စင်္ကာပူရောက် မြန်မာအိမ်ဖော်မိန်းကလေး အိမ်ရှင်၏ ရိုက်နှက်ခြင်း၊ ရေနွေးအိုးဖြင့် ပစ်ပေါက်မှုကြောင့် ရေနွေးပူလောင်ခြင်း၊ လစာ ၃ နှစ်ခန့် မပေးဘဲထားခြင်းများကြောင့် ညှင်းပန်းနှိပ်စက်မှုများ မခံနိုင်တော့ရာ ၉ လွှာမှ ခုန်ချသတ်သေရန် ကြိုးစားခဲ့၊ အိမ်ရှင်ဖြစ်သူ ထောင်ဒဏ်ကျခံရပြီ

စင်္ကာပူရောက် မြန်မာအိမ်ဖော်မိန်းကလေး အိမ်ရှင်၏ ရိုက်နှက်ခြင်း၊ ရေနွေးအိုးဖြင့် ပစ်ပေါက်မှုကြောင့် ရေနွေးပူလောင်ခြင်း၊ လစာ ၃ နှစ်ခန့် မပေးဘဲထားခြင်းများကြောင့် ညှင်းပန်းနှိပ်စက်မှုများ မခံနိုင်တော့ရာ ၉ လွှာမှ ခုန်ချသတ်သေရန် ကြိုးစားခဲ့၊ အိမ်ရှင်ဖြစ်သူ ထောင်ဒဏ်ကျခံရပြီ - Property News in Myanmar from iMyanmarHouse.com
8 Jan 2021 11:11 am တွင် တင်ခဲ့သည်
7751 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူတွင် မြန်မာအိမ်ဖော်မိန်းကလေးကို အလုပ်ရှင်က တစ်နှစ်ခန့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ရာ မိန်းကလေးမှာ မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် တရားရုံးက အိမ်ရှင်အမျိုးသားကို ထောင်ဒဏ် ၁ နှစ်နှင့် ၁ လ ချမှတ်လိုက်သည်။

အိမ်ရှင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ်ရှိ ဂျိမ်းစ် အောင်တက်ကရွန် (James Ong Teck Keong) သည် မြန်မာအိမ်ဖော်မိန်းကလေး မစန်းပပကို ရိုက်နှက်ပြီး ရေနွေးအိုးဖြင့် ပစ်ပေါက်ခဲ့ရာ မစန်းပပမှာ တစ်ကိုယ်လုံး ရေနွေးပူများ လောင်ခဲ့ရသည်။

မစန်းပပသည် ညှင်းပန်းနှိပ်စက်မှုများကို မခံနိုင်တော့သည့်အဆုံး သူမတို့နေထိုင်ရာ အဆောက်အအုံ ၉ လွှာမှ ခုန်ချကာ သတ်သေရန် ကြိုးစားခဲ့သည်။ ထိုသို့ သတ်သေရန် ကြိုးစားချိန်တွင် အိမ်ရှင်၏ ဇနီးနှင့် အဆိုပါအဆောက်အအုံတွင်ပင် နေထိုင်သည့် အခြားအိမ်ဖော်တစ်ဦးတို့က ဆွဲထားခဲ့ကြသည်။ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင် ခရိုင်တရားရုံးတစ်ခုက စစ်ဆေးရာ၌ အိမ်ရှင်အမျိုးသားသည် မစန်းပပကို ရိုက်နှက်မှု ၄ မှု၊ ရေနွေးအိုးဖြင့် ပစ်ပေါက်သည့် မဆင်မခြင်ကျူးလွန်မှုတစ်မှုတို့ဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အိမ်ရှင်အမျိုးသား၏ ပြစ်မှုများအပြင် အိမ်ရှင်နှင့် ၎င်း၏ဇနီးတို့ ကျူးလွန်ခဲ့သည့် လုပ်ရပ်များပါတင်ပြကာ တရားစွဲအဖွဲ့က အိမ်ရှင်အား ထောင်ဒဏ် ၁၆ လခန့် ချမှတ်စေရန် ကြိုးပမ်းခဲ့သည်။

