ဟောင်ကောင်တွင် Covid-19 ကာကွယ်ဆေးထိုးခံမည့်သူများကို မက်လုံးအဖြစ် ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ (မြန်မာကျပ်ငွေ ၈၅၆,၀၀၀) ထောက်ပံ့ရန် ဆွေးနွေး

ဟောင်ကောင်တွင် Covid-19 ကာကွယ်ဆေးထိုးခံမည့်သူများကို မက်လုံးအဖြစ် ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ (မြန်မာကျပ်ငွေ ၈၅၆,၀၀၀) ထောက်ပံ့ရန် ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
7 Jan 2021 11:58 am တွင် တင်ခဲ့သည်
875 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်သို့ Covid-19 ကာကွယ်ဆေး ပထမအသုတ်ရောက်ရှိလာပါက ဆေးထိုးခံမည့် ပြည်သူများကို မက်လုံးအဖြစ် ငွေသား ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ (မြန်မာကျပ်ငွေ ၈၅၆,၀၀၀) ထောက်ပံ့ပေးရန် ဟောင်ကောင်လွှတ်တော်အမတ်တို့က အကြံပြုလာ ကြသည်။

ဗုဒ္ဓဟူးနေ့က ဥပဒေပြုကောင်စီ၏ အစည်းအဝေးတွင် ဟောင်ကောင်ကာကွယ်ဆေးထိုးနှံမှုနှုန်း မြှင့်တင်ပေးရေးအတွက် အစိုးရတွင် မည်သို့အစီအစဉ်ရှိကြောင်း လွှတ်တော်အမတ်များက အစားအစာနှင့် ကျန်းမာရေးဝန်ကြီး ဆိုဖီယာချန်းအား မေးမြန်းခဲ့ကြသည်။

လွှတ်တော်အမတ် လန်ချိလျှံ (Leung Che-cheung) က ပြောသည်မှာ ကာကွယ်ဆေးထိုးနှံခံသည့် ပြည်သူများကို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (မြန်မာကျပ်ငွေ ၈၅၆၀၀၀) ပေးသင့်ကြောင်း၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံမှုခံယူလာစေရန် ဆွဲဆောင်မှုများ မရှိပါက ဟောင်ကောင်နိဂုံးချုပ်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Chan Kin-por ကလည်း ကာကွယ်ဆေးထိုးခံသည့် ပြည်သူများကို ဆုချီးမြှင့်သင့်ကြောင်း ပြောကြားခဲ့သည်။

အချို့သော ပညာရှင်များနှင့် စီးပွားရေးပညာရှင်တို့ကလည်း ပြည်သူလူထုအား ကာကွယ်ဆေးထိုးကြရေး တွန်းအားပေးနိုင်ရန် ငွေကြေးမက်လုံးပေးသင့်ကြောင်း ပြောကြားမှုများရှိသည်။

သို့သော် ကာကွယ်ဆေးထိုးနှံကြရေးအတွက် ငွေကြေးထောက်ပံ့ရေးဟူသော အကြောင်းရပ်အပေါ် ဝေဖန်ငြင်းခုံကြမှုများရှိသည်။ အချို့က ပြောကြားရာတွင် ငွေကြေးမက်လုံးပေးခြင်းသည် ကာကွယ်ဆေးထိုးနှံရေးအပေါ် ဝေခွဲမရဖြစ်စေနိုင်ပြီး ကာကွယ်ဆေးများ ထိုးနှံကြရေးအတွက် အစိုးရက ငွေပြန်ပေးရသည်ဟုဆိုလျှင် ကာကွယ်ဆေးများသည် ဘေးမကင်းနိုင်ဟု ပြည်သူများက ထင်မှတ်သွားနိုင်ကြောင်း ပြောကြားကြသည်။

တရုတ်ပြည်မကြီးရှိ Sinovac Biotech မှ ကာကွယ်ဆေး ပထမအသုတ်သည် ဟောင်ကောင်သို့ လာမည့်လတွင် ရောက်ရှိလာမည် ဖြစ်သည်။

ထို့အပြင် Pfizer-BioNTech နှင့် AstraZeneca တို့ထံမှလည်း ကာကွယ်ဆေးများ ဝယ်ယူထားပြီး ၂၀၂၁ ခုနှစ်အတွင်း ရရှိလိမ့်မည် ဖြစ်သည်။

ဝန်ကြီး ဆိုဖီယာ ချန်းက အမတ်များကို ပြောကြားသည်မှာ ဟောင်ကောင်လူဦးရေ၏ တစ်ဆခွဲရှိသော ကာကွယ်ဆေးများ အစိုးရက ဝယ်ယူထားကြောင်း ပြောကြားသည်။

ဟောင်ကောင်တွင် ကာကွယ်ဆေး ပထမဆုံးထိုးနှံပေးမည့်သူများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများကဲ့သို့ အန္တရာယ်များပြားသော အုပ်စုများဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lawmakers call for $5,000 handout to encourage COVID-19 vaccination (Coconuts)

 

[Zawgyi]

ေဟာင္ေကာင္တြင္ Covid-19 ကာကြယ္ေဆးထုိးခံမည့္သူမ်ားကို မက္လံုးအျဖစ္ ေဟာင္ေကာင္ေဒၚလာ ၅,၀၀၀ (ျမန္မာက်ပ္ေငြ ၈၅၆,၀၀၀) ေထာက္ပံ့ရန္ ေဆြးေႏြး

