အမေရိကန်ဆရာဝန်တစ်ဦး Pfizer ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ၁၆ ရက်အကြာတွင် သေဆုံး

အမေရိကန်ဆရာဝန်တစ်ဦး Pfizer ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ၁၆ ရက်အကြာတွင် သေဆုံး - Property News in Myanmar from iMyanmarHouse.com
11 Jan 2021 11:09 am တွင် တင်ခဲ့သည်
10338 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီမြို့ရှိ အသက် ၅၆ နှစ်အရွယ်ရှိ ဆရာဝန် ဒေါက်တာ ဂရီဂိုရီ မိုက်ကယ် (Dr. Gregory Michael) သည် Pfizer-BioNTech မှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမမြောက်ဆေးအလုံး (first dose) ထိုးနှံမှုခံယူပြီးနောက် ရက်သတ္တ ၂ ပတ်ကျော်အကြာတွင် သေဆုံးသွားခဲ့သည်။

သေဆုံးရခြင်း၏ အကြောင်းရင်းမှာ ရှားပါးဖြစ်ခဲလှသော သွေးဖောက်ပြန်မှုကြောင့်ဟု ဆိုသည်။

ဒေါက်တာ ဂရီဂိုရီ မိုက်ကယ်သည် သားဖွားမီးယပ်အထူးကု ပါရဂူတစ်ဦးဖြစ်သည်။ ဒေါက်တာ ဂရီဂိုရီ မိုက်ကယ် သေဆုံးမှုဖြစ်ရပ်အတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) ၊ Miami-Dade medical examiner ရုံးတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ဒေါက်တာဂရီဂိုရီအား ရင်ခွဲစစ်ဆေးမှုမှ နမူနာများကို CDC သို့ ပေးပို့ထားကြောင်း Miami-Dade ခရိုင် Medical Examiner ဌာနမှ အော်ပရေးရှင်းဒါရိုက်တာ ဒါရန် ကာပရာရာက ပြောသည်။

“သေဆုံးရခြင်းရဲ့ အကြောင်းရင်းကိုတော့ CDC နဲ့ medical examiner တို့က လေ့လာမှုများ ပြုလုပ်နေဆဲဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု တွေ အပြီးမသတ်သေးပါဘူး” ဟု ဒါရန် ကာပရာရာက ဆက်လက်ပြောကြားသည်။

သေဆုံးရခြင်း၏ အကြောင်းရင်းမှာ ကာကွယ်ဆေးနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟု မဆုံးဖြတ်ရသေးသော်လည်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တို့က အဆိုပါအချက်ကို လုံးဝပယ်ချလိုက်ခြင်းကား မဟုတ်ချေ။

ဒေါက်တာ မိုက်ကယ်၏ သေဆုံးရမှုမှာ ရှားပါးလှသည့်ဖြစ်ရပ်ဖြစ်သော ကိုယ်ခန္ဓာ၏ သွေးခဲနိုင်စွမ်းအပေါ် ထိခိုက်ခဲ့မှုဖြစ်သည်။

ဒေါက်တာ ဂရီဂိုရီ မိုက်ကယ်သေဆုံးရမှုနှင့် စပ်လျဉ်းပြီး Pfizer ကုမ္ပဏီကလည်း သီးခြားစုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

ဒေါက်တာ ဂရီဂိုရီ၏ သေဆုံးရမှုမှာ ဖြစ်တောင့်ဖြစ်ခဲ ပြင်းထန်သည့် သွေးဥနည်းပါးခြင်း (severe thrombocytopenia) ဖြစ်ရပ်ကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါဖြစ်ရပ်မှာ ကာကွယ်ဆေးနှင့် ဆက်နွှယ်နိုင်မှု အလွန်နည်းပါးသည်ဟု Pfizer ၏ သုတေသနပညာရှင်တို့က ယုံကြည်ထားကြောင်း ထုတ်ပြန်ထားသည်။