အိမ်ရှင်ဇနီးမောင်နှံသည် မစန်းပပ၏ ဖုန်းကို အံဆွဲတစ်ခုအတွင်း သော့ခတ်သိမ်းဆည်းထားခဲ့ပြီး လစာကိုလည်း နှစ်နှင့်ချီကာ ထုတ်မပေးဘဲထားသည့်အပြင် လစာများစွာ ဖြတ်တောက်မည်ဟုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် မစန်းပပကို အမြဲအော်ဟစ်နေလေ့ရှိပြီး စန်းပပ၏ ငိုသံမှာ အောက်ထပ် ၂ ထပ်ခန့်ကပင် ကြားရသည်ဟု ဆိုသည်။

အဆိုပါလုပ်ရပ်များအတွက်မူ အိမ်ရှင်အမျိုးသားသည် ပြစ်မှုအနေဖြင့်ရင်ဆိုင်ရခြင်းမရှိချေ။ သို့သော် လက်ထောက်အစိုးရရှေ့နေများ ဖြစ်သော အန်ဒရီ ချောင် (Andre Chong) နှင့် ဘဲနဲဒစ် တီယောင် (Benedict Teong) တို့က ၎င်းတို့၏ လျှောက်လှဲချက်များတွင် တင်ပြခဲ့ရာ၌ အဆိုပါလုပ်ရပ်များသည် အိမ်ဖော်မိန်းကလေးအတွက် စိတ်ဒဏ်ရာများ ရစေကြောင်း တင်ပြခဲ့ကြသည်။

အိမ်ရှင်အမျိုးသားသည် သူ၏ထောင်ဒဏ်ပြစ်ဒဏ်ကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် စတင်ကျခံရမည် ဖြစ်သည်။

တရားရုံးကြားနာစစ်ဆေးချက်များအရ အိမ်ရှင်ဇနီးမောင်နှံသည် မစန်းပပကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် စတင်အလုပ်ခန့်ထားခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က မစန်းပပမှာ အသက် ၂၄ နှစ်အရွယ် ဖြစ်သည်။

အလုပ်ခန့်ပြီးနောက်ပိုင်း အိမ်ရှင်အမျိုးသားက မစန်းပပအား ကိုယ်၊ နှုတ်တို့ဖြင့် နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်လာသည်။

အိမ်ရှင်အမျိုးသားသည် မစန်းပပအား ၂၀၁၅ နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်အတွင်း ၂ ကြိမ်ရိုက်နှက်ခြင်း၊ ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ရေနွေးဖြင့်ပက်ခြင်းများ ပြုလုပ်ခဲ့သည်။

မစန်းပပ၏ အလုပ်အပေါ် ထားသည့်စိတ်ကို အိမ်ရှင်အမျိုးသားက သဘောမကျခဲ့ချေ။

မစန်းပပအား ဒုတိယအကြိမ်မြောက် ရိုက်နှက်မှုပြုလုပ်ပြီး မကြာမီတွင်ပင် ဒေါသထွက်ကာ ရေနွေးအိုးဖြင့် ပစ်ပေါက်ခဲ့သည်။

အိမ်ရှင်အမျိုးသားသည် သားဖြစ်သူအတွက် နို့ဖျော်မည့် ရေအပူချိန်နှင့် ပတ်သက်ပြီး မစန်းပပနှင့် အငြင်းပွားကာ ရေနွေးအိုးဖြင့် ပစ်ပေါက်ခြင်း ဖြစ်သည်။ မစန်းပပသည် ခါးမှအပူလောင်ဒဏ်ရာများကြောင့် ရက်သတ္တ ၂ ပတ်ခန့် ရေမချိုးနိုင်၊ ကောင်းစွာအိပ်မပျော်နိုင် ဖြစ်ခဲ့ရသည်။

အိမ်ရှင်နှင့် ဇနီးက ဖုန်းကို သိမ်းဆည်းထားသောကြောင့် မိခင်ကြီးထံသို့လည်း ဆက်သွယ်ခွင့် မရခဲ့ချေ။

ယင်းနောက်ပိုင်း မစန်းပပက အဆောက်အအုံတစ်ခုတည်းရှိ အခြားအိမ်ဖော်တစ်ဦးထံသွားကာ ဖုန်းဆက်ခွင့်တောင်းခဲ့သည်။

