လယ်ယာမြေအကွက်ရိုက်ရောင်းသူတွေကို အရေးယူမှုတွေရှိလာ

လယ်ယာမြေအကွက်ရိုက်ရောင်းသူတွေကို အရေးယူမှုတွေရှိလာ - Property News in Myanmar from iMyanmarHouse.com
11 Jan 2021 12:01 pm တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မန္တလေးတိုင်းဒေသကြီးမှာ လယ်ယာမြေအကွက်ရိုက်ရောင်းချမှုတွေများပြားလာလို့ တည်ဆဲ ဥပဒေတွေနဲ့ အရေးယူရတဲ့ အမှုတွေများပြားလာတယ်လို့မန္ဆလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချမှုတွေဟာ လူမှုကွန်ယက် စာမျက်နှာတွေကနေတဆင့် တရားမဝင်ရောင်းချမှုတွေရှိနေလို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီးရောင်းမှာဝယ်မှား မလုပ်ဆောင်ဖို့ သတိထားကြရန် ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ခွင့်ပြုချက်မရဘဲ မြေဧက ခြောက်ရာကျော်မှာ အကွက်ရိုက်တာ ၊ အဆောက်အအုံ ဆောက်တာ ၊ လမ်းဖောက်တာနဲ့ မြေဖို့ တာတွေ လုပ်ကိုင်တဲ့ လူ ၃၆၀ ကို တားမြစ်သတိပေးစာ ထုတ်လိုက်တယ် လို့ မန္တလေးတိုင်း စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောပါတယ်။

ဒီလို ခွင့်ပြုချက်မရဘဲ ဆောင်ရွက်တာဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ ကျောက်ဆည် နဲ့မြင်းခြံခရိုင်အတွင်း ရှိနေတာပါ။

ဒီလ ဩဂုတ်လ ၅ ရက်အထိ စာရင်းတွေအရတော့ ပြင်ဦးခရိုင်မှာ ဧကပေါင်း ၄၈၀ ကျော် ၊ မန္တလေး ခရိုင်အတွင်းမှာ ဧက ၁၆၀ ကျော် နဲ့အများဆုံးရှိနေတာလို့သိရပါတယ်။

ခွင့်ပြုချက် မရှိဘဲ လယ်ယာမြေပေါ်မှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို သုံးကြိမ် တားမြစ်စာထုတ်ကာသတိပေး ခဲ့ရတာလို့ ဝန်ကြီး ဒေါက်တာစိုးသန်း က ဆိုပါတယ်။

ဒါအပြင် လယ်ယာမြေဥပဒေ နဲ့အရေးယူထားတာကတော့ ၁၀ ဦးကျော်ရှိတယ်လို့သိရပါတယ်။

လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ပြီး လူမှုကွန်ယက်မှာ ရောင်းချနေတာတွေကိုလည်း စိစစ်ပြီး အရေးယူတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သိမ်ကြီးနဲ့ ပြင်ဦးလွင်မြို့နယ်တွေမှာ လယ်မြေကို အကွက်ရိုက်ရောင်းချမှုဖြစ်ပွားမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လယ်ယာမြေပေါ်မှာအကွက်ရိုက်ရောင်းချမှုအပြင် သစ်တောမြေနဲ့ မြေလွတ်မြေရိုင်းတွေမှာ အကွက်ရိုက်ရောင်းချမှုတွေရှိနေတယ်လို့သိရပါတယ်။

ဒါ့ကြောင့် အကွက်ရိုက်ရောင်းချနေမှုအပေါ် ထိရောက်စွာအရေးယူမှုပြုလုပ်မယ်လို့ ဒေါက်တာစိုးသန်းကပြောပါတယ်။

လယ်ယာမြေပေါ်အကွက်ရိုက်ရောင်းချမှုအများဆုံးက ပုသိမ်ကြီးမြို့နယ်ထဲက အများဆုံးဖြစ်ပါတယ်။

နွယ်နီ၊ ဆင်ရွာကြီး၊ နန္ဒာ၊ ကျွဲရေကုန်းစတဲ့ ကျေးရွာတွေက လယ်မြေစိုက်ကွင်းများမှာ အကွက်ရိုက်ရောင်းချနေကြတာလို့လည်း ဝန်ကြီးက ပြောပါတယ်။

မန္တလေးတိုင်းမှာ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်အတွက် ဧက ၅ထောင်ကျော်ကိုခွင့်ပြုထားပြီး ဧက ၇၀၀ကျော်ကိုတော့ ခွင့်ပြုထားတာ မရှိသေးဘူးလို့ ဒီကနေ့ပြုလုပ်တဲ့မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးဒေါက်တာစိုးသန်းကပြောကြားခဲ့ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service