ကိုရိုနာဗိုင်းရပ်စ်မူကွဲများပါ ကာကွယ်ပေးကြောင်း သက်သေပြနိုင်ရန် နီးစပ်လာ၊ ကာကွယ်ဆေးအစွမ်း နှစ်အတန်ကြာခံနိုင်ကြောင်း Moderna စီအီးအို ပြောကြား
ကိုရိုနာဗိုင်းရပ်စ်မူကွဲများပါ ကာကွယ်ပေးကြောင်း သက်သေပြနိုင်ရန် နီးစပ်လာ၊ ကာကွယ်ဆေးအစွမ်း နှစ်အတန်ကြာခံနိုင်ကြောင်း Moderna စီအီးအို ပြောကြား - Property News in Myanmar from iMyanmarHouse.com
8 Jan 2021 11:24 am တွင် တင်ခဲ့သည်
2004 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Moderna ဆေးကုမ္ပဏီ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) က သူတို့ကုမ္ပဏီမှ တီထွင်ထုတ်လုပ်လိုက်သည့် COVID-19 ကာကွယ်ဆေးသစ်သည် ရောဂါကူးစက်မှုမှ နှစ်အတန်ကြာ ကာကွယ်ပေးနိုင်ကြောင်း ပြောကြားလိုက်သည်။
ငွေကြေးဝန်ဆောင်မှုလုပ်ငန်းစု Oddo BHF မှ ကျင်းပသည့် အွန်လိုင်းအခမ်းအနားတစ်ခုတွင် Moderna ဆေးကုမ္ပဏီ၏ စီအီးအို Stephane Bancel က “ကာကွယ်ဆေးက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တစ်ချိန်က ထင်ခဲ့ကြတဲ့ အိမ်မက်ဆိုးကြီးကနေ အခုတော့ လွန်မြောက်သွားပါပြီ။ ဆေးရဲ့ကာကွယ်နိုင်စွမ်းက နှစ်အတန်ကြာရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သူက “ကာကွယ်ဆေးကနေ လူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်စေလိုက်တဲ့ ပဋိပစ္စည်းရဲ့ ယိုယွင်းပျက်စီးမှုအခြေအနေဟာ သိပ်ကိုနှေးပါတယ်” ဟု ရှင်းပြခဲ့ကြောင်း ရိုက်တာသတင်းဌာနက တင်ပြခဲ့သည်။
သို့သော်လည်း သက်ကြီးရွယ်အိုလူနာများနှင့်ပတ်သက်၍မူ မေးခွန်းများရှိနေဆဲဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် မည်သည့်ဗိုင်းရပ်စ်ကူးစက်ခံရသည်ဖြစ်စေ ကူးစက်ခံရသောသက်ကြီးရွယ်အိုလူနာများ၏ ခုခံအားစနစ်သည် အချိန်နှင့်အမျှ ဆုတ်ယုတ်ပျက်စီးသည်မှာ အမှန်ဖြစ်သောကြောင့်ဖြစ်ကြောင်း စီအီးအိုက ပြောကြားခဲ့သည်။
Moderna ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်၏ အခြားမူကွဲများကိုလည်း ကာကွယ်ပေးကြောင်းသက်သေပြနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်းလည်း စီအီးအိုက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက တင်ပြခဲ့သည်။
အမေရိကန်သည် Moderna နှင့် Pfizer-BioNTech တို့၏ COVID-19 ကာကွယ်ဆေးနှစ်မျိုးစလုံးကိုမှာယူလက်ခံရရှိထားပြီးဖြစ်ကာ နှစ်မျိုးစလုံးက သီတင်းပတ်အတန်ကြာခြား၍ နှစ်ကြိမ်ထိုးနှံရန် လိုအပ်ကြသည်။ နှစ်ကြိမ်စလုံးကို တူညီသောဆေးကုမ္ပဏီမှ ကာကွယ်ဆေးအမျိုးအစားပင်ဖြစ်ရမည်ဖြစ်သည်။ ကာကွယ်ဆေးနှစ်မျိုးစလုံးမှာ ယခင်ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုများကလောက် ပြည့်စုံကျယ်ပြန့်ခြင်းမရှိသေးသော်လည်း ဘေးကင်းစိတ်ချရပြီး အ‌တော်လေးထိရောက်စွာကာကွယ်ပေးသည်ဟု ယူဆရသည်။
ပြီးခဲ့သည့်နိုဝင်ဘာတွင် Moderna ကုမ္ပဏီက COVID-19 ရောဂါအား ၎င်းတို့ကာကွယ်‌ဆေး၏ခုခံနိုင်စွမ်းမှာ ၉၄ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး ပြင်းထန် COVID-19 ရောဂါအား ခုခံနိုင်စွမ်းမှာ ၁၀၀ ရာခိုင်နှုန်း ရှိကြောင်း၊ ပထမအကြိမ်ထိုးနှံပြီးနောက် ၂၈ ရက်အကြာမှာ စပြီး ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းကြေညာခဲ့သည်။
‌ဆေးအာနိသင်မည်မျှ ခံမည်ကိုမူ ထိုစဉ်က မကြေညာခဲ့သော်လည်း ကာကွယ်ဆေးစမ်းသပ်မှုကို နောက်ထပ်နှစ်နှစ်ကြာ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
CDC ကလည်း COVID-19 သည် ကူးပြီးသားလူလည်း ပြန်ကူးနိုင်သဖြင့် ကူးစက်ခံရပြီးသားသူများသည်လည်း ကာကွယ်ဆေးထိုးနှံမှုခံယူသင့်သည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုစတင်ခဲ့ကတည်းက တဖြည်းဖြည်းပျံ့နှံ့လာကာ ကမ္ဘာတစ်ဝန်းတွင် ၎င်းကိုရိုနာဗိုင်းရပ်စ်အား ကူးစက်ခံရသူ ၈၈ သန်းကျော်ရှိပြီဖြစ်ကာ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ဒသမ ၉ သန်းကျော်နှင့် ပြန်လည်ကောင်းမွန်လာသူ ၆၃ သန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Moderna CEO says COVID-19 vaccine protection may last years (cbsnews)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service