အဆိုပါအိမ်ဖော်က မစန်းပပမှ မိခင်ဖြစ်သူကို အိမ်ရှင်၏ နှိပ်စက်ပုံများ ပြောပြနေသည်ကို ကြားခဲ့ရပြီး ဒဏ်ရာများလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။ အထက်ပါဖြစ်ရပ်များ ဖြစ်ပွားအပြီး နှစ်ဝက်ခန့်အကြာတွင် အိမ်ရှင်၏ဇနီးက သားဖြစ်သူအတွက် အင်္ကျီပြင်ဆင်ပေးရန် စေခိုင်းမှုနှင့် ပတ်သက်ပြီး ထပ်မံနှိပ်စက်ပြန်ရာ မစန်းပပသည် အဆောက်အအုံ ၉ လွှာ၏ စင်္ကြန်မှ ခုန်ချရန် ကြိုးစားခဲ့သည်။

ထိုသို့ခုန်ချရန် ကြိုးစားနေချိန်တွင် သူမအား ချုပ်နှောင်ကာ ရဲစခန်းသို့ ပို့ဆောင်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

မစန်းပပက ရဲစခန်းတွင် သူမနှိပ်စက်ခံရပုံများကို ပြောကြားခဲ့သော်လည်း သူမအနေဖြင့် အိမ်ရှင် ဂျိမ်းစ်အပေါ် အပြစ်မတင်လိုကြောင်း၊ သူသည် လူကောင်းတစ်ဦးဖြစ်ပြီး အခွင့်အရေးတစ်ကြိမ်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

တရားရုံးတွင် ကြားနာစစ်ဆေးမှုအတွင်း အိမ်ရှင်က သူနှင့် မစန်းပပတို့အကြား သဘောတူညီထားသည့် လက်ရေးစာချုပ်တစ်ခုကို တင်ပြခဲ့သည်။ အဆိုပါစာချုပ်မှာ အလုပ်အကိုင်အေဂျင်စီတစ်ခုတွင် လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်၏။ စာချုပ်ပါ ဖော်ပြချက်များ၌ မစန်းပပသည် အလုပ်ရှင်၏ နေအိမ်တွင် ရုပ်မြင်သံကြားကြည့်ခွင့်အတွက် စင်္ကာပူဒေါ်လာ ၅၀ ပေးရန် သဘောတူညီသည်ဟူသော အချက်လည်း ပါဝင်နေသည်။

အဆိုပါ လက်ရေးစာချုပ်ကို အိမ်ရှင်အမျိုးသား၏ ဇနီးက သူမ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

မစန်းပပသည် ၉ လွှာမှ ခုန်ချရန် ကြိုးစားပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ အိမ်ရှင်၏ အမှုစစ်ဆေးမှုတွင် ထွက်ဆိုချက်များ မပေးနိုင်တော့သဖြင့် ရဲစခန်းတွင် ပြောကြားခဲ့သည့်အချက်များကိုသာ တရားရုံးက ကိုးကားခဲ့ရတော့သည်။

အိမ်ရှင်အမျိုးသားက ဝန်ခံခဲ့သည်မှာ မစန်းပပ၏ လုပ်အားခကို ထုတ်မပေးဘဲ အံဆွဲတစ်ခုအတွင်း ၃ နှစ်ခန့် သော့ခတ်သိမ်းဆည်းထားခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man gets more than a year’s jail time for abusing domestic worker who later tried to kill herself ( todayonline)

 

 

[Zawgyi]

စကၤာပူေရာက္ ျမန္မာအိမ္ေဖာ္မိန္းကေလး အိမ္ရွင္၏ ရိုက္ႏွက္ျခင္း၊ ေရေႏြးအိုးျဖင့္ ပစ္ေပါက္မႈေၾကာင့္ ေရေႏြးပူေလာင္ျခင္း၊ လစာ ၃ ႏွစ္ခန္႔ မေပးဘဲထားျခင္းမ်ားေၾကာင့္ ညွင္းပန္းႏွိပ္စက္မႈမ်ား မခံႏိုင္ေတာ့ရာ ၉ လႊာမွ ခုန္ခ်သတ္ေသရန္ ၾကိဳးစားခဲ့၊ အိမ္ရွင္ျဖစ္သူ ေထာင္ဒဏ္က်ခံရျပီ