ဒေါက်တာ ဂရီဂိုရီသည် ကာကွယ်ဆေးထိုးနှံမှု ခံယူပြီး ၁၆ ရက်အကြာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ဒေါက်တာ ဂရီဂိုရီ၏ သေဆုံးရမှု အကြောင်းရင်းမှာ ဖြစ်တောင့်ဖြစ်ခဲ အလွန်ရှားပါးသည့် အခြေအနေတစ်ခုဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သွေးခဲမှုကို အဟန့်အတားဖြစ်စေမှုကြောင့် အတွင်းသွေးယိုစီးခြင်းဖြစ်ပေါ်ခဲ့ကြောင်း Pfizer ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လူသန်းပေါင်းများစွာကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေး ထိုးနှံခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းမှာ ဘေးထွက်ဆိုးကျိုးဖြစ်ရပ်တွေ ဖြစ်ပေါ်မှု ရှိ၊ မရှိ အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်” ဟု Pfizer ၏ ထုတ်ပြန်မှုတွင် ဖော်ပြသည်။

ပေါ်တူဂီန်ိုင်ငံ ၊ ပေါ်တိုမြို့တွင်လည်း ကလေးခွဲစိတ်လက်ထောက်တစ်ဦး Pfizer ကာကွယ်ဆေးထိုးပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းသာရှိသေးချိန်တွင် ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စုတွင်လည်း Pfizer ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးသည့် ဖြစ်ရပ်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Florida doctor's death after COVID-19 vaccine being investigated (fox32chicago, wionews)

 

[Zawgyi]

အေမရိကန္ဆရာဝန္တစ္ဦး Pfizer ကာကြယ္ေဆးထိုးႏွံမႈခံယူျပီး ၁၆ ရက္အၾကာတြင္ ေသဆံုး

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ မိုင္အမ္မီျမိဳ႕ရွိ အသက္ ၅၆ ႏွစ္အရြယ္ရွိ ဆရာဝန္ ေဒါက္တာ ဂရီဂိုရီ မိုက္ကယ္ (Dr. Gregory Michael) သည္ Pfizer-BioNTech မွ ထုတ္လုပ္သည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ပထမေျမာက္ေဆးအလံုး (first dose) ထိုးႏွံမႈခံယူျပီးေနာက္ ရက္သတၱ ၂ ပတ္ေက်ာ္အၾကာတြင္ ေသဆံုးသြားခဲ့သည္။

ေသဆံုးရျခင္း၏ အေၾကာင္းရင္းမွာ ရွားပါးျဖစ္ခဲလွေသာ ေသြးေဖာက္ျပန္မႈေၾကာင့္ဟု ဆိုသည္။

ေဒါက္တာ ဂရီဂိုရီ မိုက္ကယ္သည္ သားဖြားမီးယပ္အထူးကု ပါရဂူတစ္ဦးျဖစ္သည္။ ေဒါက္တာ ဂရီဂိုရီ မိုက္ကယ္ ေသဆံုးမႈျဖစ္ရပ္အတြက္ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို (CDC) ၊ Miami-Dade medical examiner ရံုးတို႔က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ေဒါက္တာဂရီဂိုရီအား ရင္ခဲြစစ္ေဆးမႈမွ နမူနာမ်ားကို CDC သို႔ ေပးပို႔ထားေၾကာင္း Miami-Dade ခရိုင္ Medical Examiner ဌာနမွ ေအာ္ပေရးရွင္းဒါရိုက္တာ ဒါရန္ ကာပရာရာက ေျပာသည္။

“ေသဆံုးရျခင္းရဲ႕ အေၾကာင္းရင္းကိုေတာ့ CDC နဲ႔ medical examiner တို႔က ေလ့လာမႈမ်ား ျပဳလုပ္ေနဆဲျဖစ္ပါတယ္။ စံုစမ္းစစ္ေဆးမႈ ေတြ အျပီးမသတ္ေသးပါဘူး” ဟု ဒါရန္ ကာပရာရာက ဆက္လက္ေျပာၾကားသည္။