ေဟာင္ေကာင္သို႔ Covid-19 ကာကြယ္ေဆး ပထမအသုတ္ေရာက္ရွိလာပါက ေဆးထုိးခံမည့္ ျပည္သူမ်ားကို မက္လံုးအျဖစ္ ေငြသား ေဟာင္ေကာင္ေဒၚလာ ၅,၀၀၀ (ျမန္မာက်ပ္ေငြ ၈၅၆,၀၀၀) ေထာက္ပံ့ေပးရန္ ေဟာင္ေကာင္လႊတ္ေတာ္အမတ္တို႔က အၾကံျပဳလာ ၾကသည္။

ဗုဒၶဟူးေန႔က ဥပေဒျပဳေကာင္စီ၏ အစည္းအေဝးတြင္ ေဟာင္ေကာင္ကာကြယ္ေဆးထုိးႏွံမႈႏႈန္း ျမွင့္တင္ေပးေရးအတြက္ အစိုးရတြင္ မည္သို႔အစီအစဥ္ရွိေၾကာင္း လႊတ္ေတာ္အမတ္မ်ားက အစားအစာႏွင့္ က်န္းမာေရးဝန္ၾကီး ဆိုဖီယာခ်န္းအား ေမးျမန္းခဲ့ၾကသည္။

လႊတ္ေတာ္အမတ္ လန္ခ်ိလွ်ံ (Leung Che-cheung) က ေျပာသည္မွာ ကာကြယ္ေဆးထုိးႏွံခံသည့္ ျပည္သူမ်ားကို ေဟာင္ေကာင္ေဒၚလာ ၅,၀၀၀ (ျမန္မာက်ပ္ေငြ ၈၅၆,၀၀၀) ေပးသင့္ေၾကာင္း၊ ျပည္သူမ်ားအား ကာကြယ္ေဆးထုိးႏွံမႈခံယူလာေစရန္ ဆြဲေဆာင္မႈမ်ား မရွိပါက ေဟာင္ေကာင္နိဂံုးခ်ဳပ္သြားလိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ Chan Kin-por ကလည္း ကာကြယ္ေဆးထုိးခံသည့္ ျပည္သူမ်ားကို ဆုခ်ီးျမွင့္သင့္ေၾကာင္း ေျပာၾကားခဲ့သည္။

အခ်ဳိ႕ေသာ ပညာရွင္မ်ားႏွင့္ စီးပြားေရးပညာရွင္တို႔ကလည္း ျပည္သူလူထုအား ကာကြယ္ေဆးထုိးၾကေရး တြန္းအားေပးႏိုင္ရန္ ေငြေၾကးမက္လံုးေပးသင့္ေၾကာင္း ေျပာၾကားမႈမ်ားရွိသည္။

သို႔ေသာ္ ကာကြယ္ေဆးထိုးႏွံၾကေရးအတြက္ ေငြေၾကးေထာက္ပံ့ေရးဟူေသာ အေၾကာင္းရပ္အေပၚ ေဝဖန္ျငင္းခံုၾကမႈမ်ားရွိသည္။ အခ်ဳိ႕က ေျပာၾကားရာတြင္ ေငြေၾကးမက္လံုးေပးျခင္းသည္ ကာကြယ္ေဆးထုိးႏွံေရးအေပၚ ေဝခြဲမရျဖစ္ေစႏိုင္ျပီး ကာကြယ္ေဆးမ်ား ထိုးႏွံၾကေရးအတြက္ အစိုးရက ေငြျပန္ေပးရသည္ဟုဆိုလွ်င္ ကာကြယ္ေဆးမ်ားသည္ ေဘးမကင္းႏိုင္ဟု ျပည္သူမ်ားက ထင္မွတ္သြားႏိုင္ေၾကာင္း ေျပာၾကားၾကသည္။

တရုတ္ျပည္မၾကီးရွိ Sinovac Biotech မွ ကာကြယ္ေဆး ပထမအသုတ္သည္ ေဟာင္ေကာင္သို႔ လာမည့္လတြင္ ေရာက္ရွိလာမည္ ျဖစ္သည္။

ထို႔အျပင္ Pfizer-BioNTech ႏွင့္ AstraZeneca တို႔ထံမွလည္း ကာကြယ္ေဆးမ်ား ဝယ္ယူထားျပီး ၂၀၂၁ ခုႏွစ္အတြင္း ရရွိလိမ့္မည္ ျဖစ္သည္။

ဝန္ၾကီး ဆိုဖီယာ ခ်န္းက အမတ္မ်ားကို ေျပာၾကားသည္မွာ ေဟာင္ေကာင္လူဦးေရ၏ တစ္ဆခြဲရွိေသာ ကာကြယ္ေဆးမ်ား အစိုးရက ဝယ္ယူထားေၾကာင္း ေျပာၾကားသည္။

ေဟာင္ေကာင္တြင္ ကာကြယ္ေဆး ပထမဆံုးထိုးႏွံေပးမည့္သူမ်ားမွာ က်န္းမာေရးဝန္ထမ္းမ်ား၊ ေရာဂါအခံရွိသူမ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ားကဲ့သို႔ အႏၱရာယ္မ်ားျပားေသာ အုပ္စုမ်ားျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lawmakers call for $5,000 handout to encourage COVID-19 vaccination (Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service