စကၤာပူတြင္ ျမန္မာအိမ္ေဖာ္မိန္းကေလးကို အလုပ္ရွင္က တစ္ႏွစ္ခန္႔ ညွင္းပန္းႏွိပ္စက္မႈမ်ား ျပဳလုပ္ခဲ့ရာ မိန္းကေလးမွာ မိမိကိုယ္ကို သတ္ေသရန္ ၾကိဳးပမ္းခဲ့သည္။

၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၇ ရက္တြင္ တရားရံုးက အိမ္ရွင္အမ်ဳိးသားကို ေထာင္ဒဏ္ ၁ ႏွစ္ႏွင့္ ၁ လ ခ်မွတ္လိုက္သည္။

အိမ္ရွင္ျဖစ္သူ အသက္ ၄၈ ႏွစ္အရြယ္ရွိ ဂ်ိမ္းစ္ ေအာင္တက္ကရြန္ (James Ong Teck Keong) သည္ ျမန္မာအိမ္ေဖာ္မိန္းကေလး မစန္းပပကို ရိုက္ႏွက္ျပီး ေရေႏြးအိုးျဖင့္ ပစ္ေပါက္ခဲ့ရာ မစန္းပပမွာ တစ္ကိုယ္လံုး ေရေႏြးပူမ်ား ေလာင္ခဲ့ရသည္။

မစန္းပပသည္ ညွင္းပန္းႏွိပ္စက္မႈမ်ားကို မခံႏိုင္ေတာ့သည့္အဆံုး သူမတို႔ေနထိုင္ရာ အေဆာက္အအံု ၉ လႊာမွ ခုန္ခ်ကာ သတ္ေသရန္ ၾကိဳးစားခဲ့သည္။ ထိုသို႔ သတ္ေသရန္ ၾကိဳးစားခ်ိန္တြင္ အိမ္ရွင္၏ ဇနီးႏွင့္ အဆိုပါအေဆာက္အအံုတြင္ပင္ ေနထိုင္သည့္ အျခားအိမ္ေဖာ္တစ္ဦးတို႔က ဆြဲထားခဲ့ၾကသည္။ ျပီးခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလကုန္ပိုင္းတြင္ ခရိုင္တရားရံုးတစ္ခုက စစ္ေဆးရာ၌ အိမ္ရွင္အမ်ဳိးသားသည္ မစန္းပပကို ရိုက္ႏွက္မႈ ၄ မႈ၊ ေရေႏြးအိုးျဖင့္ ပစ္ေပါက္သည့္ မဆင္မျခင္က်ဴးလြန္မႈတစ္မႈတို႔ျဖင့္ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

အိမ္ရွင္အမ်ဳိးသား၏ ျပစ္မႈမ်ားအျပင္ အိမ္ရွင္ႏွင့္ ၎၏ဇနီးတို႔ က်ဴးလြန္ခဲ့သည့္ လုပ္ရပ္မ်ားပါတင္ျပကာ တရားစြဲအဖြဲ႔က အိမ္ရွင္အား ေထာင္ဒဏ္ ၁၆ လခန္႔ ခ်မွတ္ေစရန္ ၾကိဳးပမ္းခဲ့သည္။

အိမ္ရွင္ဇနီးေမာင္ႏွံသည္ မစန္းပပ၏ ဖုန္းကို အံဆြဲတစ္ခုအတြင္း ေသာ့ခတ္သိမ္းဆည္းထားခဲ့ျပီး လစာကိုလည္း ႏွစ္ႏွင့္ခ်ီကာ ထုတ္မေပးဘဲထားသည့္အျပင္ လစာမ်ားစြာ ျဖတ္ေတာက္မည္ဟုလည္း ျခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည္။

၎တို႔ဇနီးေမာင္ႏွံသည္ မစန္းပပကို အျမဲေအာ္ဟစ္ေနေလ့ရွိျပီး စန္းပပ၏ ငိုသံမွာ ေအာက္ထပ္ ၂ ထပ္ခန္႔ကပင္ ၾကားရသည္ဟု ဆိုသည္။

