုင္ခဲ့ၾကသူမ်ား ျဖစ္သည္ဟု ဆိုသည္။

နယ္စပ္ဂိတ္ ယာယီျပန္လည္ဖြင့္လွစ္ေပးျခင္း၏ အေၾကာင္းရင္းမွာ ထိုင္းအလုပ္သမားမ်ား မြိဳင္ျမစ္ကို ျဖတ္သန္းကာ ထိုင္းသို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္မႈကို ကာကြယ္ရန္ျဖစ္ျပီး တရားဝင္ျပန္လည္ဝင္ေရာက္ပါက က်န္းမာေရးဌာနအေနျဖင့္ ဗိုင္းရပ္စ္ထိန္းခ်ဳပ္မႈကို ပိုမိုလြယ္ကူစြာ ေဆာင္ရြက္ႏိုင္ရန္ ျဖစ္သည္။

ျမဝတီမွ ျပန္လာမည့္ ထိုင္းႏိုင္ငံသားမ်ား အလံုးအရင္းဝင္ေရာက္မႈကို လက္ခံႏိုင္ရန္အတြက္ မဲေဆာက္တြင္ ပင္မခရိုင္ေဆးရံုအျပင္ ယာယီေဆးရံုမ်ား ျပင္ဆင္လ်က္ရွိေၾကာင္းလည္း ညႊန္ၾကားေရးမွဴးခ်ဳပ္က ေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mae Sot expects mass return of Thais working in Myanmar casino (Bangkok post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service