(အချက်အလက်စစ်ဆေးမှု) COVID-19 ကာကွယ်ဆေးကို အမျိုးသားများတွင် လိင်တံ၌ထိုးနှံရန် ဆရာဝန်များ အကြံပြုဟူသော သတင်းပျံ့နှံ့၊ ထိုသတင်း မှန်သလော?

(အချက်အလက်စစ်ဆေးမှု) COVID-19 ကာကွယ်ဆေးကို အမျိုးသားများတွင် လိင်တံ၌ထိုးနှံရန် ဆရာဝန်များ အကြံပြုဟူသော သတင်းပျံ့နှံ့၊ ထိုသတင်း မှန်သလော? - Property News in Myanmar from iMyanmarHouse.com
7 Jan 2021 11:03 am တွင် တင်ခဲ့သည်
3110 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်တာနက်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသည့် သတင်းတုများစွာ ပျံ့နှံ့လျက်ရှိသည့်အနက် CNN သတင်းဌာန၏ logo ဖြင့် ဓာတ်ပုံတစ်ခုမှာ အင်တာနက်အသုံးပြုသူများအကြား များစွာပျံ့နှံ့ခဲ့သည်။

အဆိုပါ screen shot ဓာတ်ပုံတွင် ဖော်ပြထားချက်အရ Covid-19 ကာကွယ်ဆေးများသည် အမျိုးသားများတွင် လိင်တံ၌ ထိုးနှံပေးပါက ပိုမိုထိရောက်သည့်အာနိသင်ရရှိကြောင်း ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ Screen shot ဓာတ်ပုံမှာ CNN သတင်းဌာန၏ သတင်းဆောင်းပါးတစ်ပုဒ်ဖြစ်ဟန် ပုံဖော်ထားပြီး လိင်တံတွင် Covid-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဆရာဝန်တို့က ထောက်ခံနေကြောင်း ရေးသားထားခြင်းဖြစ်ကာ ခေါင်းစဉ်ဖော်ပြထားပုံမှာ “လိင်တံတွင် Covid-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဆရာဝန်များ ထောက်ခံအားပေး” ဟု ဖြစ်သည်။

လူမှုကွန်ရက်တွင် များစွာပျံ့နှံ့ခဲ့သော အဆိုပါ screenshot ဓာတ်ပုံတွင် တွေ့ရပုံမှာ ဆရာဝန်တစ်ဦး၏ ရုပ်ပုံနှင့် လိင်တံပေါ်တွင် ဆေးထိုးနေပုံကို ဒီဇိုင်းရေးဆွဲပုံဖော်ထားပုံများ တွေ့မြင်ရသည်။

ယင်း screenshot ဓာတ်ပုံတွင် အောက်ဖော်ပြပါ ရေးသားမှုများကိုလည်း တွေ့ရသည်။

“အမျိုးသားလူနာများတွင် လိင်တံသည် ကာကွယ်ဆေးကို ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျင်မြန်ဆုံးပျံ့နှံ့ပေးစေကြောင်း ဆရာဝန်တို့ ရှာဖွေတွေ့ရှိကြသည်။ ကာကွယ်ဆေးထိုးခံခဲ့သော အမျိုးသား ၁၅၀၀ ပါဝင်ခဲ့သည့် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာချက်များအရ…” ဟု ရေးသားထားပုံကို တွေ့ရသည်။

ဗီဗစ် ဘာ့ဂျ်ပီး (Vivek Bajpai) ဟူသော သတင်းထောက်တစ်ဦးကလည်း အဆိုပါဓာတ်ပုံကို လူမှုကွန်ရက်တွင် မျှဝေခဲ့ပြီး “Covid-19 ကာကွယ်ဆေးကို လိင်တံကတဆင့်ထိုးတာ အကောင်းဆုံးလို့ ဆရာဝန်တွေ တကယ်ပြောသလား။ ဒါ မှန်၊ မမှန် ပြောကြပါ” ဟု ရေးသားခဲ့သည်။

အဆိုပါဖော်ပြချက် တကယ်ပဲလား

မမှန်ကန်ပါ။ အဆိုပါသတင်းကို ဖတ်ရှုကာ တုန်လှုပ်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုလျှင် ထိုဖော်ပြချက်မှာ မမှန်ကန်သောကြောင့် ဖြစ်သည်။

လူမှုကွန်ရက်အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့သည့်အဆိုပါဓာတ်ပုံသည် အမေရိကန်အခြေစိုက် သတင်းဌာနဖြစ်သော CNN သတင်းဌာန၏ လိုဂိုတံဆိပ်ကို နောက်ပြောင်ရယူထားခြင်းဖြစ်ကာ အသောအထေ့ (သို့မဟုတ်) နောက်ပြောင်ခြင်းအနေဖြင့် လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ဟန်ရသည်။

CNN တွင် သတင်းဖော်ပြလေ့ရှိသော ပုံစံနှင့် အွန်လိုင်းတွင် ပျံ့ခဲ့သော screenshot ဓာတ်ပုံတို့အကြား ခြားနားချက်များရှိနေသည်။

အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သော Screenshot ဓာတ်ပုံတွင် သတင်းရေးသူအမည်၊ ရက်စွဲ၊ နေရာတို့ကို ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရမည် ဖြစ်သည်။

ထို့အပြင် ပိုမိုစေ့စပ်စွာ ရှာဖွေစစ်ဆေးချက်များအရ အထက်ပါရေးသားချက်မျိုးပါဝင်သည့် CNN သတင်းကို ရှာဖွေတွေ့ရှိခြင်းမရှိသည့် နည်းတူ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California) က ယင်းသို့သော လေ့လာချက်မျိုး ပြုလုပ်ခဲ့သည်ဟူသော အထောက်အထားလည်း မတွေ့ရချေ။

ထို့အပြင် ဓာတ်ပုံထဲတွင် ပါဝင်သော ဆရာဝန်၏ပုံကို reverse image ဓာတ်ပုံရှာဖွေမှုစနစ်ဖြင့် ရှာဖွေကြည့်သောအခါ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နေထိုင်သော ဒေါက်တာ မိုဟစ်ကူးမားရ် အာဒေးရှနား (Dr Mohitkumar Ardeshana) ၏ ဓာတ်ပုံဖြစ်နေကြောင်း တွေ့ရသည်။

ဒေါက်တာ အာဒေးရှနားက BOOM သတင်းဌာနသို့ ပြောသည်မှာ “ဒီသတင်းက တကယ့်အတုကြီးပါ။ ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မပြောခဲ့ပါဘူး။ ဒါ တစ်ယောက်ယောက်ရဲ့ နောက်ပြောင်မှုပါ”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Fact Check: Have Doctors Adviced COVID-19 Vaccine Injections in Penis For Men? Here’s The Truth (india.com)

 

[Zawgyi]

(အခ်က္အလက္စစ္ေဆးမႈ) COVID-19 ကာကြယ္ေဆးကို အမ်ဳိးသားမ်ားတြင္ လိင္တံ၌ထိုးႏွံရန္ ဆရာဝန္မ်ား အၾကံျပဳဟူေသာ သတင္းပ်ံ႕ႏွံ႔၊ ထိုသတင္း မွန္သေလာ?

အင္တာနက္တြင္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဥ္းသည့္ သတင္းတုမ်ားစြာ ပ်ံ႕ႏွံ႔လ်က္ရွိသည့္အနက္ CNN သတင္းဌာန၏ logo ျဖင့္ ဓာတ္ပံုတစ္ခုမွာ အင္တာနက္အသံုးျပဳသူမ်ားအၾကား မ်ားစြာပ်ံ႕ႏွံ႔ခဲ့သည္။

အဆိုပါ screen shot ဓာတ္ပံုတြင္ ေဖာ္ျပထားခ်က္အရ Covid-19 ကာကြယ္ေဆးမ်ားသည္ အမ်ဳိးသားမ်ားတြင္ လိင္တံ၌ ထိုးႏွံေပးပါက ပိုမိုထိေရာက္သည့္အာနိသင္ရရွိေၾကာင္း ေရးသားထားျခင္း ျဖစ္သည္။

အဆိုပါ Screen shot ဓာတ္ပံုမွာ CNN သတင္းဌာန၏ သတင္းေဆာင္းပါးတစ္ပုဒ္ျဖစ္ဟန္ ပံုေဖာ္ထားျပီး လိင္တံတြင္ Covid-19 ကာကြယ္ေဆးထုိးႏွံျခင္းကို ဆရာဝန္တို႔က ေထာက္ခံေနေၾကာင္း ေရးသားထားျခင္းျဖစ္ကာ ေခါင္းစဥ္ေဖာ္ျပထားပံုမွာ “လိင္တံတြင္ Covid-19 ကာကြယ္ေဆးထိုးႏွံျခင္းကို ဆရာဝန္မ်ား ေထာက္ခံအားေပး” ဟု ျဖစ္သည္။

လူမႈကြန္ရက္တြင္ မ်ားစြာပ်ံ႕ႏွံ႔ခဲ့ေသာ အဆိုပါ screenshot ဓာတ္ပံုတြင္ ေတြ႔ရပံုမွာ ဆရာဝန္တစ္ဦး၏ ရုပ္ပံုႏွင့္ လိင္တံေပၚတြင္ ေဆးထိုးေနပံုကို ဒီဇိုင္းေရးဆြဲပံုေဖာ္ထားပံုမ်ား ေတြ႔ျမင္ရသည္။