အဆိုပါလုပ္ရပ္မ်ားအတြက္မူ အိမ္ရွင္အမ်ဳိးသားသည္ ျပစ္မႈအေနျဖင့္ရင္ဆိုင္ရျခင္းမရွိေခ်။ သို႔ေသာ္ လက္ေထာက္အစိုးရေရွ႕ေနမ်ား ျဖစ္ေသာ အန္ဒရီ ေခ်ာင္ (Andre Chong) ႏွင့္ ဘဲနဲဒစ္ တီေယာင္ (Benedict Teong) တို႔က ၎တို႔၏ ေလွ်ာက္လွဲခ်က္မ်ားတြင္ တင္ျပခဲ့ရာ၌ အဆိုပါလုပ္ရပ္မ်ားသည္ အိမ္ေဖာ္မိန္းကေလးအတြက္ စိတ္ဒဏ္ရာမ်ား ရေစေၾကာင္း တင္ျပခဲ့ၾကသည္။

အိမ္ရွင္အမ်ဳိးသားသည္ သူ၏ေထာင္ဒဏ္ျပစ္ဒဏ္ကို ေဖေဖာ္ဝါရီလ ၁၈ ရက္တြင္ စတင္က်ခံရမည္ ျဖစ္သည္။

တရားရံုးၾကားနာစစ္ေဆးခ်က္မ်ားအရ အိမ္ရွင္ဇနီးေမာင္ႏွံသည္ မစန္းပပကို ၂၀၁၄ ခုႏွစ္၊ ၾသဂုတ္လတြင္ စတင္အလုပ္ခန္႔ထားခဲ့ျခင္း ျဖစ္ျပီး ထိုစဥ္က မစန္းပပမွာ အသက္ ၂၄ ႏွစ္အရြယ္ ျဖစ္သည္။

အလုပ္ခန္႔ျပီးေနာက္ပိုင္း အိမ္ရွင္အမ်ဳိးသားက မစန္းပပအား ကိုယ္၊ ႏႈတ္တို႔ျဖင့္ ႏွိပ္စက္ညွင္းပန္းမႈမ်ား ျပဳလုပ္လာသည္။

အိမ္ရွင္အမ်ဳိးသားသည္ မစန္းပပအား ၂၀၁၅ ႏွစ္ကုန္ပိုင္းတြင္ တစ္ၾကိမ္၊ ၂၀၁၆ ခုႏွစ္အတြင္း ၂ ၾကိမ္ရိုက္ႏွက္ျခင္း၊ ၂၀၁၆ ႏွစ္ကုန္ပိုင္းတြင္ ေရေႏြးျဖင့္ပက္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

မစန္းပပ၏ အလုပ္အေပၚ ထားသည့္စိတ္ကို အိမ္ရွင္အမ်ဳိးသားက သေဘာမက်ခဲ့ေခ်။

မစန္းပပအား ဒုတိယအၾကိမ္ေျမာက္ ရိုက္ႏွက္မႈျပဳလုပ္ျပီး မၾကာမီတြင္ပင္ ေဒါသထြက္ကာ ေရေႏြးအိုးျဖင့္ ပစ္ေပါက္ခဲ့သည္။

အိမ္ရွင္အမ်ဳိးသားသည္ သားျဖစ္သူအတြက္ ႏို႔ေဖ်ာ္မည့္ ေရအပူခ်ိန္ႏွင့္ ပတ္သက္ျပီး မစန္းပပႏွင့္ အျငင္းပြားကာ ေရေႏြးအိုးျဖင့္ ပစ္ေပါက္ျခင္း ျဖစ္သည္။ မစန္းပပသည္ ခါးမွအပူေလာင္ဒဏ္ရာမ်ားေၾကာင့္ ရက္သတၱ ၂ ပတ္ခန္႔ ေရမခ်ဳိးႏိုင္၊ ေကာင္းစြာအိပ္မေပ်ာ္ႏိုင္ ျဖစ္ခဲ့ရသည္။

အိမ္ရွင္ႏွင့္ ဇနီးက ဖုန္းကို သိမ္းဆည္းထားေသာေၾကာင့္ မိခင္ၾကီးထံသို႔လည္း ဆက္သြယ္ခြင့္ မရခဲ့ေခ်။

ယင္းေနာက္ပိုင္း မစန္းပပက အေဆာက္အအံုတစ္ခုတည္းရွိ အျခားအိမ္ေဖာ္တစ္ဦးထံသြားကာ ဖုန္းဆက္ခြင့္ေတာင္းခဲ့သည္။