ေသဆံုးရျခင္း၏ အေၾကာင္းရင္းမွာ ကာကြယ္ေဆးႏွင့္ တိုက္ရိုက္ဆက္ႏႊယ္မႈရွိသည္ဟု မဆံုးျဖတ္ရေသးေသာ္လည္း ေဒသတြင္း က်န္းမာေရးအာဏာပိုင္တို႔က အဆိုပါအခ်က္ကို လံုးဝပယ္ခ်လိုက္ျခင္းကား မဟုတ္ေခ်။

ေဒါက္တာ မိုက္ကယ္၏ ေသဆံုးရမႈမွာ ရွားပါးလွသည့္ျဖစ္ရပ္ျဖစ္ေသာ ကိုယ္ခႏၶာ၏ ေသြးခဲႏိုင္စြမ္းအေပၚ ထိခိုက္ခဲ့မႈျဖစ္သည္။

ေဒါက္တာ ဂရီဂိုရီ မိုက္ကယ္ေသဆံုးရမႈႏွင့္ စပ္လ်ဥ္းျပီး Pfizer ကုမၸဏီကလည္း သီးျခားစံုစမ္းစစ္ေဆးမႈ ျပဳလုပ္လ်က္ရွိသည္။

ေဒါက္တာ ဂရီဂိုရီ၏ ေသဆံုးရမႈမွာ ျဖစ္ေတာင့္ျဖစ္ခဲ ျပင္းထန္သည့္ ေသြးဥနည္းပါးျခင္း (severe thrombocytopenia) ျဖစ္ရပ္ေၾကာင့္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ျပီး အဆိုပါျဖစ္ရပ္မွာ ကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္ႏိုင္မႈ အလြန္နည္းပါးသည္ဟု Pfizer ၏ သုေတသနပညာရွင္တို႔က ယံုၾကည္ထားေၾကာင္း ထုတ္ျပန္ထားသည္။

ေဒါက္တာ ဂရီဂိုရီသည္ ကာကြယ္ေဆးထုိးႏွံမႈ ခံယူျပီး ၁၆ ရက္အၾကာတြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း၊ ေဒါက္တာ ဂရီဂိုရီ၏ ေသဆံုးရမႈ အေၾကာင္းရင္းမွာ ျဖစ္ေတာင့္ျဖစ္ခဲ အလြန္ရွားပါးသည့္ အေျခအေနတစ္ခုျဖင့္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေသြးခဲမႈကို အဟန္႔အတားျဖစ္ေစမႈေၾကာင့္ အတြင္းေသြးယိုစီးျခင္းျဖစ္ေပၚခဲ့ေၾကာင္း Pfizer ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“လူသန္းေပါင္းမ်ားစြာကို ကာကြယ္ေဆး ထိုးႏွံေပးခဲ့ျပီးျဖစ္ပါတယ္ ကၽြန္ေတာ္တို႔အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ ကာကြယ္ေဆး ထိုးႏွံခဲ့ၾကတဲ့ တစ္ဦးခ်င္းစီတိုင္းမွာ ေဘးထြက္ဆိုးက်ဳိးျဖစ္ရပ္ေတြ ျဖစ္ေပၚမႈ ရွိ၊ မရွိ အနီးကပ္ေစာင့္ၾကည့္လ်က္ရွိပါတယ္” ဟု Pfizer ၏ ထုတ္ျပန္မႈတြင္ ေဖာ္ျပသည္။

ေပၚတူဂီႏို္င္ငံ ၊ ေပၚတိုျမိဳ႕တြင္လည္း ကေလးခြဲစိတ္လက္ေထာက္တစ္ဦး Pfizer ကာကြယ္ေဆးထိုးျပီး ၂ ရက္အၾကာတြင္ ေသဆံုးခဲ့မႈ ျဖစ္ပြားခဲ့ျပီး ရက္ပိုင္းသာရွိေသးခ်ိန္တြင္ ယခုကဲ့သို႔ အေမရိကန္ျပည္ေထာင္စုတြင္လည္း Pfizer ကာကြယ္ေဆးထိုးႏွံျပီးေနာက္ ေသဆံုးသည့္ ျဖစ္ရပ္ေပၚေပါက္လာျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Florida doctor's death after COVID-19 vaccine being investigated (fox32chicago, wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service