နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မူကွဲ ဂျပန်တွင် တွေ့ရှိ
နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မူကွဲ ဂျပန်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
12 Jan 2021 10:57 am တွင် တင်ခဲ့သည်
691 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်၏ မူကွဲသစ်တစ်ခုကို ဘရာဇီးနိုင်ငံ အမေဇိုးနားပြည်နယ်မှ ခရီးသွား‌လေးဦးတွင် တွေ့ရှိထားကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ တွင် ထုတ်ပြန်ခဲ့သည်။ ဗြိတိန်နှင့် တောင်အာဖရိကတို့တွင် မကြာသေးမီက အရင်ဆုံးတွေ့ရှိခဲ့ပြီး ကူးစက်မှုများမြင့်တက်စေခဲ့သည့် ကူးစက်မှုနှုန်းမြင့်မားသည့်မူကွဲများနှင့် ယခုမူကွဲသည် မတူခြားနားပေသည်။
မူကွဲသစ်ကို ကာကွယ်ဆေးများက တွန်းလှန်ခုခံနိုင်စွမ်းရှိ၊ မရှိနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်နေကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ဘရာဇီးကလာတဲ့ခရီးသွားတွေမှာ တွေ့ခဲ့တဲ့ မူကွဲသစ်ဟာ ကူးစက်မှုန်းမြင့်တယ်ဆိုတဲ့ သက်သေ အခုချိန်မှာတော့မရှိပါဘူး။” ဟု အမျိုးသားအဆင့်ကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်း (NIID) ၏ အကြီးအကဲ တာကာဂျီဝါကီတာက ကျန်းမာရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနကလည်း “မူကွဲသစ်မှာ သ‌န္ဓေပြောင်းမှု ၁၂ ခုရှိကာ တစ်ခုကတော့ ဗြိတိန်နဲ့ တောင်အာဖရိကတို့မှ တွေ့ရတဲ့မူကွဲတွေမှာလည်း ရှိနေပါတယ်။ အဲဒီသန္ဓေပြောင်းမှုက ကူးစက်နှုန်း မြင့်မားတဲ့ဗိုင်းရပ်စ်ဖြစ်သွားစေဖို့ အလားအလာရှိတယ်လို့ ဂျပန်အာဏာပိုင်တွေဆီကနေ အသိပေးချက်ရရှိထားပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
တိုကျိုမြို့ ဟာနဲဒါလေဆိပ်သို့ ဇန်နဝါရီ ၂ တွင် ဆိုက်ရောက်ခဲ့သည့် ခရီးသွားလေးဦးအနက် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုရှိခဲ့ပြီး အသက် ၃၀ ကျော်အမျိုးသမီးတစ်ဦးမှာ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ခံစားခဲ့ရကာ ဆယ်ကျော်သက်အမျိုးသားတစ်ဦးမှာ အဖျားရှိခဲ့ကာ ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးမှာမူ မည်သည့်ရောဂါလက္ခဏာမျှ မရှိခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သူတို့လေးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း လေဆိပ်ကွာရန်တင်းနေရာ၌ စစ်ဆေးတွေ့ရှိခဲ့ပြီး မူကွဲသစ်ဖြစ်သည်ကိုမူ NIID မှ အသေးစိတ်စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုခရီးသွားလေးဦးတွင် တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပံ့ပိုးပေးရန် ဂျပန်အစိုးရအား ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။
ဘရာဇီးသည် ယခုဇန်နဝါရီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ပျမ်းမျှနေ့စဉ်တွေ့ရှိမှု ၅၀,၀၀၀ ကျော်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒုတိယလှိုင်းကို ကြုံတွေ့နေရသည်။ ဘရာဇီးတွင်လည်း ဗြိတိန်နှင့် တောင်အာဖရိကတို့၌တွေ့ခဲ့သည့် ဗိုင်းရပ်စ်မူကွဲများ၏ သ‌န္ဓေပြောင်းမျိုးဗီဇများကို အတည်ပြုတွေ့ရှိထားသည်။
ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ သိသိသာသာမြင့်တက်ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်တွင် အစိုးရက တိုကျိုနှင့် အိမ်နီးချင်းစီရင်စုသုံးခုတို့အတွက် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့သည်။
ဂျပန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီ ၁၀ အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၂၈၉,၀၀၀ နှင့် ၎င်းကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၄,၀၆၇ ဦး ရှိပြီဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ ပြည်သူပိုင်ရုပ်သံလိုင်း NHK ၏ တင်ဆက်မှုအရ သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Another new coronavirus variant found in Japan (japantimes)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service