ယင္း screenshot ဓာတ္ပံုတြင္ ေအာက္ေဖာ္ျပပါ ေရးသားမႈမ်ားကိုလည္း ေတြ႔ရသည္။

“အမ်ဳိးသားလူနာမ်ားတြင္ လိင္တံသည္ ကာကြယ္ေဆးကို ခႏၶာကိုယ္တစ္ခုလံုးသို႔ အလ်င္ျမန္ဆံုးပ်ံ႕ႏွံ႔ေပးေစေၾကာင္း ဆရာဝန္တို႔ ရွာေဖြေတြ႔ရွိၾကသည္။ ကာကြယ္ေဆးထုိးခံခဲ့ေသာ အမ်ဳိးသား ၁၅၀၀ ပါဝင္ခဲ့သည့္ ကယ္လီဖိုးနီးယားတကၠသိုလ္မွ ေလ့လာခ်က္မ်ားအရ…” ဟု ေရးသားထားပံုကို ေတြ႔ရသည္။

ဗီဗစ္ ဘာ့ဂ်္ပီး (Vivek Bajpai) ဟူေသာ သတင္းေထာက္တစ္ဦးကလည္း အဆိုပါဓာတ္ပံုကို လူမႈကြန္ရက္တြင္ မွ်ေဝခဲ့ျပီး “Covid-19 ကာကြယ္ေဆးကို လိင္တံကတဆင့္ထုိးတာ အေကာင္းဆံုးလို႔ ဆရာဝန္ေတြ တကယ္ေျပာသလား။ ဒါ မွန္၊ မမွန္ ေျပာၾကပါ” ဟု ေရးသားခဲ့သည္။

အဆိုပါေဖာ္ျပခ်က္ တကယ္ပဲလား

မမွန္ကန္ပါ။ အဆိုပါသတင္းကို ဖတ္ရႈကာ တုန္လႈပ္ရန္ မလိုပါ။ အဘယ္ေၾကာင့္ဆိုလွ်င္ ထုိေဖာ္ျပခ်က္မွာ မမွန္ကန္ေသာေၾကာင့္ ျဖစ္သည္။

လူမႈကြန္ရက္အသံုးျပဳသူမ်ားအၾကား ပ်ံ႕ႏွံ႔ခဲ့သည့္အဆိုပါဓာတ္ပံုသည္ အေမရိကန္အေျခစိုက္ သတင္းဌာနျဖစ္ေသာ CNN သတင္းဌာန၏ လိုဂိုတံဆိပ္ကို ေနာက္ေျပာင္ရယူထားျခင္းျဖစ္ကာ အေသာအေထ့ (သို႔မဟုတ္) ေနာက္ေျပာင္ျခင္းအေနျဖင့္ လူမႈကြန္ရက္တြင္ ျဖန္႔ေဝခဲ့ျခင္း ျဖစ္ဟန္ရသည္။

CNN တြင္ သတင္းေဖာ္ျပေလ့ရွိေသာ ပံုစံႏွင့္ အြန္လိုင္းတြင္ ပ်ံ႕ခဲ့ေသာ screenshot ဓာတ္ပံုတို႔အၾကား ျခားနားခ်က္မ်ားရွိေနသည္။

အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ Screenshot ဓာတ္ပံုတြင္ သတင္းေရးသူအမည္၊ ရက္စြဲ၊ ေနရာတို႔ကို ေဖာ္ျပထားျခင္း မရွိသည္ကို ေတြ႔ရမည္ ျဖစ္သည္။

ထို႔အျပင္ ပိုမိုေစ့စပ္စြာ ရွာေဖြစစ္ေဆးခ်က္မ်ားအရ အထက္ပါေရးသားခ်က္မ်ဳိးပါဝင္သည့္ CNN သတင္းကို ရွာေဖြေတြ႔ရွိျခင္းမရွိသည့္ နည္းတူ ကယ္လီဖုိးနီးယားတကၠသိုလ္ (University of California) က ယင္းသို႔ေသာ ေလ့လာခ်က္မ်ဳိး ျပဳလုပ္ခဲ့သည္ဟူေသာ အေထာက္အထားလည္း မေတြ႔ရေခ်။

ထို႔အျပင္ ဓာတ္ပံုထဲတြင္ ပါဝင္ေသာ ဆရာဝန္၏ပံုကို reverse image ဓာတ္ပံုရွာေဖြမႈစနစ္ျဖင့္ ရွာေဖြၾကည့္ေသာအခါ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕တြင္ ေနထုိင္ေသာ ေဒါက္တာ မိုဟစ္ကူးမားရ္ အာေဒးရွနား (Dr Mohitkumar Ardeshana) ၏ ဓာတ္ပံုျဖစ္ေနေၾကာင္း ေတြ႔ရသည္။

ေဒါက္တာ အာေဒးရွနားက BOOM သတင္းဌာနသုိ႔ ေျပာသည္မွာ “ဒီသတင္းက တကယ့္အတုၾကီးပါ။ ကၽြန္ေတာ္ ဒီလိုမ်ဳိး တစ္ခါမွ မေျပာခဲ့ပါဘူး။ ဒါ တစ္ေယာက္ေယာက္ရဲ႕ ေနာက္ေျပာင္မႈပါ”ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Fact Check: Have Doctors Adviced COVID-19 Vaccine Injections in Penis For Men? Here’s The Truth (india.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service