အဆိုပါအိမ္ေဖာ္က မစန္းပပမွ မိခင္ျဖစ္သူကို အိမ္ရွင္၏ ႏွိပ္စက္ပံုမ်ား ေျပာျပေနသည္ကို ၾကားခဲ့ရျပီး ဒဏ္ရာမ်ားလည္း ေတြ႔ခဲ့ရသည္ဟု ဆိုသည္။ အထက္ပါျဖစ္ရပ္မ်ား ျဖစ္ပြားအျပီး ႏွစ္ဝက္ခန္႔အၾကာတြင္ အိမ္ရွင္၏ဇနီးက သားျဖစ္သူအတြက္ အကၤ်ီျပင္ဆင္ေပးရန္ ေစခိုင္းမႈႏွင့္ ပတ္သက္ျပီး ထပ္မံႏွိပ္စက္ျပန္ရာ မစန္းပပသည္ အေဆာက္အအံု ၉ လႊာ၏ စၾကၤန္မွ ခုန္ခ်ရန္ ၾကိဳးစားခဲ့သည္။

ထိုသို႔ခုန္ခ်ရန္ ၾကိဳးစားေနခ်ိန္တြင္ သူမအား ခ်ဳပ္ေႏွာင္ကာ ရဲစခန္းသို႔ ပို႔ေဆာင္ျပီး စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

မစန္းပပက ရဲစခန္းတြင္ သူမႏွိပ္စက္ခံရပံုမ်ားကို ေျပာၾကားခဲ့ေသာ္လည္း သူမအေနျဖင့္ အိမ္ရွင္ ဂ်ိမ္းစ္အေပၚ အျပစ္မတင္လိုေၾကာင္း၊ သူသည္ လူေကာင္းတစ္ဦးျဖစ္ျပီး အခြင့္အေရးတစ္ၾကိမ္ေပးသင့္ေၾကာင္း ေျပာၾကားခဲ့သည္။

တရားရံုးတြင္ ၾကားနာစစ္ေဆးမႈအတြင္း အိမ္ရွင္က သူႏွင့္ မစန္းပပတုိ႔အၾကား သေဘာတူညီထားသည့္ လက္ေရးစာခ်ဳပ္တစ္ခုကို တင္ျပခဲ့သည္။ အဆိုပါစာခ်ဳပ္မွာ အလုပ္အကိုင္ေအဂ်င္စီတစ္ခုတြင္ လက္မွတ္ထုိးခဲ့ၾကျခင္းျဖစ္၏။ စာခ်ဳပ္ပါ ေဖာ္ျပခ်က္မ်ား၌ မစန္းပပသည္ အလုပ္ရွင္၏ ေနအိမ္တြင္ ရုပ္ျမင္သံၾကားၾကည့္ခြင့္အတြက္ စကၤာပူေဒၚလာ ၅၀ ေပးရန္ သေဘာတူညီသည္ဟူေသာ အခ်က္လည္း ပါဝင္ေနသည္။

အဆိုပါ လက္ေရးစာခ်ဳပ္ကို အိမ္ရွင္အမ်ဳိးသား၏ ဇနီးက သူမ ေရးသားခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခဲ့သည္။

မစန္းပပသည္ ၉ လႊာမွ ခုန္ခ်ရန္ ၾကိဳးစားျပီးေနာက္ပိုင္း ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့ရာ အိမ္ရွင္၏ အမႈစစ္ေဆးမႈတြင္ ထြက္ဆိုခ်က္မ်ား မေပးႏိုင္ေတာ့သျဖင့္ ရဲစခန္းတြင္ ေျပာၾကားခဲ့သည့္အခ်က္မ်ားကိုသာ တရားရံုးက ကိုးကားခဲ့ရေတာ့သည္။

အိမ္ရွင္အမ်ဳိးသားက ဝန္ခံခဲ့သည္မွာ မစန္းပပ၏ လုပ္အားခကို ထုတ္မေပးဘဲ အံဆြဲတစ္ခုအတြင္း ၃ ႏွစ္ခန္႔ ေသာ့ခတ္သိမ္းဆည္းထားခဲ့ေၾကာင္းလည္း ဝန္ခံခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man gets more than a year’s jail time for abusing domestic worker who later tried to kill herself ( todayonline)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service